ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
Miguel Merentiel နှစ်ဂိုးသွင်းကာ Talleres Cordoba အသင်းကို နိုဝင်ဘာ ၂၃ ရက်က ၂-၀ ဖြင့် အနိုင်ယူပြီး ဘိုကာဂျူနီယာအသင်းသည် အာဂျင်တီးနားပထမတန်း Clausura ပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။
La Bombonera ကွင်း၌ ပွဲကစားချိန် ၂၈ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် Merentiel က အနီးကပ်ခေါင်းတိုက်ကာ တစ်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။
ပွဲကစားချိန် ပထမပိုင်းပြီးဆုံးခါနီးတွင် Mateo Caceres ၏ ပယ်နယ်တီကန်သွင်းမှုကို ဂိုးသမား Agustin Marchesin က ကာကွယ်နိုင်ခဲ့သောကြောင့် Talleres Cordoba အသင်း၏ ချေပခွင့်အချည်းနှီးဖြစ်ခဲ့ရသည်။
ဒုတိယပိုင်းပြန်လည်စတင်သည်နှင့် ဘိုကာဂျူနီယာအသင်းသည် ဧည့်သည်အသင်း၏အမှားကို အခွင့်ကောင်းယူနိုင်ခဲ့သည်။ Lautaro Blanco ၏ ဖြတ်တင်ပေးပို့လိုက်သည့်ဘောလုံးကို Merentiel က အောက်ခြေဘယ်ထောင့်ကို အနိမ့်ဘောကန်အလိုက်သင့်သွင်းကာ ဒုတိယဂိုးထပ်မံရရှိခဲ့ခြင်းဖြစ်သည်။
“နောက်တစ်ဆင့်တက်နိုင်ခဲ့တာ အရမ်းကောင်းပါတယ်၊ ဒီနေ့အတွက် ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားက ဂိုးသမား Marchesin ပါပဲ၊ ပင်နယ်တီဘောကို သူကာကွယ်နိုင်ခဲ့တာက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့အကူအညီပါ” ဟု Merentiel က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယခုပွဲရလဒ်ကြောင့် ဘိုကာဂျူနီယာအသင်းသည် Argentinos အသင်းနှင့် လာမည့်သီတင်းပတ်အကုန်တွင် အကြိုဗိုလ်လုပွဲအတွက် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက်က အခြား ၁၆ သင်းအဆင့်ပွဲစဥ်များအနေဖြင့် ကိုလံဘီယာတောင်ပံကစားသမား Edwuin Cetre ၏ပထမပိုင်းသွင်းဂိုးဖြင့် Estudiantes အသင်းက Rosario Central အသင်းကို ၁-၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ La Plata အခြေစိုက် ကလပ်အသင်းသည် ကွာတာဖိုင်နယ်ပွဲစဥ်အဖြစ် Central Cordoba အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)
……………………
(English Version)
Merentiel fires Boca into last eight
BUENOS AIRES, Nov. 23 (Xinhua) — Miguel Merentiel scored twice as Boca Juniors reached the quarterfinals of Argentina’s Primera Division Clausura tournament with a 2-0 home win over Talleres Cordoba on Sunday.
Merentiel broke the deadlock in the 28th minute at La Bombonera by heading in from close range following a corner.
Mateo Caceres squandered a chance to equalize just before halftime when his penalty was saved by Agustin Marchesin.
Mateo Caceres squandered a chance to equalize just before halftime when his penalty was saved by Agustin Marchesin.
Boca made the visitors pay for their mistake upon the restart as Merentiel slotted a low shot into the bottom-left corner after Lautaro Blanco’s cross.
The result means Boca will meet Argentinos Juniors next weekend with a place in the semifinals at stake.
In Sunday’s other round-of-16 duel, a first-half goal from Colombian winger Edwuin Cetre gave Estudiantes a 1-0 victory over Rosario Central. The La Plata-based club will face Central Cordoba in the quarterfinals. ■
Photo : Angel Di Maria (front) of SL Benfica takes a penalty kick during the group C match between CA Boca Juniors of Argentina and SL Benfica of Portugal at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, the United States, June 16, 2025. (Xinhua/Huang Zongzhi)