International Organizations
ထိပ်ဆုံးမှဖလာမင်ဂိုအသင်း အက်သလက်တီကိုမီနေးရိုးအသင်းနှင့်ပွဲတွင် အမှတ်ဆယ်ယူ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေပြိုင်ပွဲ၌ ထိပ်ဆုံးရောက်နေသည့် ဖလာမင်ဂိုအသင်းသည် Bruno Henrique ၏ ပွဲပြီးခါနီး ၉၂ မိနစ်တွင် ရရှိခဲ့သည့်ဂိုးကြောင့် အက်သလက်တီကိုမီနေးရိုးအသင်းနှင့် နိုဝင်ဘာ ၂၅ ရက်က အဝေးကွင်း၌ ၁-၁ ဂိုးရလဒ်ဖြင့် သရေကျကာ ဆက်လက်ဦးဆောင်လျက်ရှိသည်။
Dudu ၏ဘယ်တောင်ပံမှဖြတ်တင်ပေးပို့လိုက်သည့်ဘောလုံးကို မြေပေါ်သို့မကျခင်ကန်သွင်းနိုင်ခဲ့သည့် အဲဗာတန်တောင်ပံကစားသမားဟောင်း Bernard ကြောင့် အက်သလက်တီအသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။
ဖလာမင်ဂိုအသင်းက ချေပနိုင်ဖို့ကြိုးစားခဲ့ရာတွင် Danilo က ကိုက် ၂၀ အကွာအဝေးမှ ကန်တင်လိုက်သည့်ဘောလုံးကို Henrique က အမြင့်ခုန်၍ခေါင်းတိုက်သွင်းယူကာ နောက်ဆုံးတွင် အိမ်ရှင်အသင်း၏ကာကွယ်မှုကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပွဲပြီးခါနီး ၂ မိနစ်အလိုတွင် Rony သည် Ayrton Lucas ကို ဘောလုံးဖျက်ထုတ်ရာတွင်ကြမ်းတမ်းမှုကြောင့် တိုက်ရိုက်အနီကတ်အပြခံခဲ့ရသောကြောင့် အက်ဘလက်တီကိုအသင်းသည် ကစားသမားလျော့ကာ ၁၀ ဦးဖြင့် ဆက်လက်ယှဥ်ပြိုင်ခဲ့ရသည်။
ယခုပွဲရလဒ်ကြောင့် ဖလာမင်ဂိုအသင်းသည် ဒုတိယနေရာရှိ ပါလ်မီးရက် အသင်းနှင့် ၅ မှတ်အကွာတွင် ဦးဆောင်ကာ ကစားရန်နှစ်ပွဲကျန်ရှိသည့်အခြေအနေဖြစ်ပြီး ရီယိုဒီဂျနေးရိုးကလပ်အသင်းသည် ဒီဇင်ဘာ ၃ ရက် အိမ်ကွင်းတွင် ကစားရမည့် Ceara နှင့်ပွဲစဉ်တွင် အနိုင်ရရှိလျှင် ချန်ပီယံဆု ရရှိမည်ဖြစ်သည်။ အက်သလက်တီကိုမီနေးရိုးအသင်းမှာ အသင်း ၂၀ ရှိရာတွင် အဆင့် ၁၂ နေရာရောက်နေပြီး ထိပ်ဆုံးအသင်းနှင့် အမှတ် ၃၀ ကွာဟလျက်ရှိကြောင်းသိရသည်။
နိုဝင်ဘာ ၂၅ ရက် က တစ်ပွဲတည်းသောစီးရီးအေ ပွဲစဥ်ဖြစ်သည့် ဂရီမီယိုနှင့် ပါလ်မီးရက်တို့ပွဲတွင် ဂရီမီယိုအသင်းက အိမ်ကွင်းတွင် ၃-၂ ဂိုးရလဒ်ဖြင့်အနိုင်ရသွားကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
Leader Flamengo rescues point against Atletico Mineiro
Source: XinhuaEditor: huaxia2025-11-26 14:21:30
RIO DE JANEIRO, Nov. 25 (Xinhua) — Bruno Henrique scored in the 92nd minute to earn leader Flamengo a 1-1 away draw with Atletico Mineiro in Brazil’s Serie A on Tuesday.
Former Everton winger Bernard gave Atletico the lead by volleying home after Dudu’s cross from the left flank.
Flamengo probed for an equalizer and Henrique finally breached the hosts’ defense with a towering header following Danilo’s floating 20-yard cross.
Atletico was reduced to 10 men when Rony was shown a straight red card for an ugly challenge on Ayrton Lucas two minutes from time.
The result leaves Flamengo five points clear of second-placed Palmeiras with two matchdays remaining and the Rio de Janeiro club can secure the title with a home win over Ceara in its next match on December 3. Atletico is 12th in the 20-team standings, 30 points off the pace.
In Tuesday’s only other Serie A fixture, Gremio won 3-2 at home to Palmeiras.
Photo : Pedro (L) of Flamengo vies with Carlos Gilberto of Corinthians during the final of the Copa do Brasil 2022 in Rio de Janeiro, Brazil, Oct. 19, 2022. (Xinhua/Wang Tiancong)
