International Organizations
ဘာစီလိုနာကွင်းလယ်လူ ဖာမင် လိုပက်ဇ် ကြွက်သားဒဏ်ရာကြောင့် အရေးကြီးပွဲစဉ်များကို လွဲချော်မည်
မက်ဒရစ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား ဖာမင် လိုပက်ဇ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့သည့်အတွက် သီတင်းပတ်နှစ်ပတ်ခန့် အနားယူရမည်ဖြစ်ကာ အရေးကြီးပွဲစဉ်လေးပွဲအား လွဲချော်မည်ဖြစ်သဖြင့် ဘာစီလိုနာအတွက် နောက်ထပ်ဒဏ်ရာပြဿနာထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။
နည်းပြဟန်ဆီဖလစ်ခ်၏ အသင်းမှာ နိုဝင်ဘာ ၂၅ ရက် ညပိုင်းက ချဲလ်ဆီးအသင်းအား ၃ ဂိုးပြတ် အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ရှုံးပွဲကို ပြန်လည်ချေဖျက်ရန် ကြိုးပမ်းနေစဉ် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ၌ အသင်းအတွက် ၇ ဂိုးသွင်းယူထားသည့် အသက် ၂၂ နှစ်အရွယ် လိုပက်ဇ်မှာ အလာဗက်စ်အသင်းနှင့် ယှဉ်ပြိင်မည့် နိုဝင်ဘာ ၂၉ ရက် လာလီဂါအိမ်ကွင်းပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်သည့် နိုဝင်ဘာ ၂၇ ရက် လေ့ကျင့်ခန်းအစီအစဉ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ပထမအသင်းကစားသမား ဖာမင် လိုပက်ဇ်ဟာ ညာဘက်ခြေသလုံးကြွက်သားမှာ အသေးစားဒဏ်ရာရရှိခဲ့တာမို့ ဒဏ်ရာကနေပြန်ကောင်းလာဖို့ သီတင်းပတ်နှစ်ပတ်လောက် ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဖာမင်လိုပက်ဇ်အနေဖြင့် ခန့်မှန်းထားသည့်အချိန်ရောက်မှသာ ဒဏ်ရာမှပြန်လည်ကောင်းမွန်လာပါက အလာဗက်စ်နှင့်ပွဲစဉ်အပြင် ဒီဇင်ဘာ ၂ ရက်တွင် အက်သလက်တီကိုမက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် လာလီဂါအိမ်ကွင်းပွဲစဉ်ကိုလည်းကောင်း၊ ဖရန့်ဖွတ်နှင့် ယှဉ်ပြိုင်ရမည့် အရေးကြီးချန်ပီယံလိဂ်ပွဲစဉ်ကိုလည်းကောင်း၊ ဘက်တစ်နှင့် အဝေးကွင်း၌ ခက်ခက်ခဲခဲကစားရမည့် လာလီဂါပွဲစဉ်ကိုလည်းကောင်း အသီးသီးလွဲချော်မည်ဖြစ်သည်။
သို့သော် ဘာစီလိုနာအတွက်သတင်းကောင်းအဖြစ် စပိန်လက်ရွေးစင်ကစားသမား ပက်ဒရီမှာ တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် နိုဝင်ဘာ ၂၇ ရက်၌ အသင်းဖော်များနှင့်အတူ အပြည့်အဝလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ အယ်လ်ဗာရို ကာရဲရက်စ် (ဝဲ) နှင့် ဘာစီလိုနာအသင်းမှ ဖာမင်လိုပက်ဇ်တို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Calf injury sidelines Barca’s Lopez for vital run of matches
MADRID, Nov. 27 (Xinhua) — FC Barcelona has suffered another injury setback with the confirmation that attacking midfielder Fermin Lopez has suffered a muscle injury that will keep him out of action for around two weeks and miss four important matches.
The 22-year-old, who has seven goals in all competitions, suffered the injury in Thursday’s training session to prepare for Saturday’s La Liga game at home to Alaves as Hansi Flick’s side looks to bounce back from the 3-0 drubbing it received against Chelsea in the Champions League on Tuesday night.
“First-team player Fermin Lopez has a small injury to the soleus muscle in his right leg, and his estimated recovery time is around two weeks,” informs the Barcelona website.
If the estimation of the time Fermin is sidelined is correct, that means he will miss the game against Alaves along with next Tuesday’s La Liga match at home to Atletico Madrid, a vital Champions League clash with Eintracht Frankfurt and a difficult league visit to play Betis.
The good news for Barcelona is that Spain international Pedri was able to complete Thursday’s session with his teammates as he has recovered from a hamstring problem.
English Caption 1
Marcus Rashford (R) and Fermin Lopez of FC Barcelona celebrate a goal during the Champions League football match between FC Barcelona and Olympiacos in Barcelona, Spain, Oct. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Alvaro Carreras (L) of Real Madrid vies with Fermin Lopez of Barcelona during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
