Connect with us

International Organizations

ပီအက်စ်ဂျီနှင့်ပွဲကြီးပွဲကောင်းမတိုင်မီ ဘိုင်ယန်နှင့်ပတ်သက်ပြီး ကင်မစ်ရှ် နှိမ့်ချစကားဆို

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၌ ဘိုရက်စ်ဆီယာဒေါ့မွန်နှင့်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲကို အနိုင်ရပြီး နောက် အသင်း၏လာဘ်ကောင်"ဘာနီ"နှင့်အတူ အောင်ပွဲခံနေသည့်ဘိုင်ယန်မြူးနစ်မှ ဟယ်ရီကိန်း (ယာ) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဘာလင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အတွေ့အကြုံသည် ဂျိုရူအာကင်မစ်ရှ်ကို ရိုးရှင်းသောအမှန်တရားများဆီသို့ လမ်းညွှန်ပေးနေပုံပေါ်နေ သည်။
လက်ရှိ ချန်ပီယံပီအက်စ်ဂျီနှင့် ကစားရမည့် ဘိုင်ယန်မြူးနစ်၏ အရေးကြီးသော ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဥ်မတိုင်မီ ကလပ်ပရိသတ်များက ရည်မှန်းချက်မြင့်မားနေကြချိန်တွင် ကွင်းလယ် ကစားသမားကင်မစ်ရှ်ကမူ စိတ်ခံစားချက်များကို ထိန်းသိမ်းလျက်ရှိနေသည်။
” နိုဝင်ဘာလမှာ ဘောလုံးချန်ပီယံဖလားတွေရတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး” ဟု ဂျာမနီလက်ရွေးစင်ကင်မစ်ရှ်က ပြောခဲ့သလို ရာသီအစတာထွက်ကောင်းမှုကလည်း အောင်မြင်မှုရမည် ဆိုသော အာမခံချက်များမဟုတ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ဘောလုံးရာသီအဖွင့်တွင် ၁၅ ပွဲဆက်တိုက်နိုင်ပွဲရခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက်တွင် ကစားမည့် ပီအက်စ်ဂျီနှင့်ပွဲစဥ်အတွက် ဘိုင်ယန်မြူးနစ်ကို ယုံကြည်မှုအပြည့်ရှိနေစေသော်လည်း ကိုယ်တိုင် အားရကျေနပ်နေခြင်းများက စိုးရိမ်ရမည့်အရာဖြစ်နေသည်။
“ကျွန်တော်တို့ရဲ့ အဟုန်ကိုဆက်ထိန်းသွားနိုင်ခဲ့ရင် ဘိုင်ယန်မြူးနစ်ကိုအနိုင်ကစားဖို့ခက်ခဲပါလိမ့်မယ်” ဟု ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ မက်စ်အက်ဘရယ်က ပြောခဲ့သလို ပဲရစ်မြို့၌ကစားရမည့် ပွဲကိုလည်း “ဥရောပထိပ်သီးအသင်းများ၏ စမ်းသပ်ပွဲတစ်ပွဲ” ဟုလည်း သတ်မှတ်ခေါ်ဆိုခဲ့သည်။
ဘောလုံးပိုင်းဆိုင်ရာကျွမ်းကျင်သူများက ဘွန်ဒက်စ်လီဂါချန်ပီယံပြိုင်ပွဲပြီးဆုံးသွားခဲ့ပြီဟု ကြေညာ ထားကြပြီးဖြစ်သော်လည်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကမူ အမှန်တကယ် အကဲဖြတ်ရဦးမည့်ပြိုင်ပွဲ အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
“ဥရောပဘောလုံးလောကရဲ့ အမြင့်မားဆုံးပြင်းထန်မှုကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ပီအက်စ်ဂျီက ယုံကြည်မှုရှိတယ်၊ ကျွန်တော်တို့ကလည်း ယုံကြည်မှုရှိပါတယ်” ဟု ဘိုင်ယန်မြူးနစ် နည်းပြ ဗင်းဆင့်ကွန်ပနီက ပြောခဲ့သည်။ ကွန်ပနီက ၎င်း၏ကစားသမားများအား “အတုမရှိ ပြိုင်ဘက် ကင်းသောပွဲတစ်ပွဲ” ကို ခံစားရန်တိုက်တွန်းခဲ့သော်လည်း ကင်မစ်ရှ်၏သတိပေးချက်ကို လက်ခံစကား ပြောကြားခဲ့သည်။
” အစကောင်းတယ်ဆိုတာက ခင်ဗျား ရှေ့ဆက်သွားဖို့ တွန်းအားပေးနေရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ”ဟု ကွန်ပနီက ပြောခဲ့သလို “ရလဒ်တွေနဲ့ပတ်သက်လို စိတ်ပူစရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒီလိုအဆင့် မျိုးမှာ ပျော်ရွှင်စွာဘောလုံးကစားနိုင်ဖို့ကသာ အရေးကြီးဆုံးပါ” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်၏ပြီးပြည့်စုံသောပုံစံကိုရရှိနေသော်လည်း ကွန်ပနီကမူ သက်သောင့်သက်သာဖြစ်ခြင်းကို လက်မခံဘဲ နောက်ဆုံးမီတာအထိ တူညီစွာအားစိုက်ထုတ်ကစားကြရန် လိုလားလျက်ရှိနေသည်။
လွန်ခဲ့သည့်သီတင်းပတ်က ၂၀၂၃-၂၀၂၄ ရာသီ ဘွန်ဒက်စ်လီဂါချန်ပီယံ လေဗာကူဆင်ကို ၃-၀ ဂိုးရလဒ်ဖြင့် အနိုင်ကစားခဲ့ခြင်းကလည်း ဘိုင်ယန်မြူးနစ်၏ အရှိန်အဟုန်ကို ပိုမိုအားကောင်းစေခဲ့သည်။ ဟယ်ရီကိန်း၊ မိုက်ကယ်အိုလီဆေးနှင့် လူးဝစ်ဒီယာ့ဇ်တို့က အရန်ခုံတန်းပေါ်၌ တစ်နာရီကြာရှိခဲ့သော်ငြား ဘိုင်ယန်မြူးနစ်၏ကစားပုံအဆင့်အတန်းက မည်သည့်အခါမှကျဆင်းသွားခဲ့ခြင်းမရှိကြောင်း ကင်မစ်ရှ် က အခိုင်အမာပြောခဲ့သည်။
“အရန်ခုံတန်းပေါ်မှာ ဘယ်သူပဲ ရှိနေပါစေ၊ ဘိုင်ယန်မြူးနစ်က တူညီကောင်းမွန်တဲ့ ဘောလုံးကစားဟန် အတိုင်း ကစားကြပါတယ်”ဟု ကင်မစ်ရှ်က ပြောခဲ့သလို လက်ရှိအသင်း၏ စုဖွဲ့မှုနှင့် စိတ်ဓါတ်က ချန်ပီယံဆုများဆီသို့ ဦးဆောင်ပေးနေသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
