Connect with us

Asia

ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ထုတ်လုပ်မှု အောက်တိုဘာလတွင် ၁၄.၁၇ ရာခိုင်နှုန်း မြင့်တက်

ထိုင်းနိုင်ငံ၊ ရနောင်းပြည်နယ်ရှိ တရုတ်နိုင်ငံ၏ ကားထုတ်လုပ်ရေးကုမ္ပဏီ GAC Aion ၏ လျှပ်စစ်ကား (EV) ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်နေကြသော ဝန်ထမ်းအဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ မော်တော်ယာဥ် ထုတ်လုပ်မှုသည် အောက်တိုဘာလတွင် နှစ်လဆက်တိုက်မြင့်တက်ခဲ့ကာ အဓိကအားဖြင့် ခရီးသည်တင်ဘက်ထရီလျှပ်စစ်ကားများထုတ်လုပ်မှုတွင် မြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI)၏ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်မှုအရ သိရသည်။
ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်ထုတ်လုပ်ရေးကုမ္ပဏီများက လွန်ခဲ့သည့်လတွင် မော်တော်ယာဥ် ၁၃၅,၆၈၅ စီးထုတ်လုပ်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၄.၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း FTI ၏ အဆိုအရ သိရသည်။

ယင်းကဲ့သို့ ထုတ်လုပ်မှု တိုးတက်လာခြင်းမှာ အဓိကအားဖြင့် အစိုးရ၏ အခွန်လျှော့ချရေးနှင့် ထောက်ပံ့ ကြေးအောက်တွင် အစောပိုင်းကာလများက တင်သွင်းမှုများအတွက် ခုနှိမ်မိစေရန် ပြည်တွင်းထုတ် လျှပ်စစ်ကားထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း FTI မော်တော်ကားနှင့် ဆိုင်သော စက်မှုလုပ်ငန်းကလပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆူရာပေါင် ပိုင်ဆစ်ပတ်တာနာပေါင်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ၁၀လအတွင်း မော်တော်ယာဥ်ထုတ်လုပ်မှုသည် ၁,၂၁၁,၄၈၆ ယူနစ် ရှိခဲ့ကာ ယမန်နှစ် အလားတူကာလထက် ၂.၈၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း၊ လောင်စာဆီစွမ်းအင်သုံး အချို့သော ခရီးသည်တင်ကားမော်ဒယ်များ အထူးသဖြင့် အဆိုပါကားမော်ဒယ်များ တင်ပို့မှုကို ပိတ်ပင်လိုက်ခြင်း ကြောင့် ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ဆူရာပေါင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြည်တွင်းမော်တော်ယာဥ်ရောင်းချရမှုအနေဖြင့် အောက်တိုဘာလအတွင်း၌ ၄၇,၀၃၂ ယူနစ်ရောင်းချခဲ့ရကာ ယမန်နှစ်အလားတူကာလထက် ၂၄.၇၈ ရာခိုင်နှုန်း တိုးမြင့်ခဲ့ခြင်းဖြစ်ပြီး သန့်စင်သည့် ဟိုက်ဘရစ် EVs ကားများအရှိန်အဟုန်မြင့်ရောင်းချခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း ဆူရာပေါင်က ပြောကြားခဲ့သည်။

ဟိုက်ဘရစ် EVs ကားများ တင်ပို့ရောင်းချမှုတွင် သိသာထင်ရှားစွာ တိုးတက်လာသော်လည်း အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ အောက်တိုဘာလ အပြီးအစီးတပ်ဆင်ပြီးသောကား တင်ပို့မှုသည် ၈၃,၀၆၄ ယူနစ်ရှိခဲ့ကာ ယမန်နှစ်အလားတူကာလထက် ၁.၅၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဆူရာ ပေါင်က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Thailand’s auto production rises 14.17 pct in October
BANGKOK, Nov. 25 (Xinhua)
Thailand’s auto production grew for a second consecutive month in October, mainly driven by a surge in battery electric passenger vehicles, data from the Federation of Thai Industries (FTI) showed on Tuesday.
Thai auto manufacturers produced 135,685 vehicles last month, up 14.17 percent from a year earlier, according to the FTI.
The increase was mainly due to the accelerated domestic production of electric vehicles (EVs) to offset earlier imports under the government’s tax reduction and subsidy, said FTI Automotive Industry Club spokesperson Surapong Paisitpattanapong.

For the first 10 months of 2025, auto production fell 2.84 percent over the same period last year to 1,211,486 units, dragged down by the discontinuation of some fuel-powered passenger car models, particularly those for exports, Surapong told a news conference.
Domestic auto sales climbed in October, up 24.78 percent year-on-year to 47,032 units, thanks to a robust surge in pure and hybrid EVs, Surapong said.
The Southeast Asian country’s finished car exports shrank 1.51 percent from a year earlier to 83,064 units in October, despite a significant growth in shipments of hybrid EVs, he noted. ■
Photo:
Staff members work at the electric vehicle (EV) factory of China’s carmaker GAC Aion in Rayong province, Thailand on July 17, 2024. (Xinhua/Sun Weitong)