Asia
ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာ
ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်က ဆုန်ခလာပြည်နယ်၌ နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
မကြုံစဖူးမိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို ထိုင်းနိုင်ငံအစိုးရက တုံ့ပြန်ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည့် အထူးကြီးကြပ်ကွပ်ကဲမှု စင်တာတစ်ခုကို တည်ထောင်ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ကာ မိုးရွာသွန်းမှုနှင့် ရေကြီး ရေလျှံမှုများကြောင့် နေရာအနှံ့အပြားတွင် ပစ္စည်းဥစ္စာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သလို အများပြည်သူ၏ လုံခြုံရေးကိုလည်း အပြင်းအထန်ခြိမ်းခြောက်မှုဖြစ်စေခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ အဆိုအရ မုတ်သုံရာသီကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အထူးသဖြင့် ပြည်နယ်ကိုးခုတွင် သက်ရောက်မှုရှိခဲ့ကြောင်း၊ ပြည်နယ်များတစ်ဝန်းတွင် သေဆုံးသူ ၁၃ ဦးရှိခဲ့သလို လူပေါင်း ၂.၂ သန်းခန့် ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။
ထိုင်းမိုးလေဝသဌာနကလည်း အရှေ့မြောက်မုတ်သုံလေပြင်းထန်နေသလို နိုင်ငံ၏အောက်ဘက် တောင်ပိုင်းဒေသနှင့် မလေးရှားနိုင်ငံအပေါ် ဖုံးလွှမ်းထားသည့် လေဖိအားနည်းရပ်ဝန်းကလည်း အားကောင်းပြင်းထန်နေခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသလို ရုတ်တရက်ရေကြီးမှုများနှင့်တောင်ကျရေ ကျဆင်းမှု အန္တရာယ်များ သိသိသာသာတိုးမြင့်နေကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ (Xinhua)

ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်ရှိ ဟတ်ယိုင်မြို့ ဆင်ခြေဖုံးအရပ်မှ ရေကြီးနေသော နေရာတစ်ခုကို ဖြတ်သန်းသွားလာနေသော အမျိုးသားတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်ရှိ ဟတ်ယိုင်မြို့ ဆင်ခြေဖုံးအရပ်ရေကြီးနေသော နေရာ၌ စစ်ဆေးနေသော အမျိုးသားတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်ရှိ ဟတ်ယိုင်မြို့ ဆင်ခြေဖုံးအရပ်တွင် ကယ်ဆယ်ရေးသမားများထံမှ ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရယူနေသည့် ရေဘေးကြောင့် သောင်တင်နေသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
…………………….
(English Version)
Thailand declares state of emergency in southern province due to floods
BANGKOK, Nov. 25 (Xinhua)
Thailand’s Prime Minister Anutin Charnvirakul declared a state of emergency in Songkhla province on Tuesday as severe flooding ravaged the southern region.The announcement came as the government established a specialized command center to coordinate rescue operations in response to unprecedented rainfall and flooding, which has caused widespread property damage and poses a critical threat to public safety.
According to the Department of Disaster Prevention and Mitigation, the monsoon-driven floods have impacted nine provinces in Thailand’s southern region, specifically, affecting approximately 2.20 million people and resulting in 13 deaths across the provinces.
The Thai Meteorological Department has issued warnings that a strong northeast monsoon and an intense low-pressure cell covering the country’s lower southern region and Malaysia are expected to bring continued heavy rainfall, significantly increasing the risk of flash floods and runoff from mountain slopes. ■
Photo-1:
This photo shows a flood-hit area in the suburb of Hat Yai, Songkhla province, Thailand, Nov. 25, 2025. (Xinhua)
Photo-2:
A man wades through flood in the suburb of Hat Yai, Songkhla province, Thailand, Nov. 25, 2025. (Xinhua)
Photo-3:
A man checks a flood-hit area in the suburb of Hat Yai, Songkhla province, Thailand, Nov. 25, 2025. (Xinhua)
Photo-4:
Stranded residents receive supplies from rescuers in the suburb of Hat Yai, Songkhla province, Thailand, Nov. 25, 2025. (Xinhua)
