Connect with us

Europe

အမေရိကန်သမ္မတ အထူးသံတမန်နှင့် ပူတင် တွေ့ဆုံမည်ဟု ကရင်မလင်နန်းတော် ထုတ်ပြန်

ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်၌ ကျင်းပသည့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) စုပေါင်းလုံခြုံရေးကောင်စီအစည်းအဝေး၌ အမှာစကားပြောကြားနေသည့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာ ပူတင်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -Office of the President of the Kyrgyz Republic/Handout via Xinhua)

မော်စကို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခကို အဆုံးသတ်ရေး ဆွေးနွေးရန်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင်သည် အမေရိကန်သမ္မတ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် ရုရှားနိုင်ငံ မြို့တော်မော်စကို၌ ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံမှ အဆိုပြုထားသော အချက် ၂၈ ချက်ပါ “ငြိမ်းချမ်းရေး အစီအစဉ်” မှာ လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်က ထွက်ရှိလာခဲ့သည်။ ယင်းအစီအစဉ် ထွက်ရှိလာပြီးနောက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများစွာမှ ကိုယ်စားလှယ်များက ယင်းအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုဝင်ဘာ ၂၃ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အမေရိကန်သမ္မတ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ကလည်း ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် ဖလော်ရီဒါပြည်နယ် ဟယ်လန်ဒေးလ်ကမ်းခြေတွင် နိုဝင်ဘာ ၃၀ ရက်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Putin to meet with U.S. presidential special envoy: Kremlin
MOSCOW, Dec. 1 (Xinhua) — Russian President Vladimir Putin will meet with U.S. presidential special envoy Steve Witkoff in Moscow on Tuesday to discuss ending the conflict with Ukraine, Kremlin Spokesman Dmitry Peskov said Monday.
A U.S.-proposed 28-point “peace plan” was unveiled two weeks ago. Following its release, representatives from the United States, Ukraine and several European countries met in Geneva on Nov. 23 to discuss the plan.
U.S. Secretary of State Marco Rubio and Witkoff held talks on Sunday with a Ukrainian delegation in Hallandale Beach, Florida. ■
English Caption
Russian President Vladimir Putin speaks at a meeting of the Collective Security Treaty Organization (CSTO) Collective Security Council held in Bishkek, Kyrgyzstan, Nov. 27, 2025. (Office of the President of the Kyrgyz Republic/Handout via Xinhua)