North America
အိမ်ဖြူတော်အနီးအမေရိကန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရ၊ သံသယရှိသူတစ်ဦးကို ထိန်းသိမ်း
ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အိမ်ဖြူတော်အနီး နိုဝင်ဘာ ၂၆ ရက်နေ့လယ်အချိန်က အမေရိကန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံခဲ့ရကြောင်း၊ သံသယရှိသူတစ်ဦးကို ထိန်းသိမ်းထားကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။
အနောက်ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Patrick Morrisey က အနောက်ဗာဂျီးနီးယား အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးစလုံး ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း X လူမှုကွန်ရက်ပေါ် တင်ခဲ့သော်လည်း မိနစ် ၂၀ခန့်အကြာ အခြားပို့စ်တစ်ခုတွင်မူ ပစ်ခတ်ခံရသူနှစ်ဦး၏ အခြေအနေနှင့် ပတ်သက်၍ “ကွဲလွဲသည့်သတင်းပို့မှုများ” လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပစ်ခတ်ခံရသည့်တပ်ဖွဲ့ဝင်နှစ်ဦး၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာရှိကြောင်း အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး Kash Patel က သတင်းထောက်များကို ပြောကြားခဲ့သည်။
လူမှုကွန်ရက်မီဒီယာပို့စ်တစ်ခုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ အပြင်းအထန်ဒဏ်ရာရထားသည့်” လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးစလုံးကို သီးခြားဆေးရုံနှစ်ခုတွင် ပို့ဆောင်ထားရှိပြီး သေနတ်သမားသည်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရထားကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန်ဒီစီ မြို့တော်ဝန် Muriel Bowser က လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးသည် “ပစ်မှတ်ထားပစ်ခတ်မှု”တစ်ခု၏သားကောင်များဖြစ်ခဲ့ရကြောင်း အကျဥ်းချုံးရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် အိမ်ဖြူတော်နှင့်ဘလောက် (block) အနည်းငယ်အကွာ ဒေသစံတော်ချန် မွန်းလွဲ ၂း၁၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်အပြီးတွင် သမ္မတထရမ့်က အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၅၀၀ ဝါရှင်တန်ဒီစီသို့ထပ်မံစေလွှတ်ရန် ၎င်းကိုတောင်းဆိုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က နိုဝင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
2 U.S. National Guard members shot near White House, suspect in custody
WASHINGTON, Nov. 26 (Xinhua) — Two U.S. National Guard members were shot near the White House on Wednesday afternoon and a suspect is in custody, according to local authorities.
West Virginia Governor Patrick Morrisey claimed in a post on X that both members of the West Virginia National Guard have passed away from their injuries, but said in another post about 20 minutes later that he was “receiving conflicting reports” about their condition.
FBI Director Kash Patel told reporters that the two members are “in critical condition.”
In a social media post, U.S. President Donald Trump said that the two guardsmen, “with both being critically wounded,” are in two separate hospitals, and that the gunman was also severely wounded.
Muriel Bowser, mayor of Washington, D.C., said at a briefing that the members were victims of a “targeted shooting.”
The shooting incident took place a few blocks away from the White House at around 2:15 p.m. local time, according to authorities.
Following the shooting, U.S. Defense Secretary Pete Hegseth said Wednesday that Trump asked him to send 500 more National Guard members to Washington, D.C.
Photo : Police keep a presence following the shooting of two U.S. National Guard members near the White House in Washington, D.C., the United States, on Nov. 26, 2025. (Xinhua/Hu Yousong)