ပွဲထွက်ကစားသမားများ၏ ပြင်းထန်မှုကို ယှဥ်နိုင်သည့် ဘိုင်ယန်မြူးနစ်အရန်ကစားသမားများကိုလည်း ကင်မစ်ရှ်က ချီးကျူးခဲ့ပြီး လက်ရှိအသင်းမှာ လွန်ခဲ့သည့်နှစ်များအတွင်းက ဘိုင်ယန်အသင်းများထက် ပိုမို ကောင်းမွန်သောအသင်းဖြစ်ကြောင်းလည်း သတ်မှတ်ခေါ်ဆိုခဲ့သည်။
အားကစားဒါရိုက်တာ အက်ဘရယ်က ဘိုင်ယန်မြူးနစ်အသင်း၏ “ပျော်ရွှင်မှု၊ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် စွမ်းအား” ကိုချီးကျူးခဲ့ချိန်တွင် နည်းပြကွန်ပနီကလည်း နိုင်ငံတကာပွဲများအပြီးနောက်ပိုင်းမှစ၍ ဘိုင်ယန်မြူးနစ်မှာ “ထိပ်တန်းအဆင့်အခြေအနေတွင်ရှိနေပြီး ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိ” ကြောင်း ပြောကြားထားသည်။
“ပဲရစ်မြို့မှာကစားရမယ့်ပွဲက ချန်ပီယံလိဂ်ကို အဆုံးအဖြတ်ပေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပွဲတိုင်းကို အနိုင်ရအောင်ကစားချင်ဆဲပါပဲ” ဟုလည်း ကွန်ပနီက ပြောခဲ့သည်။
ဘိုင်ယန်မြူးနစ်အဖွဲ့ဝင်များက နိုဝင်ဘာ ၂ ရက်တွင် အထွေထွေအစည်းအဝေးပြုလုပ်ခဲ့ကြသလို ပထမ အသင်းနှင့် ဝန်ထမ်းများကလည်း ပဲရစ်မြို့မှစောင့်ကြိုနေသောချန်ပီယံလိဂ်ညကို အပြည့်အဝအာရုံစိုက် နေကြလေသည်။ (Xinhua)
……………………
(English Version)
Kimmich keeps Bayern grounded ahead of PSG showdown
BERLIN, Nov. 2 (Xinhua)
Experience appears to guide Joshua Kimmich toward simple truths.
While Bayern Munich fans are riding high ahead of the club’s key UEFA Champions League clash at title holders Paris Saint-Germain, the midfielder is keeping emotions in check.
“Titles in football have never been won in November,” the Germany international said, noting that a strong start guarantees nothing.
After 15 straight wins to open the 2025-26 season, Bayern enters Tuesday’s game against PSG brimming with confidence but wary of complacency.
“If we keep our pace, we are hard to beat,” said sporting director Max Eberl, calling the Paris meeting “a test between Europe’s top teams.”
Back home, pundits have already declared the Bundesliga title race over, yet Europe remains the real measure.
“We expect the highest intensity in European football. They are confident, we are confident,” coach Vincent Kompany said. He urged his players to savor “a unique game,” but echoed Kimmich’s caution.
“A good start means you must keep pushing forward,” Kompany said. “There’s no point worrying about results. The most important thing is to enjoy football at that level.”
Despite Bayern’s perfect form, Kompany refuses to ease up, demanding the same effort “down to the last meter.”
The club’s 3-0 win over 2023-24 Bundesliga champion Bayer Leverkusen last week added to its momentum. Even with Harry Kane, Michael Olise and Luis Diaz on the bench for an hour, Kimmich insisted the team’s standard never drops.
“We play the same good football no matter who is on the pitch,” he said, adding that the current group’s depth and spirit would “lead to titles.”
He praised the club’s fringe players for matching the intensity of the starters, calling this squad “on a higher level than most Bayern teams in past years.”
Eberl hailed the team’s “joy, determination and energy,” while Kompany said the squad returned from the break “in top condition, with no fitness concerns.”
“The Paris game won’t decide the Champions League,” Kompany added. “But we still want to win every match.”
As Bayern members convened for a general assembly on Sunday, the first team and staff stayed behind, fully focused on the night that awaits in Paris. ■
Photo:
Harry Kane (R) of Bayern Munich celebrates with club mascot “Berni” after winning the Bundesliga match against Borussia Dortmund in Munich, Germany, Oct. 18, 2025. (Photo by Philippe Ruiz/Xinhua)