Latin America
ပီရူးသမ္မတဟောင်း ပီဒရို ကာစတီလိုအား ထောင်ဒဏ် ၁၁ နှစ်ကျော် ချမှတ်
လီမာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံသမ္မတဟောင်း ပီဒရို ကာစတီလိုသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဥပဒေပြုလွှတ်တော်ကို ဖျက်သိမ်းရန် ၎င်း၏ ကြိုးပမ်းမှု မအောင်မြင်ခြင်းကြောင့် ပုန်ကန်မှုနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု စွဲချက်များဖြင့် ၁၁ နှစ် ၅ လနှင့် ၁၅ ရက်ကြာ ထောင်ဒဏ်ကျခံစေရန် နိုဝင်ဘာ ၂၇ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
နိုင်ငံ၏ အမြင့်ဆုံးတရားရုံး၏ အထူးရာဇဝတ်ခုံရုံးမှ ထုတ်ပြန်ခဲ့သော အဆိုပါစီရင်ချက်သည် မြို့တော်လီမာရှိ ပီရူးနိုင်ငံဆိုင်ရာ မက္ကဆီကိုသံရုံးတွင် ခိုလှုံလျက်ရှိသော ဝန်ကြီးချုပ်ဟောင်း ဘက်စီ ချာဗက်ဇ်နှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဝီလီ ဟွာတာတို့နှင့်လည်း သက်ဆိုင်အကျုံးဝင်ကြောင်း သိရသည်။
အသက် ၅၆ နှစ်အရွယ် သမ္မတဟောင်း ကာစတီလိုကို လီမာရှိ ဘာဘာဒီလိုထောင်တွင် ထိန်းသိမ်းထားပြီး အခြားပီရူးသမ္မတဟောင်းများစွာသည်လည်း ထောင်ဒဏ်များ ကျခံလျက်ရှိကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Peru’s ex-president Pedro Castillo sentenced to over 11 years in prison
LIMA, Nov. 27 (Xinhua) — Former Peruvian President Pedro Castillo was sentenced Thursday to 11 years, five months and 15 days in prison on charges of rebellion and conspiracy stemming from his failed attempt to dissolve the Congress in December 2022.
The ruling, issued by the Special Criminal Chamber of the country’s Supreme Court of Justice, also applies to former Prime Minister Betssy Chavez, who is currently under asylum at the Mexican embassy in Lima, and former Interior Minister Willy Huerta.
Castillo, 56, has been held at the Barbadillo prison in Lima, where several other former Peruvian presidents are also serving sentences. ■
English Caption
This photo taken on Nov. 6, 2024 shows a sculpture in Lima, Peru. (Xinhua/Li Mengxin)
