Connect with us

International Organizations

ဂျေရုဆလမ်အိုးပင်းစစ်တုရင်ပြိုင်ပွဲတွင် ရုရှားချန်ပီယံ Nesterov အနိုင်ရရှိ

ဂျေရုဆလမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံမှ လက်ရှိစစ်တုရင်ချန်ပီယံ Arseniy Nesterov သည် နိုဝင်ဘာ ၂၇ ရက်က ဂျေရုဆလမ်အိုးပင်း Rapid စစ်တုရင် (Rapid Chess) ပြိုင်ပွဲတွင် ကိုးပွဲ၌ ရှစ်မှတ်ရရှိခဲ့ပြီး အောင်ပွဲခံခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ဂရန်းမာစတာ Nesterov ကမူ အချိန်ပို၌ အနိုင်ရှိကာ ပထမနေရာရရှိခဲ့ပြီး ဒုတိယမှ စတုတ္တနေရာတို့အား ဂရန်းမာစတာများပင်ဖြစ်ကြသည့် အစ္စရေးနိုင်ငံမှ Evgeny Alekseev ၊ ဘူလ်ဂေးရီးယားနိုင်ငံမှ Momchil Nikolov နှင့် အစ္စရေးနိုင်ငံမှ Ido Gorshtein တို့က အသီးသီးရရှိခဲ့ကြသည်။

ဆွစ်ဇာလန်စနစ်ဖြင့် ကိုးချီကစားခဲ့သော အဆိုပါပြိုင်ပွဲတွင် Nesterov က နောက်ဆုံးအချီတွင် အဇာဘိုင်ဂျန်နိုင်ငံမှ Azer Mirzoev နှင့် သရေကျခဲ့ပြီး အချိန်ပို၌ အနိုင်ရရှိကာ ဂျေရုဆလမ်အိုးပင်းစစ်တုရင်ချန်ပီယံဆုကို သိမ်းပိုက်၍ ယူရို ၅,၀၀၀ ပထမဆု ရရှိခဲ့ခြင်းဖြစ်သည်။
ဒုတိယနေရာရရှိခဲ့သော Alekseev ကမူ ၎င်း၏နောက်ဆုံးပွဲစဉ်တွင် ရုရှားနိုင်ငံမှ Alexander Evdokimov ကို အနိုင်ယူပြီး ယူရို ၃,၀၀၀ ရရှိခဲ့ကာ Nikolov က တတိယနေရာအတွက် ယူရို ၂၀၀၀ ရရှိခဲ့သည်။ ပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၈ ခုမှ ကစားသမား ၄၂၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Alekseev နှင့် Nesterov တို့ နှစ်ဦးစလုံးသည် နိုဝင်ဘာ ၃၀ ရက်တွင် စတင်မည့် လေးရက်ကြာပွဲဖြစ်သည့် ဂျေရုဆလမ်မာစတာ Rapid စစ်တုရင် (Rapid Chess) ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ထိပ်တန်းဂရန်းမာစတာ ၁၂ ဦးစာရင်း၌ နေရာများ ရရှိခဲ့ကြပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Russian champion Nesterov wins Jerusalem Open chess tournament
JERUSALEM, Nov. 27 (Xinhua) — Reigning Russian chess champion Arseniy Nesterov on Thursday claimed victory in the Jerusalem Open rapid chess tournament, scoring eight points out of nine games.
The 22-year-old grandmaster secured first place on a tiebreak ahead of grandmasters Evgeny Alekseev of Israel, Bulgaria’s Momchil Nikolov, and Israel’s Ido Gorshtein, who finished second through fourth, respectively.
The competition, played over nine rounds in a Swiss system, saw Nesterov clinch the title with a final-round draw against Azerbaijan’s Azer Mirzoev, earning him the first prize of 5,000 euros.
Runner-up Alekseev defeated Russia’s Alexander Evdokimov in his last game to claim 3,000 euros, while Nikolov received 2,000 euros for third place. The competition featured 421 players from 38 countries and regions.
Both Alekseev and Nesterov also secured spots among the 12 top grandmasters who will compete in the Jerusalem Masters rapid chess tournament, a four-day event that begins Sunday. ■