International Organizations
လာလီဂါတွင် ဘာစီလိုနာ အနိုင်ရရှိခဲ့ပြီး ယမားလ် ဂိုးသွင်းယူနိုင်ခဲ့၊ ရီးရဲလ်မက်ဒရစ်က ငါးမှတ်ဖြတ်၍ ဆက်လက်ဦးဆောင်နေ
																								
												
												
											မက်ဒရစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အယ်လ်ချီကို အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ယူကာ အဆင့်-၂ သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အဆိုပါပွဲစဉ်၌ ဘာစီလိုနာအတွက် သွင်းဂိုးများကို လာမင်း ယမားလ်၊ ဖယ်ရန် တောရက်စ်နှင့် မားကပ်စ် ရက်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့သည်။
သို့သော် နိုဝင်ဘာ ၁ ရက်က အိမ်ကွင်း၌ ဗလင်စီယာကို ၄ ဂိုးပြတ် အနိုင်ရခဲ့သည့် ရီးရဲလ်မက်ဒရစ်က ဇယားထိပ်ဆုံးတွင် ငါးမှတ်အသာဖြင့် ဦးဆောင်နေဆဲဖြစ်ကာ ရီးရဲလ်အတွက် အနိုင်ဂိုးများကို ကီလီယန် အမ်ဘာပေက နှစ်ဂိုး၊ ဂျုဒ် ဘယ်လင်ဟမ်နှင့် အယ်လ်ဗာရို ကာရဲရက်စ်တို့က တစ်ဂိုးစီသွင်းယူခဲ့သည်။
ပွဲချိန်ကိုးမိနစ်တွင် ယမားလ်၏ အားပါသောကန်ချက်ကို အယ်လ်ချီဂိုးသမား အင်နာကီ ပီနာ ကာကွယ်နိုင်ခြင်း မရှိသည့်အတွက် ဘာစီလိုနာ အဖွင့်ဂိုးရရှိခဲ့သည်။ ပီနာမှာ ဘာစီလိုနာအသင်းမှ အယ်လ်ချီအသင်းထံ အငှားဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။
ထို့နောက် နှစ်မိနစ်အကြာတွင် အယ်လ်ချီအသင်း၏ ကွင်းဘက်ခြမ်း၌ ဘောလုံးရရှိပြီးနောက် ဖာမင် လိုပက်ဇ်၏ ဖန်တီးပေးမှုကို တောရက်စ်က ပိတ်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့သည်။
ပထမပိုင်းမပြီးဆုံးမီ သုံးမိနစ်အလိုတွင် ရာဖာ မီယာက ရော်နယ် အာရူဟိုကို ကျော်ဖြတ်ကာ အားပါသောကန်ချက်ဖြင့် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် မိနစ် ၆၀ တွင် ရက်ရှ်ဖို့ဒ်က ဘယ်ခြေကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့သဖြင့် ဘာစီလိုနာက ၃-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ကာ အဆိုပါသွင်းဂိုးကို လိုပက်ဇ်ကပင် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
ထို့အတူ ရီးရဲလ်ဘက်တစ်က မာယော့ကာကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အန်တိုနီက နှစ်ဂိုးသွင်းယူခဲ့သည်။ ၎င်းအနေဖြင့် ပွဲချိန် ၁၀ မိနစ်တွင် ၂၅ မီတာအကွာမှ ကန်သွင်း၍လည်းကောင်း၊ ပွဲချိန် ၃၄ မိနစ်တွင် ဝေ့ဝိုက်ကန်ချက်ဖြင့်လည်းကောင်း အသီးသီးသွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၃၇ မိနစ်တွင် အက်ဇ် အက်ဘ်ဒီက ဘက်တစ်အတွက် တတိယဂိုးသွင်းယူခဲ့ကာ မာယော့ကာအသင်းမှာမူ အဆိုပါပွဲစဉ်တွင် ဂိုးပေါက်တည့်သည့်ကန်ချက် တစ်ကြိမ်သာရှိခဲ့သည်။
အလာဗက်စ်နှင့် အက်စ်ပန်ညိုအသင်း၏ ပွဲစဉ်၌ အလာဗက်စ်က ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ကာ ထိုပွဲစဉ်၌ လူးကက်စ် ဘိုယေမှာ အသင်း၏ သူရဲကောင်းအဖြစ်မှ ဗီလိန်ဖြစ်ခဲ့ရသည်။ ပွဲအစပိုင်းတွင် ဒန်းနစ် ဆွာရက်ဇ်က အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက် ဘိုယေက ဒုတိယဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးခါနီးတွင် ၎င်းမှာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ အက်စ်ပန်ညိုအတွက် ချေပဂိုးတစ်ဂိုးကို ဒုတိယပိုင်းပွဲစပြီး ၁၀ မိနစ်အကြာတွင် ရော်ဘတ်တို ဖာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့သည်။
ဆယ်လ်တာဗီဂိုနှင့် လီဗန်တေးအသင်း၏ပွဲစဉ်တွင် ဆယ်လ်တာဗီဂိုက အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး မစ်ဂယ် ရိုမန်က နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၂၉ မိနစ်တွင် အူနိုင်း ဗင်ဆီဒေါ ထုတ်ပယ်ခံရသဖြင့် အိမ်ရှင်အသင်းမှာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ လီဗန်တေးအသင်း ပင်နယ်တီလွဲချော်ပြီးနောက် ပွဲချိန်မိနစ် ၄၀ တွင် အော်စကာ မင်ဂူဇာက ဆယ်လ်တာဗီဂိုအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်းပွဲချိန် ၆၆ မိနစ်တွင် ကာဗင် အာရီယာဂါက လီဗန်တေးအတွက် ချေပဂိုးသွင်းယူခဲ့သော်လည်း ဘော်ဟာ ဂလက်စီယာစ်က ဂိုးဧရိယာထဲသို့ ကန်တင်ပေးမှုကို လီဗန်တေးခံစစ် ရှင်းမထုတ်နိုင်စဉ် ရိုမန်က အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဘာစီလိုနာအသင်းနှင့် အိုလံပီယာကော့စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ဘာစီလိုနာကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်ကစားသမား အယ်လ်ဗာရို ကာရဲရက်စ် (ဝဲ-စတုတ္ထ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)



