Connect with us

International Organizations

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မဲခွဲပွဲအတွက် အစီအစဉ်များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကြေညာ

၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တရားဝင်အသုံးပြုမည့် ဘောလုံးဖြစ်သော"TRIONDA" အား တွေ့ရစဉ် (ဓာတ်ပုံ-FIFA)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ဂျွန်အက်ဖ်ကနေဒီ အနုပညာဖျော်ဖြေရေးစင်တာ၌ ဒီဇင်ဘာ ၅ ရက်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်မဲခွဲပွဲအတွက် အစီအစဉ်များကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နိုဝင်ဘာ ၂၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့တွင် အသင်း ၄၈ သင်းပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်မီ ရက် ၂၀၀ နီးပါးအလိုတွင် အိမ်ရှင်သုံးနိုင်ငံနှင့် ခြေစစ်ပွဲအောင်မြင်ထားသော အသင်း ၃၉ သင်းအား နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် ဖီဖာအမျိုးသား ကမ္ဘာ့အဆင့်သတ်မှတ်ချက်အတိုင်း အသင်း ၁၂ သင်းစီပါဝင်သည့် မဲအိုးလေးအိုး၌ ခွဲဝေချထားမည်ဖြစ်သည်။ လက်ရှိတွင် အဖြေထွက်ပေါ်ခြင်းမရှိသေးသော playoff tournament တွင် အနိုင်ရရှိမည့် အသင်းနှစ်သင်းနှင့် ဥရောပဇုန် playoff အဆင့်တွင် အနိုင်ရရှိမည့် အသင်းလေးသင်းကိုမူ မဲအိုးနံပါတ်-၄ တွင် နေရာချထားမည်ဖြစ်ကြောင်း သိရသည်။
မဲခွဲမှုစတင်ချိန်တွင် မဲအိုး-၁ မှ အသင်းအားလုံးကို အုပ်စု A မှ L အထိ အသီးသီးကျရောက်စေရန် ပွဲစဉ်ရေးဆွဲသွားမည်ဖြစ်ကာ ထို့နောက် မဲအိုး- ၂၊ ၃ နှင့် ၄ တို့ကိုလည်း အလားတူအစီအစဉ်အတိုင်း လုပ်ဆောင်သွားမည်ဟု ဖီဖာက ပြောကြားခဲ့သည်။

A1 အသင်းအား မက္ကဆီကို၊ B1 အသင်းအား ကနေဒါ၊ D1 အသင်းအား အမေရိကန်အဖြစ် အသီးသီးသတ်မှတ်ထားကာ ကျန်ရှိသည့် ထိပ်တန်းအဆင့်သတ်မှတ်ခံရသော အသင်းကိုးသင်းမှာမူ ယင်းတို့၏ သက်ဆိုင်ရာအုပ်စုများတွင် အဆင့်-၁ အဖြစ် အလိုအလျောက် သတ်မှတ်ခံရမည်ဖြစ်သည်။
အသင်းများကို အုပ်စုခွဲရာတွင် ဟန်ချက်ညီညီရှိစေရေးအတွက် အဆင့်သတ်မှတ်ချက်အမြင့်ဆုံး စပိန်နှင့် ဒုတိယအမြင့်ဆုံး အာဂျင်တီးနားအသင်းတို့ကို ဆန့်ကျင်ဘက်အုပ်စုများတွင် ကျရောက်စေရန် အလျဉ်းသင့်သလို ပွဲစဉ်ရေးဆွဲသွားမည်ဖြစ်သလို အဆင့်သတ်မှတ်ချက် တတိယအမြင့်ဆုံး ပြင်သစ်နှင့် စတုတ္ထအမြင့်ဆုံး အင်္ဂလန်အသင်းတို့ကိုလည်း အလားတူစည်းမျဉ်းကိုပင် ကျင့်သုံးသွားမည်ဖြစ်သည်။

အဆိုပါစည်းမျဉ်းအရ အုပ်စုတစ်ခုလျှင် တိုက်ကြီးတစ်တိုက်တည်းမှ အသင်းတစ်သင်းစီထက် ပိုမိုပါဝင်ခြင်းမရှိစေရန် ရေးဆွဲသွားမည်ဖြစ်ကာ ထိုစည်းမျဉ်းသည် အသင်းပေါင်း ၁၆ သင်း ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှအပ ကျန်တိုက်ကြီးများအားလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အုပ်စုတစ်ခုလျှင် ဥရောပဇုန်မှ အနည်းဆုံးအသင်းတစ်သင်း ပါဝင်မည်ဖြစ်သော်လည်း နှစ်သင်းထက်ပို၍ ပါဝင်ခွင့်မရှိကြောင်း သိရသည်။

မဲအိုးများကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။
မဲအိုး-၁ တွင် ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်၊ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ဘရာဇီး၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယမ်နှင့် ဂျာမနီအသင်းတို့ ပါဝင်မည်ဖြစ်ကာ မဲအိုး-၂ တွင် ခရိုအေးရှား၊ မော်ရိုကို၊ ကိုလံဘီယာ၊ ဥရုဂွေး၊ ဆွစ်ဇာလန်၊ ဂျပန်၊ ဆီနီဂေါ၊ အီရန်၊ တောင်ကိုရီးယား၊ အီကွေဒေါ၊ ဩစတြီးယားနှင့် ဩစတြေးလျတို့ ပါဝင်မည်ဖြစ်သည်။
မဲအိုး-၃ တွင် နော်ဝေ၊ ပနားမား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ စကော့တလန်၊ ပါရာဂွေး၊ တူနီးရှား၊ ကို့ဒီဗွား၊ ဥဇဘက်ကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိကတို့ ပါဝင်မည်ဖြစ်ကာ မဲအိုး-၄ တွင် ဂျော်ဒန်၊ ကိတ်ဗာဒီ၊ ဂါနာ၊ ကူရာကာအို၊ ဟေတီ၊ နယူးဇီလန်၊ ဥရောပဇုန် playoff အဆင့်တွင် အနိုင်ရရှိသည့် အသင်းလေးသင်းနှင့် ဖီဖာ playoff tournament အဆင့်တွင် အနိုင်ရရှိသည့် အသင်းနှစ်သင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ရှိ ဆာဗာစင်တာ၌ ကျင်းပသည့် ၄၉ ကြိမ်မြောက် ဥ‌ရောပဘောလုံးအဖွဲ့ချုပ် (UEFA) ပုံမှန်ညီလာခံ၌ မိန့်ခွန်းပြောနေသည့် ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုအား ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………..
(English Version)
FIFA announces procedures for 2026 World Cup draw
GENEVA, Nov. 26 (Xinhua) — FIFA revealed Tuesday the procedures of the final draw for the 2026 World Cup, which will take place at John F. Kennedy Center for the Performing Arts in Washington DC, the United States, on December 5.
With less than 200 days to go before the kick-off of the 48-team tournament in Canada, Mexico and the United States, the three hosts and 39 qualified teams are allocated to four pots of 12 teams each, according to the FIFA Men’s World Ranking issued on November 19. The two playoff tournament winners and four European playoff winners, which are yet to be decided, are allocated to pot 4.
The draw will begin with all the teams from pot 1 being drawn to groups A to L. It will then continue with pots 2, 3 and 4 in that order, FIFA said.
The position A1 has already been assigned to Mexico, B1 to Canada and D1 to the United States, while the remaining nine top-ranked teams will be automatically allocated to position 1 in their respective groups.
In order to have a balanced distribution of the teams, the highest-ranked team (Spain) and the second highest-ranked team (Argentina) will be randomly drawn into opposite pathways, and the same principle will apply to the third (France) and fourth (England) highest-ranked teams.
In principle, no group will have more than one team from the same confederation drawn into it. This applies to all confederations except UEFA, which is represented by 16 teams. Each group must have at least one, but no more than two UEFA teams drawn into it.
Following are the pots:
Pot 1: Canada, Mexico, United States, Spain, Argentina, France, England, Brazil, Portugal, Netherlands, Belgium, Germany
Pot 2: Croatia, Morocco, Colombia, Uruguay, Switzerland, Japan, Senegal, Iran, South Korea, Ecuador, Austria, Australia
Pot 3: Norway, Panama, Egypt, Algeria, Scotland, Paraguay, Tunisia, Cote d’Ivoire, Uzbekistan, Qatar, Saudi Arabia, South Africa
Pot 4: Jordan, Cape Verde, Ghana, Curacao, Haiti, New Zealand, European playoff winner A, B, C and D, FIFA playoff tournament winner 1 and 2.
English Caption 1
This photo shows “TRIONDA,” the official match ball for the 2026 FIFA World Cup. (Photo credit to FIFA)
English Caption 2
FIFA President Gianni Infantino speaks during the 49th UEFA ordinary Congress at the Sava Center in Belgrade, Serbia, April 3, 2025. (Photo by Predrag Milosavljevic/Xinhua)