Connect with us

International Organizations

အက်သလက်တီကို မက်ဒရစ်နှင့် စပိန်နောက်ခံလူ လီနော်မန်း ဒူးဒဏ်ရာကြောင့် နှစ်ကုန်အထိ အနားယူရဖွယ်ရှိ

စပိန်နိုင်ငံ ဗယ်လာဒိုလစ်မြို့တွင် စပိန်အသင်းနှင့် ဂျော်ဂျီယာအသင်းတို့၏ ၂၀၂၄ ခုနှစ် ယူအီးအက်ဖ်အေ ယူရို အုပ်စုအေ ခြေစစ်ပွဲအတွင်း ၎င်း၏သွင်းဂိုးအတွက် အောင်ပွဲခံနေသည့် စပိန်အသင်းမှ ရော်ဘင် လီနော်မန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အိမ်ကွင်းတွင် နိုဝင်ဘာ ၄ ရက်၌ Union Saint-Gilloise (ယူနီယံ စိန့်-ဂေးလွိုက်စ်) အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် စပိန်လက်ရွေးစင် နောက်ခံလူ ရော်ဘင် လီနော်မန်းမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ယခုနှစ်ကုန်အထိ အနားယူရဖွယ်ရှိကြောင်း အတည်ပြုချက်နှင့်အတူ အက်သလက်တီကို မက်ဒရစ်အသင်းသည် အရေးပါသော ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည်။

နောက်ခံကစားသမား လီနော်မန်းသည် နိုဝင်ဘာ ၁၅ ရက်နှင့် ၁၈ ရက်တို့တွင် ဂျော်ဂျီယာအသင်း၊ တူရကီအသင်းတို့နှင့် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲကိုလည်း ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။
လီနော်မန်းသည် မက်ထရိုပိုလီတာနို အားကစားကွင်းတွင် နိုဝင်ဘာ ၄ ရက်က ကစားခဲ့သော အဆိုပါပွဲစဉ်၏ ပထမပိုင်း၌ ကွင်းလယ်တွင် တစ်ဖက်အသင်းမှကစားသမားတစ်ဦးနှင့် တိုက်မိပြီးနောက် ၎င်းဒူးဒဏ်ရာရရှိကာ အနည်းငယ်ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲမှထွက်ခွာသွားခဲ့သည်။

လီနော်မန်း ပြန်လည်ကစားမည့် ခန့်မှန်းရက်စွဲကို ကလပ်အသင်းက မထုတ်ပြန်သေးသော်လည်း El Mundo Deportivo သတင်းစာကမူ လီနော်မန်းအနေဖြင့် တစ်လမှ နှစ်လအကြား အနားယူရဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး ၎င်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကစားနိုင်ဖွယ်ရှိမည် မဟုတ်ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Atletico Madrid and Spain defender Le Normand possibly out for rest of year with knee injury
MADRID, Nov. 5 (Xinhua) — Atletico Madrid has suffered a crucial injury setback with the confirmation that Spain international defender Robin le Normand sustained a knee injury in Tuesday’s 3-1 Champions League win at home to Union Saint-Gilloise that could keep him out of action until the end of the year.
The injury will also mean the stopper will also miss Spain’s final two World Cup qualifying group matches against Georgia and Türkiye on November 15th and 18th.
Le Normand suffered the injury in the first half of Tuesday’s game in the Metropolitano Stadium after colliding with a rival in the middle of the pitch and he left the pitch limping slightly.
As is usual, the club has not given an estimated return date, but the El Mundo Deportivo newspaper estimates he will be out of action between one and two months, meaning he may not play again in 2025. ■
English Caption
Robin Le Normand of Spain celebrates his goal during the UEFA EURO 2024 Group A qualification match between Spain and Georgia in Valladolid, Spain on Nov. 19, 2023. (Photo by Pablo Morano/Xinhua)