Asia
ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက် တတိယသုံးလပတ်အတွင်း ၀.၅ ရာခိုင်နှုန်းကျဆင်း
ဘန်ကောက်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ အလုပ်သမားစျေးကွက်သည် နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်အကိုင်များကို ဟန့်တားမှုဖြစ်ပေါ်စေခဲ့ကာ ၂၀၂၅ ခုနှစ် တတိယ သုံးလပတ်အတွင်း အလုပ်သမားစျေးကွက်အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း နိုဝင်ဘာ ၂၅ ရက်က တရားဝင်ထုတ်ပြန်ခဲ့သောအချက်အလက်များအရ သိရသည်။
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ လုပ်သားအင်အားအရေအတွက်သည် ဇူလိုင်လမှ စက်တင်ဘာလအထိကာလအတွင်း ၃၉.၉ သန်းရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၀.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ ယခင်တတိယသုံးလပတ်တွင် လုပ်သားအင်အား ၀.၀၂ ရာခိုင်နှုန်းတိုးတက်ခဲ့မှုနှင့် ပြောင်းပြန်ဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ (NSSDC) ၏ အဆိုအရ သိရသည်။
စိုက်ပျိုးရေးကဏ္ဍမှ အလုပ်အကိုင်မှာ ၂.၉ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး သုံးလပတ် နောက်ဆုံး ခုနစ်ကြိမ်မြောက် ဆက်တိုက်ကျဆင်းမှုလည်း ဖြစ်ခဲ့သည်။ သို့ရာတွင် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်မှုကဏ္ဍနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများကဲ့သို့ စိုက်ပျိုးရေးမဟုတ်သည့်ကဏ္ဍများမှ အလုပ်အကိုင်များကမူ ၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ထိုင်းနိုင်ငံစီမံကိန်းအေဂျင်စီ၏ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်းဘုရင့်နိုင်ငံတော်၏ အလုပ်လက်မဲ့နှုန်းမှာ ၀.၇၆ ရာခိုင်နှုန်းတွင် ရပ်တည်နေပြီး အလုပ်လက်မဲ့ဦးရေ ၃၁၀,၀၀၀ ဝန်းကျင်နှင့် ညီမျှကြောင်းလည်း NESDC အထွေထွေအတွင်းရေးမှူး အွန်ဖာဗီဂျာဂျီဗာက ပြောကြားခဲ့သည်။
ပြည်သူ့လုံခြုံရေးစနစ်မှ အလုပ်လက်မဲ့နှုန်းကမူ ယမန်နှစ်ကနှင့်နှိုင်းယှဥ်ကြည့်ပါက ၁.၉ ရာခိုင်နှုန်း တိုး မြင့်လာကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏လုပ်သားအင်အားချဲ့ထွင်မှု မြင့်တက်လာခြင်းကြောင့် အလုပ်လက်မဲ့လုပ်သားအရေအတွက်ကလည်း ၈.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အွန်ဖာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အလုပ်သမားများ၏ ဝယ်ယူမှုစွမ်းအားကို ထိန်းသိမ်းနိုင်ရေးအတွက် မရှိမဖြစ်ကုန်ပစ္စည်းစျေးနှုန်းများ၏ သတ်မှတ်ထားသည့်စျေးနှုန်းစည်းမျဥ်းကို ထိန်းချုပ်ရေးနှင့် ရေကြီးရေလျှံမှုအလွန် လယ်သမားများအတွက် ထောက်ပံ့မှုကိုပြင်ဆင်ရေးမှာ ရှေ့ဆက်သွားရမည့် အဓိကဦးစားပေးအစီအစဥ်များဖြစ်ကြောင်းလည်း အွန်ဖာက အလေးထားပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Thailand’s labor market drops 0.5 pct in Q3
BANGKOK, Nov. 24 (Xinhua)
Thailand’s labor market saw a slight decline in the third quarter of 2025 as widespread flooding in the country hampered jobs in the agricultural sector, official data showed on Monday.
The Southeast Asian nation’s labor force contracted 0.5 percent year-on-year to 39.9 million individuals in the July-September period, reversing a 0.02 percent rise in the previous quarter, according to the National Economic and Social Development Council (NESDC).
Employment in the farm sector fell 2.9 percent, marking a seventh straight quarter of decline. Meanwhile, the non-farm sectors expanded 0.6 percent, driven by the transportation and storage sector and the manufacturing sector, the state planning agency said in a statement.
The kingdom’s overall unemployment rate stood at 0.76 percent, representing around 310,000 unemployed individuals, said NESDC Secretary-General Onfa Vejjajiva.
The jobless rate in the social security system increased 1.9 percent, compared to a year earlier, and the number of quasi-unemployed workers grew 8.7 percent, fueled by expansion within the agricultural sector’s workforce, Onfa told a news conference.
She noted that controlling essential commodity prices to maintain workers’ purchasing power through pricing regulation and preparing post-flood support for farmers are key priorities moving forward. ■
Photo:
Workers sort durians with gloves at Long durian center in Chanthaburi, Thailand, May 13, 2025. (Xinhua/Rachen Sageamsak)
