North America
ထရမ့်က ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ် အပြီးသတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် မော်စကိုသို့ အထူးသံတမန် စေလွှတ်
ဝါရှင်တန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြီးသတ်နိုင်ရန် မျှော်လင့်ချက်ဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်အား ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် မော်စကိုတွင် တွေ့ဆုံရန် ညွှန်ကြားခဲ့ကြောင်း နိုဝင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
“ဒီငြိမ်းချမ်းရေးအစီအစဉ်ကို အပြီးသတ်နိုင်ရန် မျှော်လင့်ချက်နဲ့ ကျွန်တော့်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ကို မော်စကိုမှာ သမ္မတပူတင်နဲ့ တွေ့ဆုံဖို့ ညွှန်ကြားထားပြီး တစ်ချိန်တည်းမှာပဲ အမေရိကန် ကြည်းတပ်အတွင်းဝန် ဒန်နီရယ် ဒရစ်စ်ကောလ်က ယူကရိန်းနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာပါ” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။
“အမေရိကန်နိုင်ငံမှ မူကြမ်းရေးဆွဲခဲ့တဲ့ အချက် ၂၈ အချက်ပါ မူလငြိမ်းချမ်းရေးအစီအစဉ်ကို နှစ်ဖက်စလုံးမှ ထပ်မံဖြည့်စွက်မှုတွေနဲ့ ပြန်လည်ပြင်ဆင်ပြီးဖြစ်ပြီး သဘောထားကွဲလွဲနေတဲ့ အချက်က အနည်းငယ်ပဲ ကျန်ပါတော့တယ်” ဟု ထရမ့်က ပြောကြားခဲ့ပြီး ၎င်း၏အဖွဲ့အနေဖြင့် လွန်ခဲ့သည့်သီတင်းပတ်အတွင်း “အလွန်ကြီးမားသော တိုးတက်မှု” ရရှိခဲ့ပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ပူတင်နှင့် ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့နှင့် မကြာမီတွေ့ဆုံရန် မျှော်လင့်နေကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက် အပြီးသတ် သို့မဟုတ် နောက်ဆုံးအဆင့်တွင်သာ တွေ့ဆုံရန် မျှော်လင့်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက အဆိုပြုထားသည့် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လွန်ခဲ့သည့်သီတင်းပတ်က ထုတ်ပြန်လာခဲ့သည်။
ထိုအစီအစဥ်ထွက်ရှိလာပြီးနောက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံအမြောက်အမြားမှ ကိုယ်စားလှယ်များက ယင်းအစီအစဉ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၂၄ ရက်နှင့် နိုဝင်ဘာ ၂၅ ရက်တို့၌မူ အမေရိကန် ကြည်းတပ်အတွင်းဝန် ဒန်နီရယ် ဒရစ်စ်ကောလ်က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) မြို့တော်အဘူဒါဘီတွင် ရုရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် အဆိုပါငြိမ်းချမ်းရေးအစီအစဉ်မူကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှ ထွက်ခွာသွားသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မယ်လန်နီယာ ထရမ့်တို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Trump sends envoy to Moscow in hope of finalizing Ukraine peace plan
WASHINGTON, Nov. 25 (Xinhua) — U.S. President Donald Trump said Tuesday he has directed his special envoy Steve Witkoff to meet with Russian President Vladimir Putin in Moscow in hope of finalizing a peace deal on the Ukraine crisis.
“In the hopes of finalizing this Peace Plan, I have directed my Special Envoy Steve Witkoff to meet with President Putin in Moscow and, at the same time, Secretary of the Army Dan Driscoll will be meeting with the Ukrainians,” Trump wrote in a post on Truth Social.
“The original 28-Point Peace Plan, which was drafted by the United States, has been fine-tuned, with additional input from both sides, and there are only a few remaining points of disagreement,” Trump said, adding that his team has made “tremendous progress” over the past week.
Trump said he looks forward to hopefully meeting with Putin and Ukrainian President Volodymyr Zelensky soon, but only when the peace deal is final or in its final stages.
The U.S.-proposed 28-point peace plan was unveiled last week.
Following its release, representatives from the United States, Ukraine and several European countries met in Geneva on Sunday to discuss the plan.
On Monday and Tuesday, U.S. Army Secretary Daniel Driscoll held talks with Russian officials in Abu Dhabi on the draft, according to a statement from the U.S. Army. ■
English Caption
U.S. President Donald Trump and First Lady Melania Trump depart the White House in Washington, D.C. on Nov. 25, 2025. (Xinhua/Hu Yousong)
