Connect with us

Asia

ဗီယက်နမ်တွင် နှစ်ပေါင်း ၅၀ အတွင်း မကြုံစဖူး ရေကြီး‌ရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရဟု မိုးလေဝသဌာန ဆို

ဗီယက်နမ်နိုင်ငံ Dak Lak ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ပြည်ထောင်စုအဝေးပြေးလမ်းမ၏ လမ်းပိုင်းတစ်ခုအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA/Handout via Xinhua)

ဟနွိုင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း-အလယ်ပိုင်းဒေသတွင် နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများမှာ ယခင်မှတ်တမ်းများကို ကျော်လွန်ခဲ့သည့် အလွန်ပြင်းထန်သော ရာသီဥတုဖြစ်စဉ်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသနှင့်ဇလဗေဒ ကြိုတင်ခန့်မှန်းရေးစင်တာ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းစာ Voice of Vietnam က နိုဝင်ဘာ ၂၇ ရက်၌ ဖော်ပြခဲ့သည်။
ယင်းမိုးလေဝသစင်တာ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mai Van Khiem က ထိုသို့သောဖြစ်စဉ်များအား နှစ်ပေါင်း ၅၀ ကျော်အတွင်း ကြုံတွေ့ခဲ့ဖူးခြင်း မရှိသလောက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှ နိုဝင်ဘာ ၂၄ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းနှင့် အပူပိုင်းမုန်တိုင်းငယ် ၁၉ လုံး ဝင်ရောက်ခဲ့ရာ လူ ၄၀၉ ဦး သေဆုံး/ပျောက်ဆုံးခဲ့ပြီး ၇၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နေအိမ် ၃,၇၀၀ ကျော် ပြိုကျခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကာ အခြားနေအိမ် ၃၃၃,၅၀၀ ကျော် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် အမိုးလန်ခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။
သို့ဖြစ်၍ စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုပမာဏမှာ ဗီယက်နမ်ဒေါင် ၈၅ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံခန့်) ရှိနိုင်ကြောင်း ခန့်မှန်းထားသည်ဟု သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)


……………….
(English Version)
Vietnam sees unprecedented flooding in 50 years: weather authority
HANOI, Nov. 27 (Xinhua) — Rainfall and flooding in Vietnam’s south-central region from Nov. 16 to 22 were an extreme event surpassing historical records, local daily Voice of Vietnam reported Thursday, citing the National Center for Hydro-Meteorological Forecasting.
Mai Van Khiem, the center’s director, said such events have almost never been observed in more than 50 years.
From the beginning of the year to Nov. 24, Vietnam recorded 19 typhoons and tropical depressions, resulting in 409 people dead or missing and 727 injuries.
More than 3,700 houses collapsed or were swept away, while over 333,500 others were damaged or lost their roofs.
Economic losses were estimated at over 85 trillion Vietnamese dong (about 3.2 billion U.S. dollars), the report said.
English Caption
This photo taken on Nov. 22, 2025 shows a section of national highway damaged by flood in Dak Lak Province, Vietnam. (VNA/Handout via Xinhua)