Asia
ဗီယက်နမ်နိုင်ငံက ၂၀၂၅ ခုနှစ်တွင် အထည်အလိပ်နှင့် အဝတ်အထည် ပြည်ပတင်ပို့မှုတန်ဖိုး ကန်ဒေါ်လာ ၄၆ သန်းရောက်ရှိရန် ရည်ရွယ်
ဟနွိုင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားကြောင်း၊ ယင်းပမာဏမှာ ၂၀၂၄ ခုနှစ်ကထက် ၅.၆ ရာခိုင်နှုန်း တိုးမြင့်ခြင်းဖြစ်ကြောင်း ဒေသနေ့စဥ်သတင်းစာ Voice of Vietnam က နိုဝင်ဘာ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါလုပ်ငန်းသည် ၂၀၃၀ ပြည့်နှစ်တွင် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၄.၅ ဘီလီယံ တင်ပို့နိုင်ရန် ရည်မှန်းထားပြီး နှစ်စဥ်တိုးတက်မှုနှုန်းအနေဖြင့် ၆.၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်အသင်း ဥက္ကဋ္ဌ Vu Duc Giang က ပြောကြားခဲ့သည်။
အဆိုပါကဏ္ဍသည် ပိုမိုစိမ်းလန်းသောထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်းဆီသို့ ကူးပြောင်းလျက်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုနှုန်း ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဗီယက်နမ်ဖက်ရှင် အမှတ်တံဆိပ် အခိုင်အမာတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(English Version)
Vietnam eyes 46 bln USD in textile, garment exports in 2025
HANOI, Nov. 26 (Xinhua) — Vietnam’s textile and garment exports are estimated to reach 46 billion U.S. dollars in 2025, up 5.6 percent from 2024, local daily Voice of Vietnam reported Wednesday.
Vu Duc Giang, chairman of the Vietnam Textile and Apparel Association, said the industry targets 64.5 billion dollars in exports by 2030, with annual growth projected at 6.5 to 7 percent.
He said the sector is shifting toward greener production and digitalization, aiming to raise the localization rate to over 60 percent and build strong Vietnamese fashion brands.
Photo : Employees make clothes for export at a textile and garment company in My Hao district, Hung Yen province, Vietnam, on March 29, 2022. (VNA/Handout via Xinhua)
