North America
ကမ္ဘာကြီးက အမေရိကန်၏ ပျက်ကွက်မှုကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေမည်မဟုတ်
ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ကမ္ဘာကြီးက ဗဟုဝင်ရိုးအသွင်ကမ္ဘာဆီ တိုးတက်ပြောင်းလဲလာစဉ် မကြာသေးမီရက်များအတွင်း နိုင်ငံတကာအဆင့် အစည်းအဝေးအခမ်းအနားကြီးနှစ်ခုက ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်ခြင်းခံခဲ့ရပြီး အမေရိကန်နိုင်ငံ၏ ပျက်ကွက်မှုနှင့်အတူ အရေးပါသည့် သဘောတူညီချက်များလည်း ရရှိခဲ့သည်။
၃၀ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ ကွန်ဖရင့် (COP30) ကို ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်က အဓိကကျသော သဘောတူညီချက်အား အတည်ပြုခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှု၏ နောက်ကြောင်းပြန်လှည့်၍မရသော လမ်းကြောင်းကို အထင်အရှားဖော်ပြလိုက်သည်။
ယင်းနေ့တွင်ပင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့တွင် G20 ထိပ်သီးအစည်းအဝေးက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အလေးထားဖော်ပြသည့် ပူးတွဲကြေညာချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။
ထိုအစည်းအဝေးကြီးနှစ်ရပ်လုံးကို အမေရိကန်နိုင်ငံက တက်ရောက်ရန် ပျက်ကွက်သော်ငြားလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ရှေ့ဆက်ဆောင်ရွက်ကာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရေး၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးရေးအတွက် ဘုံသဘောတူညီမှု ရရှိခဲ့သလို အရေးပါလှသောအဆင့်များကိုလည်း ဆောင်ရွက်နိုင်ခဲ့ပေသည်။
အမေရိကန်၏ ပျက်ကွက်မှုက ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အတွက် ကွက်လပ်ဖြစ်ပေါ်စေ
တောင်အာဖရိကနိုင်ငံ သမ္မတ ဆီရယ်လ် ရာမာဖိုဆာက နိုဝင်ဘာ ၂၃ ရက်တွင် အစည်းအဝေးဆိုင်ရာ တူငယ်ကို စားပွဲပေါ်ထုလျက် G20 ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာလိုက်သည်။
အစဉ်အလာအားဖြင့်ဆိုပါက ရာမာဖိုဆာသည် နောက်ထပ်လာမည့် G20 အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ခေါင်းဆောင်ကို ဥက္ကဋ္ဌ တူအား လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့ရာတွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်မှာ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာခြင်းမရှိပေ။ အမေရိကန်ဘက်က သံရုံးအရာရှိငယ်တစ်ဦးထံ အလှည့်ကျဥက္ကဋ္ဌ တူကို လွှဲပြောင်းပေးရန် ရာမာဖိုဆာအား ပြောကြားခဲ့သော်လည်း တောင်အာဖရိက သမ္မတ ရာမာဖိုဆာက ငြင်းဆန်ခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် ထိပ်သီးအစည်းအဝေး ပါဝင်တက်ရောက်ရန် ငြင်းဆန်ရုံမျှမက အမေရိကန်၏ သဘောတူညီချက်မရှိဘဲ ထိပ်သီးအစည်းအဝေး၏ မည်သည့်သဘောတူညီချက်ကိုမျှ အတည်ပြုခြင်းမပြုရန်ပင် တောင်အာဖရိကနိုင်ငံကို ဖိအားပေးခဲ့ရာ နိုင်ငံတကာဝေဖန်ပြစ်တင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။
ထို့ပြင် ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့တွင် ကျင်းပသော ၃၀ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့် (COP30) အစည်းအဝေးကိုလည်း အမေရိကန်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိခဲ့ရာ ယင်းမှာ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ကွန်ဖရင့်အား အမေရိကန်က ပထမဆုံးအကြိမ်အဖြစ် မည်သည့်အဆင့်မြင့်အရာရှိကိုမျှ မစေလွှတ်ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးနှစ်ရပ်ကို အမေရိကန်နိုင်ငံက တက်ရောက်ရန်ပျက်ကွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ တာဝန်များမှ နောက်ဆုတ်ရှောင်ဖယ်ခြင်းဖြစ်ကာ ၎င်းတို့နှုတ်အားဖြင့်သာ ထောက်ခံအားပေးလေ့ရှိသော ကမ္ဘာ့ အစိမ်းရောင်ငွေကြေးနှင့် နည်းပညာ လွှဲပြောင်းမှုထက် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ဂရုပြုကြောင်းကို လှစ်ဟပြလိုက်ခြင်းပင်ဖြစ်ကြောင်း ကိုင်ရိုမြို့ရှိ အမေရိကန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ နိုဟာ ဘာကာက ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20251126/b720394dd9c347c7b3d1005a4016bd30/c.html

