Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီကြောင့် လူ ၁၁၄ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ဒေသခံများကို ၎င်းတို့၏ နေအိမ်များပေါ်မှ ဖိလစ်ပိုင်ကြက်ခြေနီ ကယ်ဆယ်ရေးသမားများက ဘေးလွတ်ရာရွှေ့ပြောင်းပေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Philippine Red Cross /Handout via Xinhua)

မနီလာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၆ ရက် အရုဏ်တက်ချိန် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ မထွက်ခွာမီအချိန်အထိ အဓိကအားဖြင့် နိုင်ငံအလယ်ပိုင်း၌ လူပေါင်း ၁၁၄ ဦး သေဆုံးပြီး ၁၂၇ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း မြို့ပြကာကွယ်ရေးရုံး (OCD) က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ဒေသငါးခုတွင် ကယ်လ်မာဂီမုန်တိုင်းကြောင့် “လက်ရှိရုပ်အလောင်းများ ရေတွက်မှုအရ” အနည်းဆုံး လူ ၁၁၄ ဦး သေဆုံးခဲ့ကြောင်း OCD လက်ထောက်အုပ်ချုပ်ရေးမှူး Bernardo Rafaelito Alejandro က ဒေသတွင်းမီဒီယာကို ပြောကြားခဲ့သည်။

“သေဆုံးကြောင်းအတည်ပြုလက်မှတ်တွေကိုပဲ ကျွန်တော်တို့ စောင့်ဆိုင်းနေတာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရထားတဲ့ အရေအတွက်လောက်ပါပဲ” ဟု Alejandro က ဖြည့်စွက်ပြောခဲ့သည်။
ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း၊ ပျောက်ဆုံးသူများအနက် ၆၅ ဦးမှာ စီးဘူးပြည်နယ်မှဖြစ်ကာ ၆၂ ဦးမှာမူ နီဂရော့စ်ကျွန်းဒေသမှဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကယ်လ်မာဂီမုန်တိုင်းသည် ယခုနှစ်အတွက် ဖိလစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော ၂၀ လုံးမြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် တင်ကျန်နေသောရွှံ့များ ရှင်းလင်းနေသည့် ဒေသခံတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Str/Xinhua)

……………………………………..
(English Version)
Typhoon Kalmaegi leaves 114 dead in Philippines
MANILA, Nov. 6 (Xinhua) — Typhoon Kalmaegi left the Philippines before dawn Thursday with 114 deaths and at least 127 missing mainly in the central Philippines, the Office of Civil Defense (OCD) said.
OCD Deputy Administrator Bernardo Rafaelito Alejandro told local media that Kalmaegi killed at least 114, “with actual body count,” in five regions in central Philippines.
“We are only awaiting the death certificates. But this is the number that we are getting,” Alejandro added.
He said the search for the missing continued. Of the missing, 65 were from Cebu province and 62 from Negros Island region.
Kalmaegi was the 20th typhoon to slam the Philippines this year.
Photo 1: Rescuers from the Philippine Red Cross evacuate residents from their home after the flood brought by heavy rains from typhoon Kalmaegi in Cebu Province, the Philippines, Nov. 4, 2025. (Philippine Red Cross /Handout via Xinhua)
Photo 2: A resident clears the mud after the massive flood brought by typhoon Kalmaegi in Cebu Province, the Philippines, Nov. 5, 2025. (Str/Xinhua)