Asia
ဗီယက်နမ်ဝန်ကြီးချုပ်က ရေဘေးသင့်ဒေသခံများ၏နေအိမ်များ တည်ဆောက်ရေး တိုက်တွန်း
ဟနွိုင်း၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းနယ်မြေများတွင် မကြာသေးမီက ရေကြီးမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသခံနေထိုင်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်က တောင်းဆိုခဲ့ကြောင်း ဒေသသတင်းစာ Nhan Dan နေ့စဥ်က နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။
၎င်းက ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ပြင်ဆင်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မတိုင်မီ အပြီးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ်က တာဝန်ရှိသူများအား နေအိမ်ပြိုကျခြင်းနှင့် အဝေးသို့မျောပါခြင်း သို့မဟုတ် ပြင်းထန်စွာပျက်စီးခြင်း ခဲ့ရသူများအတွက် နေအိမ်အသစ်များတည်ဆောက်ရန်နှင့် ပြန်လည်နေရာချထားမှုများထောက်ပံ့ကူညီရန်နှင့် အဆိုပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမတိုင်မီ အပြီးလုပ်ဆောင်ရန်လည်း ညွှန်ကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံတွင် မကြာသေးမီကရေကြီးမှုများတွင် သေဆုံးသူဦးရေ ၉၁ ဦးအထိမြင့်တက်လာခဲ့ပြီး ၁၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စီးပွားရေးအရ ဆုံးရှုံးမှုအနေဖြင့် ဗီယက်နမ်ဒေါင် ၁၃ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၄၉၃ သန်းခန့်) ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
………………….
(English Version)
Vietnamese PM urges rebuilding homes for flood-hit residents
HANOI, Nov. 24 (Xinhua) — Vietnamese Prime Minister Pham Minh Chinh has called for accelerated efforts to repair and rebuild houses for residents affected by recent flooding in south-central localities, local daily Nhan Dan reported Monday.
He ordered that the repair of damaged houses be completed before Nov. 30, 2025.
The prime minister also instructed authorities to build new houses and provide resettlement for households whose homes collapsed, were swept away or suffered severe damage, with the work to be completed before Jan. 31, 2026.
The death toll from the recent floods in Vietnam has risen to 91, with 11 people still unaccounted for, Vietnam News Agency reported Monday, citing the Vietnam Disaster and Dyke Management Authority.
Economic losses were estimated at more than 13 trillion Vietnamese dong (about 493 million U.S. dollars), according to the report.
Photo : Flooded houses are pictured in Quang Tri Province, Vietnam, Nov. 4, 2025. (VNA/Handout via Xinhua)
Continue Reading
