Connect with us

Eastern Europe

ယူကရိန်းငြိမ်းချမ်းရေးအတွက် လာမည့်သီတင်းပတ်၌ မော်စကိုသို့ အမေရိကန်သံတမန် လာရောက်မည်ဟု ကရင်မလင် အတည်ပြု

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်၏ အပြင်ဘက်မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် အခြားအဓိကတာဝန်ရှိသူများ ပါဝင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ယူကရိန်းနိုင်ငံအတွက် ဖြစ်နိုင်ဖွယ်ရှိသည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို ဆွေးနွေးရန် လာမည့်သီတင်းပတ်အတွင်း ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ လာရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ၏ ကရင်မလင်နန်းတော်က နိုဝင်ဘာ ၂၆ ရက်တွင် အတည်ပြုခဲ့သည်။
“ဝစ်ကော့ဖ်အတွက်ကတော့ သူဟာ နောက်တစ်ပတ်မှာ မော်စကိုကို လာမယ်လို့ ကနဦးသဘောတူညီချက် ရရှိထားပြီးပြီလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု ရုရှားသမ္မတ၏ လက်ထောက် Yuri Ushakov က ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်း၏ ထိပ်တန်း ကရင်မလင်သတင်းထောက် Pavel Zarubin ကို ပြောကြားခဲ့သည်။

ဝစ်ကော့ဖ်အပြင် “ယူကရိန်းရေးရာများတွင် ပါဝင်ပတ်သက်နေသည့် အခြားအစိုးရကိုယ်စားလှယ်အများအပြား” ကလည်း မော်စကိုသို့ လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဝစ်ကော့ဖ်အား မော်စကိုတွင် ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် တွေ့ဆုံရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ပူတင်နှင့် ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့နှင့် မကြာမီတွေ့ဆုံရန် မျှော်လင့်နေကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် အပြီးသတ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့်တွင်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်လာခဲ့သည်။
ထိုအစီအစဥ်ထွက်ရှိလာပြီးနောက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံအမြောက်အမြားမှ ကိုယ်စားလှယ်များက ယင်းအစီအစဉ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၂၄ ရက်နှင့် နိုဝင်ဘာ ၂၅ ရက်တို့၌မူ အမေရိကန် ကြည်းတပ်အတွင်းဝန် ဒန်နီရယ် ဒရစ်ကောလ်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) မြို့တော်အဘူဒါဘီတွင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆိုပါငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

…………………
(English Version)
Kremlin confirms U.S. envoy’s visit to Moscow for Ukraine peace next week
MOSCOW, Nov. 26 (Xinhua) — The Kremlin confirmed on Wednesday that a U.S. delegation, including U.S. President Donald Trump’s special envoy Steve Witkoff and other key officials, will visit Moscow next week to discuss a possible peace plan for Ukraine.
“As for Witkoff, I can say that a preliminary agreement has been reached that he will come to Moscow next week,” Yuri Ushakov, Russian presidential aide, told Russian state television’s top Kremlin reporter, Pavel Zarubin.
Besides Witkoff, “a number of other administration representatives who are involved in Ukrainian affairs” will also come to Moscow, he said.
Trump said Tuesday he has directed Witkoff to meet with Russian President Vladimir Putin in Moscow in the hope of finalizing a peace deal on the Ukraine crisis.
Trump said he looks forward to hopefully meeting with Putin and Ukrainian President Volodymyr Zelensky soon, but only when the peace deal is final or in its final stages.
The U.S.-proposed 28-point peace plan was unveiled last week.
Following its release, representatives from the United States, Ukraine and several European countries met in Geneva on Sunday to discuss the plan.
On Monday and Tuesday, U.S. Army Secretary Daniel Driscoll held talks with Russian officials in Abu Dhabi on the draft plan, according to a statement from the U.S. Army. ■
English Caption
This photo taken on March 18, 2025 shows an exterior view of the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)