International Organizations
ပရီးမီးယားလိဂ်ရာသီအစ နိုင်ပွဲပျောက်ပြီးနောက် ဝုဗ်နည်းပြချုပ်အဖြစ်မှ ပါရဲရား ထုတ်ပယ်ခံရ
လန်ဒန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲ ဆက်တိုက်နိုင်ပွဲပျောက်ခဲ့ပြီးနောက် ဝုဗာဟမ်တန်ဝန်းဒါရား (ဝုဗ်) အသင်းက ဗစ်တာပါရဲရားကို နည်းပြချုပ်အဖြစ်မှ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပယ်လိုက်သည်။
နိုဝင်ဘာ ၁ ရက်က ဖူလ်ဟမ်ကို ၃-၀ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သောပွဲမှာ ယခုရာသီတွင် ဝုဗ်၏ ပရီးမီးယား လိဂ် ၈ ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့သလို မစ်ဒ်လန်းဒေသမှ ဝုဗ်ကို ပရီးမီးယားလိဂ်ရပ်တည်မှု ဇယားတွင် အောက်ဆုံးသို့ ရောက်ရှိသွားစေခဲ့ပြီး တန်းမဆင်းရသည့်နေရာနှင့် ၈ မှတ် ကွာဟသွားစေခဲ့သည်။
“လွန်ခဲ့တဲ့ ဒီဇင်ဘာက မီလီနောက်စ်ကို ပါရဲရားနဲ့ သူ့ရဲ့နည်းပြအဖွဲ့ရောက်လာတော့ ချက်ချင်း အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဒုတိယရာသီဝက်မှာလည်း အသင်းကို အောင်မြင်မှုရအောင် ဦးဆောင်ပေးနိုင်ခဲ့တယ်” ဟု ဝုဗ်က နိုဝင်ဘာ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် ဖော်ပြခဲ့သည်။
“ဒါပေမဲ့ ဒီရာသီ ရလဒ်တွေနဲ့စွမ်းဆောင်မှုတွေကတော့ လက်ခံနိုင်တဲ့အဆင့်အတန်းရဲ့အောက်ကို ရောက်နေပြီး ဒီအကျိုးဆက်ကြောင့် ခေါင်းဆောင်မှုအပိုင်းအပြောင်းအလဲတစ်ခုကို လိုအပ်လို့ ဒီလိုပြုလုပ်လိုက်ရတာပါ” ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဝုဗ်က ယိမ်းယိုင်နေသည့်ရာသီကို ပြန်လည်တည့်မတ်ပေးနိုင်မည့် နည်းပြသစ်တစ်ဦးကို ရှာဖွေနေပြီဖြစ်သည်။
ပထမအသင်းနည်းပြချုပ်သစ်ကို အပြီးသတ်မခန့်အပ်နိုင်ခင်အချိန်အထိ ဝုဗ်ယူ-၂၁ နည်းပြချုပ် ဂျိမ်းစ် ကောလင်းစ်နှင့် ယူ-၁၈ နည်းပြချုပ်ရစ်ချတ်ဝေါ်လ်ကာတို့က ပထမအသင်း၏လေ့ကျင့်ရေးများကို တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဝုဗ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပါရဲရားမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဝုဗ်ကိုနည်းပြအဖြစ် စတင်တာဝန်ယူခဲ့သလို ယမန်နှစ် ရာသီက ပရီးမီးယားလိဂ်တွင်ဆက်လက်ရပ်တည်နိုင်အောင် အောင်မြင်စွာဦးဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် လွန်ခဲ့သည့် စက်တင်ဘာလအတွင်းကမှ ၃ နှစ် စာချုပ်သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် မားသီးယပ်စ်ကူညာက မန်ချက်စတာယူနိုက်တက်၊ ရာယန်အစ်နူရီက မန်ချက်စတာစီးတီး၊ အသင်းခေါင်းဆောင် နယ်လ်ဆင်ဆီမီဒိုက ဖီနာဘာချီသို့ ပြောင်းရွေ့ကြေးအလွတ်ဖြင့် ပြောင်းရွေ့သွားခဲ့ မှုများအပါအဝင် အဓိကကစားသမားများစွာကို ဆုံးရှုံးခဲ့ရသည့်ဝုဗ်မှာ ခက်ခဲ့သည့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို ရင်ဆိုင်ခဲ့ရသည်။ (Xinhua)
………………….
(English Version)
Pereira sacked as Wolves head coach after winless Premier League start
LONDON, Nov. 2 (Xinhua)
Wolverhampton Wanderers dismissed head coach Vitor Pereira on Sunday after a ten-game winless streak in the Premier League so far this season.
Saturday’s 3-0 defeat to Fulham marked Wolves’ eighth league loss of the campaign, leaving the Midlands outfit bottom of the table, eight points adrift of safety.
“Upon his arrival at Molineux last December, Pereira and his coaches made an immediate impact, guiding the team to a successful second half of the Premier League campaign,” the club said in a statement released on Sunday.
“However, results and performances this term have fallen below acceptable standards, and as a result a change in leadership was deemed necessary,” the statement added.
The club is now searching for a replacement as they look to revive its faltering campaign.
“Under-21 head coach James Collins and under-18 head coach Richard Walker will take training while the club finalise the appointment of a new first-team head coach,” the club said.
Pereira, who took charge in December 2024, had signed a new three-year contract in September, after successfully steering Wolves to Premier League survival last season.
However, a difficult summer saw Wolves lose several key players, including Matheus Cunha to Manchester United and Rayan Ait-Nouri to Manchester City, while captain Nelson Semedo left for Fenerbahce on a free transfer. ■
Photo:
Wolverhampton Wanderers’ Hwang Hee-Chan (C) celebrates with teammates after scoring during the English Premier League match between Arsenal and Wolverhampton Wanderers in London, Britain, on Feb. 24, 2022. (Xinhua)