………………………………
(English Version)
Yamal scores in Barca win, Real Madrid maintains 5-point lead in La Liga
MADRID, Nov. 2 (Xinhua) — FC Barcelona returned to second place in La Liga on Sunday with a 3-1 home win over Elche, with goals from Lamine Yamal, Ferran Torres and Marcus Rashford.
Real Madrid kept its five-point lead at the top with a 4-0 home win over Valencia on Saturday, as Kylian Mbappe scored twice and Jude Bellingham and Alvaro Carreras added one each.
Yamal opened the scoring in the ninth minute with a powerful shot past Elche goalkeeper Inaki Pena, who is on loan from Barcelona.
Barcelona doubled its lead two minutes later after winning possession deep in Elche’s half. Fermin Lopez fed Torres to finish.
Rafa Mir pulled one back for Elche three minutes before halftime after getting the better of Ronald Araujo and finishing with a powerful shot. Rashford made it 3-1 on the hour with a left-footed shot, with Lopez again providing the assist.
Antony scored twice as Real Betis beat Mallorca 3-0 at home. He struck from 25 meters after 10 minutes, then curled in a second in the 34th minute.
Ez Abde added Betis’ third in the 37th minute against a Mallorca side that produced one shot on target.
Lucas Boye was hero and villain for Deportivo Alaves in a 2-1 home win over Espanyol, scoring after Denis Suarez’s early opener before being sent off late for a second yellow card. Roberto Fernandez had pulled Espanyol back into the match with a header 10 minutes into the second half.
Miguel Roman scored a stoppage-time winner as Celta Vigo claimed a 2-1 away victory over Levante.
The home side went down to 10 men after Unai Vencedor was sent off in the 29th minute, and Celta took a 40th-minute lead through Oscar Mingueza moments after Levante missed a penalty. Kervin Arriaga equalized for Levante midway through the second half, but Roman decided it after Levante failed to clear a Borja Iglesias chip into the area.
English Caption 1
Marcus Rashford of FC Barcelona competes during the La Liga football match between FC Barcelona and Valencia CF in Barcelona, Spain, on Sept. 14, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Players of FC Barcelona celebrate during the Champions League football match between FC Barcelona and Olympiacos in Barcelona, Spain, Oct. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Alvaro Carreras (4th L) of Real Madrid celebrates his goal with teammates during the La Liga football match between Real Madrid and Valencia CF at Santiago Bernabeu Stadium in Madrid, Spain, Nov. 1, 2025. (Photo by Gustavo Valiente/Xinhua)
