International Organizations
WTA Finals တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဆီဒင်-၁ တင်းနစ်မယ် ဆာဘလန်ကာ အနိုင်ရရှိ
																								
												
												
											ရီယတ်ဒ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA Finals တင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဆီဒင်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာက အီတလီတင်းနစ်မယ် ဂျက်စမင် ပေါင်လီနီကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။
ဆာဘလန်ကာမှာ ဆီဒင်-၈ ပေါင်လီနီကို လေးပွဲဆက်တိုက် အနိုင်ရရှိထားသည်။ ၎င်းမှာ ပြိုင်ဘက်၏ စပေးဘောမှ စောစောစီးစီး အမှတ်ရခဲ့ပြီး ပေါင်လီနီမှာ ပွဲငယ်ခုနစ်ပွဲမြောက်တွင် ပြိုင်ဘက်၏စပေးဘောမှ အမှတ်ပြန်ယူနိုင်ခဲ့သော်လည်း ဆာဘလန်ကာက ချက်ချင်းတုံ့ပြန်နိုင်ခဲ့ပြီး ပထမပွဲလတ်တွင် ၆-၃ ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲလတ်တွင် ဆာဘလန်ကာက ပြိုင်ဘက်၏စပေးဘောမှ သုံးကြိမ်အမှတ်ယူနိုင်ခဲ့ပြီး ၆-၁ ဖြင့် ထပ်မံအနိုင်ရခဲ့သည်။
ရလဒ်ပိုင်းအရ ပြတ်ပြတ်သားသား ရှိခဲ့သော်လည်း ဆာဘလန်ကာမှာ စပေးဘောများတွင် စိန်ခေါ်မှုများရှိခဲ့သလို ရမှတ် ၄၀-၄၀ ချင်းတူနေသည့် အခြေအနေနှင့် အကြိမ်ကြိမ်ကြုံခဲ့ရသည်။ သို့သော် ၎င်းအနေဖြင့် အရေးကြီးသည့် အခိုက်အတန့်များတွင် စိတ်ဓာတ်ကြံ့ခိုင်စွာ ကစားနိုင်ခဲ့ပြီး ace ၁၁ ကြိမ် ရရှိခဲ့သလို ကွင်းနောက်စည်းနားတွင် နေရာယူကာ အားပါသောရိုက်ချက်များဖြင့် ဖိအားများကို တုံ့ပြန်ကစားနိုင်ခဲ့သည်။
“ကျွန်မတို့ အကြိမ်တော်တော်များများ ယှဉ်ပြိုင်ကစားဖူးပြီး အကြိမ်တိုင်းမှာလည်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်” ဟု ဆာဘလန်ကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ရမှတ်ဘယ်လောက်ရတယ်ဆိုတာက အဓိကမကျပါဘူး။ ကျွန်မ အမြဲတမ်းအာရုံစိုက်ထားရမယ်ဆိုတာ သိပါတယ်။ သူ့ကို အခွင့်အရေး ပေးလိုက်မယ်ဆိုရင် သူက အဲဒါကိုအသုံးချပြီး ပွဲကိုထိန်းချုပ်သွားမှာပါ။ ဒါကြောင့် ဒီနေ့ ကျွန်မရဲ့အာရုံစူးစိုက်မှုအပေါ်မှာ တော်တော်လေး ကျေနပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
ဆာဘလန်ကာမှာ အဆိုပါရာသီပိတ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဆုဖလားကိုင်မြှောက်နိုင်ရန် ကြိုးပမ်းနေကာ ၎င်းအနေဖြင့် ငါးကြိမ်ဆက်တိုက် ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။ “ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်ရမယ်မှန်း ကျွန်မသိပေမဲ့ ဒီပြိုင်ပွဲကို ပုံမှန်ပြိုင်ပွဲတစ်ခုလိုပဲ သဘောထားပါတယ်။ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့ ဆုဖလားကို ကိုင်မြှောက်ချင်တယ်ဆိုရင် ကျွန်မ ငါးပွဲအနိုင်ရဖို့လိုမယ်မှန်း သိပါတယ်။ ဒါကြောင့် ကျွန်မ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပွဲတိုင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ပြိုင်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် အခြားပွဲစဉ်တစ်ပွဲတွင် လက်ရှိချန်ပီယံနှင့် ဆီဒင်-၃ တင်းနစ်မယ် ကိုကိုဂတ်ဖ်က double fault ၁၇ ကြိမ် လုပ်မိခဲ့ပြီး တစ်နိုင်ငံတည်းမှ ပြိုင်ဘက်ဖြစ်သူ ဂျက်ဆီကာ ပက်ဂူလာကို ၆-၃၊ ၆-၇ (၄)၊ ၆-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။ (Xinhua)

ဆော်ဒီနိုင်ငံ ရီယတ်ဒ်မြို့တွင် ကျင်းပသည့် ပြိုင်ပွဲဝင်ငါးဦး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရသော WTA Finals တင်းနစ်ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲ၌ အီတလီတင်းနစ်မယ် ဂျက်စမင် ပေါင်လီနီအား အနိုင်ရပြီးနောက် အောင်ပွဲခံနေသည့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံ ရီယတ်ဒ်မြို့တွင် ကျင်းပသည့် ပြိုင်ပွဲဝင်ငါးဦး ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ရသော WTA Finals တင်းနစ်ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲအဖြစ် အီတလီတင်းနစ်မယ် ဂျက်စမင် ပေါင်လီနီ (ဝဲ) နှင့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာတို့ ယှဉ်ပြိုင်မကစားမီ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(English Version)
Top seed Sabalenka makes winning start at WTA Finals
RIYADH, Nov. 3 (Xinhua) — Top seed Aryna Sabalenka of Belarus opened her WTA Finals campaign with a straight-sets win over Italy’s Jasmine Paolini on Sunday.
Sabalenka arrived on a four-match winning streak against the eighth-ranked Paolini. She broke early after holding serve, and although Paolini broke back in the seventh game, Sabalenka responded immediately and took the first set 6-3. In the second set, Sabalenka broke three times to close out a 6-1 win.
Despite the scoreline, Sabalenka was tested on serve and was pushed to deuce several times. She held firm in key moments, leaning on 11 aces and aggressive baseline play to fend off pressure.
“We’ve played a lot, and every time it’s a tough battle,” Sabalenka said afterward. “It doesn’t matter what the score is. I know I always have to stay focused, and if you give her an opportunity, she’s going to step in and take control of the game. So, I think I’m most happy with my focus today.”
Sabalenka is seeking her first title at the season-ending event, in what is her fifth consecutive appearance. “I know there is a round robin, but I’m trying to take this tournament as a regular tournament, and I know that I have to win five matches if I want to hold this beautiful trophy. So basically, my mindset is just to go out there and compete and fight for every match,” she said.
In the other match of the day, defending champion and third seed Coco Gauff committed 17 double faults in a 6-3, 6-7 (4), 6-2 loss to fellow American Jessica Pegula.
English Caption 1
Aryna Sabalenka of Belarus returns a ball during the round robin match against Jasmine Paolini of Italy at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 2, 2025. (Xinhua/Luo Chen)
English Caption 2
Aryna Sabalenka of Belarus celebrates for winning the round robin match against Jasmine Paolini of Italy at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 2, 2025. (Xinhua/Luo Chen)
English Caption 3
Jasmine Paolini (L) of Italy and Aryna Sabalenka of Belarus pose for photos before their round robin match at WTA Finals tennis tournament in Riyadh, Saudi Arabia, on Nov. 2, 2025. (Xinhua/Luo Chen)
