Africa & Middle East
အီဂျစ်နိုင်ငံက မဟာအီဂျစ်ပြတိုက် ဖွင့်လှစ်၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုနှင့် စီးပွားမြှင့်တင်မှုကို အလေးထား
ကိုင်ရို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၏ မဟာအီဂျစ်ပြတိုက် (GEM) တရားဝင်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် နိုင်ငံ့စီးပွားရေးအား သစ်လွင်သောအရှိန်အဟုန်ဖြည့်တင်းရန် မျှော်မှန်းထားကြောင်းနှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော အဆိုပါပြတိုက်တွင် အီဂျစ်နိုင်ငံ၏ ယဉ်ကျေးမှုအခင်းအကျင်းအား ဆွဲဆောင်မှုအသစ် ဖြည့်တင်းလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
GEM ဖွင့်လှစ်လိုက်ခြင်းသည် ယဉ်ကျေးမှုသမိုင်းမှတ်တိုင်ဖြစ်သည်သာမက ယဉ်ကျေးမှုခရီးသွားလုပ်ငန်းအတွက် ပြန်လည်ရှင်သန်မှုအားအထောက်အကူပြုခြင်း၊ ခရီးသွားဧည့်သည်များ နေထိုင်မှုအား သက်တမ်းတိုးမှု၊ လာမည့်နှစ်များအတွင်း နှစ်စဉ် ခရီးသွားဧည့်သည် သန်း ၃၀ ဆွဲဆောင်ရေး ရည်မှန်းချက်ပြည့်မီရေး အီဂျစ်နိုင်ငံ၏ ဆောင်ရွက်မှုကို ပံ့ပိုးခြင်းအတွက်လည်းဖြစ်ကြောင်း Upper Egypt ၏ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း မာကတ်တင်းကော်မတီ အကြီးအကဲ မိုဟာမက် အို့သ်မန်က ပြောကြားခဲ့သည်။
ဂီဇာကုန်းပြင်မြင့်ပေါ်တွင် တည်ရှိပြီး မဟာပိရမစ်များနှင့် ခြင်္သေ့ခန္ဓာကိုယ်လူမျက်နှာ စဖင့်ရုပ်တုနေရာမှ ၂ ကီလိုမီတာမျှသာကွာဝေးသော GEM သည် စတုရန်းမီတာ ၅၀၀,၀၀၀ ခန့် ကျယ်ဝန်းပြီး ယဉ်ကျေးမှုတစ်စုတစ်စည်းတည်းရှိရာ ကမ္ဘာ့အကြီးဆုံး ပြတိုက်အဖြစ်လည်း တည်ရှိသည်။
အချိန်ဆယ်စုနှစ်နှစ်ခုကြာ တည်ဆောက်ပြီးနောက် ဘီလီယံဒေါ်လာနှင့်ချီ တန်ဖိုးရှိသော အဆိုပါ ပြတိုက်ကို နိုဝင်ဘာ ၁ ရက် ညနေပိုင်းက ကျင်းပသည့် တရားဝင်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံနှင့် အစိုးရဌာန အကြီးအကဲများ အပါအဝင် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ဒါဇင်နှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။
ထိုပြတိုက်တွင် သက်တမ်း ၃,၂၀၀ ရှိပြီး အမြင့် ၁၂ မီတာရှိသော ဒုတိယ ရမ်ဆီးစ်ဘုရင်၏ ရုပ်တု အပါအဝင် နှစ်ပေါင်းထောင်ချီရှိသည့် အီဂျစ်သမိုင်းကြောင်းကို ဖော်ပြသည့် အမွေအနှစ် အရေအတွက် ၁၀၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7UE

အီဂျစ်နိုင်ငံ ဂီဇာမြို့ရှိ မဟာအီဂျစ်ပြတိုက် (GEM) ဖွင့်ပွဲအခမ်းအနား၌ ဒရုန်းနှင့် မီးအလှပြပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ဂီဇာမြို့တွင် ကနဦးဖွင့်လှစ်ထားသော မဟာအီဂျစ်ပြတိုက် (GEM) သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Egypt opens Grand Egyptian Museum, eyes tourism boom, economic lift
CAIRO, Nov. 2 (Xinhua) — The official opening of Egypt’s Grand Egyptian Museum (GEM) is expected to boost the country’s tourism industry and inject fresh momentum into its economy, tourism experts said, as the long-awaited landmark adds a new attraction to Egypt’s cultural landscape.
Mohamed Othman, head of the Cultural Tourism Marketing Committee in Upper Egypt, said the GEM’s debut was not only a cultural milestone but also a catalyst for reviving cultural tourism, extending visitors’ stays, and helping Egypt move toward its goal of attracting 30 million tourists annually in the coming years.
Located on the Giza Plateau, just 2 kilometers from the Pyramids and the Sphinx, the GEM spans approximately 500,000 square meters, establishing it as the world’s largest museum dedicated to a single civilization.
After two decades of construction, the billion-dollar complex opened officially on Saturday evening in a ceremony attended by dozens of international delegations, including heads of state and government.
The museum houses more than 100,000 artifacts spanning thousands of years of Egyptian history, including a 12-meter-tall, 3,200-year-old statue of King Ramses II. xhtxs.cn/7UE
Photo 1: Actors perform at the inauguration of the Grand Egyptian Museum (GEM) in Giza, Egypt, Nov. 1, 2025. (Xinhua)
Photo 2: This photo taken on Nov. 1, 2025 shows a drone and light show during the inauguration of the Grand Egyptian Museum (GEM) in Giza, Egypt. (Xinhua/Ahmed Gomaa)
Photo 3: Tourists visit the Grand Egyptian Museum during a pilot run in Giza, Egypt, on June 12, 2025. (Xinhua/Ahmed Gomma)
