Connect with us

International Organizations

ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့ အရေးကြီးပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်

စပိန်နိုင်ငံ အယ်လ်ချီမြို့၌ အယ်လ်ချီအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက် တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရီးရဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့မှာ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရီးရဲလ်အနေဖြင့် နည်းပြ ဇာဘီအလွန်ဆို၏ စွမ်းဆောင်ရည်အပေါ် သံသယရှိနေချိန်တွင် ဂရိသို့သွားရောက်ကာ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သလို အက်သလက်တီကိုမှာလည်း အရေးပါသည့်ပွဲစဉ်တစ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် လွန်ခဲ့သည့်လာလီဂါပွဲစဉ်၌ အဝေးကွင်းတွင် အယ်လ်ချီနှင့် ၂ ဂိုးစီ သရေကျခဲ့ပြီး အားရဖွယ်မရှိသော စွမ်းဆောင်ရည်ကို ထပ်မံပြသခဲ့ပြီးနောက် အလွန်ဆိုလက်ထက်တွင် ရီးရဲလ်၏ကစားပုံနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများ ထွက်ပေါ်လာခဲ့သည်။

နည်းပြအလွန်ဆိုမှာ ရီးရဲလ်ကစားသမားအချို့နှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဟု စပိန်မီဒီယာများက ဖော်ပြလျက်ရှိသလို နောက်ခံလူများဖြစ်သည့် အန်တိုနီယို ရူဒီဂါ၊ ဒါနီ ကာဗာဟယ်နှင့် အက်ဒါ မီလီတိုတို့မှာလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိပေ။
အိုလံပီယာကော့စ်နှင့် အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည့်ပွဲစဉ်မှာ ယခင်သုံးပွဲတွင် တစ်ပွဲရှုံး၊ နှစ်ပွဲသရေကျထားသည့် ရီးရဲလ်အသင်းအတွက် နိုင်ပွဲပြန်လည်ရယူရန် အခွင့်အရေးတစ်ခုဖြစ်သော်လည်း ခြေချော်ခဲ့မည်ဆိုပါက လာမည့်သီတင်းပတ်တွင် ဂျီရိုနာ၊ အက်သလက်တစ် ဘီဘာအိုတို့နှင့် အဝေးကွင်းပွဲစဉ်များမတိုင်မီ အလွန်ဆိုအတွက် ဖိအားများပိုတိုးလာမည်ဖြစ်သည်။
အက်သလက်တီကိုကမူ အင်တာမီလန်အား အိမ်ကွင်း၌လက်ခံကစားရမည်ဖြစ်ကာ ဒီယေဂို ဆီမြွန်နီ၏ အသင်းမှာ လာလီဂါတွင် ပုံစံကောင်းပြသနေသော်လည်း ဥရောပပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန် လိုအပ်လျက်ရှိသည်။

အက်သလက်တီကိုမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားတွင် ၃၆ သင်းရှိသည့်အနက် အဆင့်-၁၇ ၌ ရပ်တည်လျက်ရှိကာ အနိမ့်ဆုံးအနေဖြင့် playoffs ကစားခွင့်ရရှိရန် စိုးရိမ်စရာမရှိသော်လည်း ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရန် မဖြစ်မနေ နိုင်ပွဲလိုအပ်လျက်ရှိသည်။
သို့သော် ဆီမြွန်နီအနေဖြင့် ဒဏ်ရာရ နောက်ခံကစားသမားများဖြစ်သည့် မားကို့စ် လော်ရန်တေးနှင့် ရော်ဘင် လီနော်မန်တို့ မပါဝင်ဘဲ ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့ပြင် ဂူလီယာနို ဆီမြွန်နီမှာလည်း ဒဏ်ရာအနည်းငယ် ရရှိထားသဖြင့် ပါဝင်နိုင်ရန် မသေချာသည့်အတွက် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လေးပွဲဆက်အနိုင်ရထားပြီး လွန်ခဲ့သောရာသီက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် အင်တာမီလန်အား အိမ်ကွင်းမက်ထရိုပိုလီတာနို၌ လက်ခံကစားရမည့်ပွဲစဉ်၌ လုပ်အားနှုန်းကောင်းမွန်သည့် ၎င်း၏ကစားဟန်အား မြင်တွေ့နိုင်ရန် မသေချာပေ။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ဂီတာဖေးအသင်းနှင့် အက်သလက်တီကိုမက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဂီတာဖေးအသင်းမှ ဒိုမင်ဂေ့ါစ် ဒူအာတေ ကိုယ့်ဂိုးကိုယ်သွင်းမိပြီးနောက် အက်သလက်တီကိုမက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် လီဗန်တေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီ အလွန်ဆိုအား တွေ့ရစဉ် (ဆင်ဟွာ)

………………….

(English Version)
Real, Atletico Madrid face key matches in Champions League
MADRID, Nov. 25 (Xinhua) — Real and Atletico Madrid are both in UEFA Champions League action on Wednesday, with Real Madrid traveling to Greece in the face of doubts about coach Xabi Alonso, while Atletico faces a vital match for its European future.
Real Madrid’s 2-2 draw away to Elche again raised questions over its play under Alonso, following the team’s another disjointed display.
The Spanish press has talked about poor relations with some Real Madrid players and the coach, who is also not helped by injuries to defenders such as Antonio Rudiger, Dani Carvajal and Eder Militao.
A trip to play Olympiacos should give Real Madrid the chance to get back to winning ways after a defeat and two draws in its last three matches, but another setback would increase the pressure on Alonso ahead of visits to Girona and Athletic Bilbao in the coming week.
Atletico entertains Inter Milan, with Diego Simeone’s men in excellent form in La Liga but needing a good result in Europe.
Two wins and two defeats have left Atletico 17th in the 36-team table and although it looks assured of a place at least in the playoffs, a win is important for it to have the chance of a top-eight finish.
Simeone is without injured defenders Marcos Llorente and Robin Le Normand. Giuliano Simeone is also a doubt with a slight strain, and his hard-working style could be missed against last season’s beaten finalist that travels to the Metropolitano Stadium with four consecutive wins in the tournament.
English Caption 1
Players of Real Madrid pose for photos prior to the La Liga football match between Elche and Real Madrid in Elche, Spain, on Nov. 23, 2025. (Xinhua)
English Caption 2
Atletico de Madrid’s players celebrate after Domingos Duarte of Getafe scoring an own goal during La Liga football match between Getafe CF and Atletico de Madrid in Getafe, Madrid, Spain, on Nov. 23, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Xabi Alonso, coach of Real Madrid, looks on before the La liga football match between Real Madrid and Levante UD, in Valencia, Spain, on Sept. 23, 2025. (Xinhua/Stinger)