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်တွင် ကျင်းပသော G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးဆိုင်ရာ မီဒီယာစင်တာကို ဝင်ရောက်လာသည့် မီဒီယာပညာရှင်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့တွင် ကျင်းပသော ၃၀ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဖရင့် (COP30) မျက်နှာစုံညီအစည်းအဝေးအတွင်း COP30 ဥက္ကဋ္ဌ Andre Correa do Lago (ရှေ့တန်း၊ ဝဲဘက် ဒုတိယ) က ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမှုဆောင်အတွင်းရေးမှူး Simon Stiell (ရှေ့တန်း၊ ဝဲဘက် ပထမ) ၊ အခြားရုံးဝန်ထမ်းများနှင့်အတူ ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
World Insights: World will no longer wait for absent U.S.
BEIJING, Nov. 26 (Xinhua) — In a world increasingly moving towards multipolarity, two major international gatherings held in recent days have captured global attention, with significant agreements reached in the absence of the United States.
The 30th Conference of the Parties (COP30) of the United Nations Framework Convention on Climate Change in Belem, Brazil, passed a key document on Saturday, underscoring the irreversible trend of global green transformation.
On the same day, the 20th Group of 20 (G20) Summit in Johannesburg, South Africa, adopted a joint declaration that emphasizes multilateral cooperation in addressing global challenges.
Despite the absence of the United States at both events, the international community pushed forward, achieving consensus and taking significant steps to tackle climate change and foster inclusive global development.
U.S. ABSENCE CREATES SPACE FOR GLOBAL CONSENSUS
On Sunday, South African President Cyril Ramaphosa declared the G20 summit closed, banging a ceremonial gavel on the table.
Traditionally, Ramaphosa was supposed to hand the gavel over to the leader of the country taking over the next rotating chairmanship of the G20, but U.S. President Donald Trump opted not to attend the summit. Washington had asked Ramaphosa to hand it over to a junior embassy official, but the South African president refused.
Not only did the U.S. government refuse to participate in the summit, but it also pressured South Africa to prevent the adoption of any summit outcome document without U.S. approval, drawing widespread international criticism.
The COP30 meeting, held in Belem, Brazil, also saw no high-level U.S. representatives in attendance, marking the first time that the United States did not send any senior officials to a United Nations (UN) climate conference.
The United States’ absence from the two events signals a retreat of its global responsibilities, and shows that it cares more about its interests rather than the global green finance and technology transfer that it used to advocate verbally, said Noha Bakir, a professor of political science at the American University in Cairo.
https://english.news.cn/20251126/b720394dd9c347c7b3d1005a4016bd30/c.html
Photo 1: Leaders attending the first session of the 20th G20 Summit, which focuses on inclusive and sustainable economic growth, pose for a group photo in Johannesburg, South Africa, Nov. 22, 2025. (Xinhua/Huang Jingwen)
Photo 2: Media professionals enter the media center for the Group of 20 (G20) Leaders’ Summit in Johannesburg, South Africa, Nov. 22, 2025. (Xinhua/Chen Wei)
Photo 3: President of the 30th United Nations Climate Change Conference (COP30) Andre Correa do Lago (2nd L, front) discusses with UN Climate Change Executive Secretary Simon Stiell (1st L, front) and other staff members during a plenary session of the COP30 in Belem, Brazil, on Nov. 22, 2025. (Photo by Lucio Tavora/Xinhua)
