North America
ဗင်နီဇွဲလားရှိ ပစ်မှတ်များအား မြေပြင်တိုက်ခိုက်မှုများကို မကြာမီလုပ်ဆောင်ဖွယ်ရှိဟု ထရမ့် ပြော
ဝါရှင်တန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံရှိ မူးယစ်မှောင်ခိုဂိုဏ်းများအား ပစ်မှတ်ထားသည့် မြေပြင်တိုက်ခိုက်မှုများကို မကြာမီ လုပ်ဆောင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၇ ရက်က အရိပ်အမြွက်ပြောကြားခဲ့သည်။
ကျေးဇူးတော်နေ့အထိမ်းအမှတ်အဖြစ် အမေရိကန်တပ်ဖွဲ့ဝင်များအား အမှာစကားပြောကြားရာတွင် ထရမ့်က ဗင်နီဇွဲလား မူးယစ်မှောင်ခိုကူးသူများကို ဟန့်တားရာတွင် ကြိုးပမ်းအားထုတ်မှုများအတွက် အမေရိကန်လေတပ်၏ 7th Bomb Wing တပ်ဖွဲ့အား ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အဆိုပါ မူးယစ်မှောင်ခိုကူးမှုများ၏ ၈၅ ရာခိုင်နှုန်းခန့်အား ပင်လယ်ရေကြောင်းမှ ဟန့်တားနိုင်ခဲ့သလို မြေပြင်၌ဟန့်တားမှုများကိုလည်း စတင်လုပ်ဆောင်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“မြေပြင်မှာ ပိုပြီးလွယ်ကူပေမဲ့ အဲဒါကို မကြာခင်စတင်တော့မှာပါ” ဟု ထရမ့်က ၎င်း၏ မာအာလာဂိုစံအိမ်မှ ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်က ကာရေဘီယံဒေသ၌ ဆယ်စုနှစ်သုံးခုကျော်အတွင်း အကြီးမားဆုံး တပ်ဖြန့်ချထားမှုများ လုပ်ဆောင်နေသည့်တစ်ချိန်တည်းတွင် ထရမ့်က ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ် မာဒူရိုနှင့် ဆွေးနွေးနိုင်ခြေ ရှိနေသေးကြောင်း ပြောကြားခဲ့ကာ ဖြစ်နိုင်ခြေရှိသော သံတမန်ရေးလမ်းကြောင်းအား ရည်ညွှန်းပြောဆိုခဲ့သည်။
စက်တင်ဘာလ အစောပိုင်းမှစ၍ ပင်တဂွန်က ကာရေဘီယံနှင့် ပစိဖိတ်အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟုဆိုသော ရေယာဉ်ငယ်များအား လူသိရှင်ကြားတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် လုပ်ဆောင်ခဲ့ရာ ထိုရေယာဉ်ငယ်များပေါ်တွင် လိုက်ပါလာသူ ၈၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အမေရိကန်၏ အဓိက လေယာဉ်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော ယူအက်စ်အက်စ် ဂျရယ်လ်ဖို့ဒ်သည် ယခုလအစောပိုင်းက ကာရေဘီယံဒေသသို့ ရောက်ရှိလာခဲ့ရာ ယင်းဒေသ၌ အမေရိကန်၏ စစ်ရေးအရ ဖြန့်ကြက်ချထားမှုမှာ အနည်းဆုံး ဆယ်စုနှစ်သုံးခုကျော်အတွင်း မကြုံဖူးလောက်အောင် အရှိန်အဟုန်မြင့်တက်လာခဲ့သည်။
ထို့ပြင် ထရမ့်အစိုးရက မာဒူရို နောက်ကွယ်မှကြိုးကိုင်နေသည်ဟု စွပ်စွဲထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Cartel de los Soles ကိုလည်း ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ယခုလအစောပိုင်းက သတ်မှတ်ကြေညာခဲ့သည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုအဖွဲ့အစည်းမှာ အမှန်တကယ်မရှိကြောင်း၊ အမေရိကန်၏ စက်ဆုပ်ဖွယ်ကောင်းသော အလိမ်အညာပြောဆိုချက်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
မာဒူရိုကလည်း ၎င်းအနေဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှုများနှင့် တစ်စုံတစ်ရာဆက်နွှယ်မှုမရှိဟု ငြင်းဆန်ခဲ့ပြီး အမေရိကန်က ဗင်နီဇွဲလားတွင် အစိုးရအပြောင်းအလဲ ပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် လုပ်ကြံဇာတ်လမ်းဆင်ကာ စစ်ပွဲတစ်ပွဲကို ဖန်တီးနေခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ (Xinhua)
……………….
(English Version)
Trump suggests U.S. could “very soon” take actions against Venezuelan targets by land
WASHINGTON, Nov. 27 (Xinhua) — U.S. President Donald Trump suggested on Thursday that the United States could “very soon” take actions targeting drug trafficking networks in Venezuela by land.
In Thanksgiving remarks to U.S. troops, Trump thanked the Air Force’s 7th Bomb Wing for their work to “deter Venezuelan drug traffickers” and said “it’s about 85 percent stopped by sea … and we’ll be starting to stop them by land.”
“Also, the land is easier, but that’s going to start very soon,” Trump added, speaking from his Mar-a-Lago estate.
Trump also said that he could still hold talks with Venezuelan President Nicolas Maduro, suggesting a possible diplomatic off-ramp, even as the U.S. military buildup in the Caribbean has reached its largest scale in more than three decades.
Since early September, the Pentagon has carried out more than 20 known strikes on alleged drug vessels in the Caribbean and East Pacific, killing more than 80 people abroad.
The USS Gerald R. Ford, a major aircraft carrier, arrived in the Caribbean earlier this month, intensifying U.S. military presence in the region that has not been seen for at least three decades.
The Trump administration also designated the Cartel de los Soles, a group Washington alleges is run by Maduro, as a foreign terrorist organization earlier this month.
The Venezuelan government said the organization was “nonexistent” and called the U.S. move a “vile lie.”
Maduro has also denied having any ties to the drug trade, accusing the United States of “fabricating” a war aimed at regime change in his country.
English Caption
U.S. President Donald Trump speaks during the National Thanksgiving Turkey Pardoning Ceremony at the White House in Washington, D.C., the United States, Nov. 25, 2025. (Xinhua/Hu Yousong)
