Asia
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၃၃ ဦးအထိ တိုးမြင့်လာ
ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မုတ်သုံမိုး အဆက်မပြတ်သည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းနှင့်အတူ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၃၃ ဦးအထိရှိလာကြောင်း ထိုင်းအာဏာပိုင်များက နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထိုင်းနိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူ ဆီရီပေါင် အန်ကာ ဆာကူလ်ကိုက်က တောင်ပိုင်းပြည်နယ် ခုနစ်ခုတွင် သေဆုံးသူများရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး နခွန်စီသမ်မရတ်မြို့တွင် သေဆုံးသူကိုးဦးရှိခဲ့ကာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
သေဆုံးရသည့်အကြောင်းရင်းများမှာ မြေပြိုကျခြင်း၊ ဓာတ်လိုက်ခြင်းနှင့် ရေနစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆီရီပေါင်က ထပ်လောင်းပြောကြားသည်။
ထိုင်းနိုင်ငံဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းအထိ ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၉၈၀,၀၀၀ ကျော်မှ လူပေါင်း ၂.၇ သန်းခန့် ရေဘေးဒဏ်ကို ဆက်လက်ခံစားနေကြရဆဲဖြစ်ကြောင်း သိရသည်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသတစ်ခုလုံးတွင် ဆောင်ရွက်လျက်ရှိပြီး ရေဘေးလွတ်ရာသို့ ရှောင်ရှားရန်နှင့် ရေဖောက်ထုတ်ခြင်းလုပ်ဆောင်မှုများတွင် အထောက်အကူဖြစ်စေရေးအတွက် ဝမ်းပြားလှေများ၊ ရေစုပ်စက်များနှင့် ထရပ်ကားများကို ဖြန့်ကြက်ချထားပေးကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တချိန်တည်း၌ပင် ထိုင်းတပ်မတော်က တပ်ဖွဲ့ဝင်များ၊ လေယာဉ်များနှင့် အထူးတပ်ဖွဲ့များကို စုစည်းကာ ရေဘေးသင့်ဒေသများမှဒေသခံများကို ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမိုးလေဝသဌာနက နိုင်ငံ၏တောင်ပိုင်းဒေသတွင် နိုဝင်ဘာ၂၆ ရက်အထိ မိုးသည်းထန်စွာ ဆက် လက်ရွာသွန်းနိုင်ပြီး တောင်ခြေများနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရုတ်တရက် ရေကြီးမှုနှင့် သစ်တောများမှရေလျှံလာနိုင်မှုများကိုသတိထားကြရန် သတိပေးချက်များ ထုတ်ပြန် ထားသည်။ (Xinhua)
…………………….
(English Version)
Death toll from southern Thailand floods reaches 33
BANGKOK, Nov. 26 (Xinhua) — Authorities said on Wednesday that the death toll from flooding in southern Thailand has reached 33, as continuous heavy monsoon rains have triggered widespread inundation.
During a press briefing, government spokesperson Siripong Angkasakulkiat said fatalities have been confirmed in seven southern provinces, with Nakhon Si Thammarat recording the highest toll at nine.
The causes of deaths included landslides, electrocution and drowning, he added.
According to the Department of Disaster Prevention and Mitigation, over 980,000 households, which represent approximately 2.7 million people, remained affected by the devastating floods as of Wednesday morning.
Emergency relief was currently underway throughout the region, with authorities deploying flat-bottomed boats, water pumps, and trucks to assist in evacuations and drainage efforts, the department said in a statement.
Meanwhile, the Thai Army has mobilized troops, aircraft, and special forces to assist residents in flood-hit areas.
The Thai Meteorological Department has issued warnings that heavy rains will continue in southern region through Wednesday, urging residents in foothills and low-lying areas to stay alert for flash floods and forest runoff. ■
Photo:
Rescuers evacuate residents in the suburb of Hat Yai, Songkhla province, Thailand, Nov. 25, 2025. (Xinhua)
