International Organizations
ဘရာဇီးစီးရီးအေပွဲစဥ်များတွင် ပါလ်မီးရက်စ်အသင်း ထိပ်ဆုံးမှဦးဆောင်
ဆော်ပေါ်လို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေပွဲစဥ် နိုဝင်ဘာ ၂ ရက်၌ Bruno Rodrigues နှင့် Felipe Anderson တို့ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး ပါလ်မီးရက်စ်အသင်းက ဂျူဗင်တပ်အသင်းကို အဝေးကွင်းတွင် ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။
Caxias do Sul တွင် ကျင်းပသည့်ကစားပွဲ၌ ပွဲစတင်ပြီး ၂၄ မိနစ်တွင် လွတ်ထွက်လာသည့်ဘောလုံးကို Rodrigues က ဂိုးတိုင်နှင့် ခြောက်ကိုက်အကွာမှသွင်းယူကာ အဖွင့်ဂိုးရရှိခဲ့သည်။
Anderson သည် တန်ပြန်တိုက်စစ်မှ Khellven ၏ အဝေးမှဖြတ်တင်ပေးပို့လိုက်သည့်ဘောလုံးကို ၁၈ ကိုက်အကွာခန့်မှ တည်တည်ငြိမ်ငြိမ်ဖြင့်ကွေ့ဝိုက်ကန်သွင်းကာ ဒုတိယဂိုးထပ်မံ ရရှိခဲ့သည်။
ယခုရလဒ်ကြောင့် ရှစ်ပွဲကစားရန်ကျန်ရှိနေသေးသည့် ပါလ်မီးရက်စ်အသင်းသည် ၆၅ မှတ်ရရှိခဲ့ပြီး ဒုတိယနေရာတွင် ရှိနေသည့် ဖလာမင်ဂိုအသင်းကို တစ်မှတ်သာဖြင့် ပထမနေရာတွင် ဆက်လက်ဦးဆောင် လျက်ရှိသည်။ ဂျူဗင်တပ်အသင်းမှာ ၂၆ မှတ်သာ ရရှိထားပြီး အသင်းနှစ်ဆယ်ပါဝင်သည့်အနက် အဆင့် ၁၉ နေရာ ရောက်ရှိနေသည်။
ရီယိုဒီဂျနေးရိုးမြို့တွင် ဘရာဇီးနိုင်ငံတကာလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းများဖြစ်သည့် Lucas Moura နှင့် Luiz Gustavo တို့က ဆော်ပေါ်လိုအသင်းအတွက် တစ်ဂိုးစီသွင်းယူကာ ဗာစကိုဒဂါးမားအသင်းကို ၂-၀ ဖြင့်အနိုင်ရရှိခဲ့သည်။
ပဲရစ်စိန့်ဂျာမိန်းနှင့်တော့တင်ဟမ် ကစားသမားဟောင်း Moura က ပထမပိုင်းတွင် ပယ်နယ်တီမှ တစ်ဂိုး ရရှိခဲ့ခြင်းဖြစ်ပြီး Aldemir Ferreira ပေးပို့သည့်ဘောလုံးကို Luiz ကခေါင်းတိုက်ကာ တစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဆော်ပေါ်လိုအသင်းသည် ရမှတ် ၄၄ မှတ်ဖြင့် အဆင့် ၈နေရာ ရောက်နေပြီး အဆင့် ၉ နေရာမှ ဗာစကိုဒဂါးမားအသင်းထက် ၂ မှတ်အသာရရှိထားသည်။
နိုဝင်ဘာ ၂ ရက် ဘရာဇီးထိပ်တန်းလိဂ်ပွဲစဥ်များတွင် အင်တာနယ်စီယွန် က အိမ်ကွင်းတွင် အက်သလက်တီကိုမက်ဒရစ်ကို သရေရလဒ်၊ Ceara ကအိမ်ကွင်းတွင် ဖလူမီနိကို ၂-၀ ဖြင့်အနိုင်ရရှိ၊ ဘာဟီးယား က အိမ်ကွင်းတွင် ဘရာဂန်တီနို အသင်းကို ၂-၁ ရလဒ် အသီးသီးရရှိခဲ့ပြီး ကိုရင်သီယန်အသင်းက အိမ်ကွင်းတွင် ဂရီမီယို အသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။ (Xinhua)
…………………….
(English Version)
Palmeiras edges clear in Brazil’s Serie A title race
SAO PAULO, Nov. 2 (Xinhua) — Bruno Rodrigues and Felipe Anderson scored in each half as leaders Palmeiras secured a 2-0 away win over Juventude in Brazil’s Serie A on Sunday.
Rodrigues opened the scoring in the 24th minute in Caxias do Sul by pouncing on a loose ball and firing home from the edge of the six-yard box.
Anderson doubled the advantage with a curling effort from 18 yards after Khellven’s long pass on the counterattack.
The result leaves Palmeiras with 65 points, a point ahead of second-placed Flamengo with eight matchdays remaining. Juventude is 19th in the 20-team standings with 26 points.
In Rio de Janeiro, former Brazil international midfielders Lucas Moura and Luiz Gustavo scored in Sao Paulo’s 2-0 away victory over Vasco da Gama.
Former Paris Saint-Germain and Tottenham player Moura converted a first-half penalty before Luiz headed in after Aldemir Ferreira’s cross.
Sao Paulo is now eighth in the standings with 44 points, two ahead of ninth-placed Vasco da Gama.
Elsewhere in Brazil’s top flight on Sunday, Internacional was held to a goalless home draw by Atletico Mineiro, Ceara won 2-0 at home to Fluminense, Bahia clinched a 2-1 home win over Bragantino, and Corinthians won 2-0 at home to Gremio.
Photo : Luiz Gustavo (2nd L) of Vasco da Gama competes during the 2018 Brazilian Serie A match between Vasco da Gama and Palmeiras at the Sao Januario Stadium, in Rio de Janeiro, Brazil, on Nov. 25, 2018. (Xinhua/Li Ming)
