Europe
ရုရှားနိုင်ငံ၏အသက်အကြီးဆုံးနေထိုင်သူအမျိုးသမီး အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်
မော်စကို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ၏ အသက်အကြီးဆုံးနေထိုင်သူအမျိုးသမီးဖြစ်သူ ကလက်ဗ်ဒီယာ ဂါဒီချီနာသည် အသက် ၁၁၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ရုရှားနိုင်ငံအလယ်ပိုင်း Yaroslavl ဒေသ အုပ်ချုပ်ရေးမှူး မီခေးလ်ယီဗရာယက်ဗ်၏ ပြောကြားမှုအရ သိရသည်။
ဂါဒီချီနာကို ၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်က မွေးဖွားခဲ့ပြီး ရုရှားနိုင်ငံ၏ ရာစုနှစ်နှစ်ခုကြာ ဖြတ်သန်းခဲ့ သည့် အရေးပါသောသမိုင်းကြောင်းဖြစ်ရပ်များအား မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူဖြစ်ကြောင်း၊ ရုရှား တော်လှန်ရေး၊ ကမ္ဘာစစ်ကြီးနှစ်ခု၊ ရုရှားနိုင်ငံ၏တိုးတက်မှုနှင့် ပြောင်းလဲမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့သော အတွေ့အကြုံရှိခဲ့ကြောင်း ယီဗရာယက်ဗ်က ပြောကြားခဲ့သည်။
ဂါဒီချီနာသည် အသက် ၁၁၅ နှစ်ပြည့် မွေးနေ့မတိုင်ခင် ရက်အနည်းငယ်အလို၊ နိုဝင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများ၏ သတင်းဖော်ပြမှုများအရ သိရသည်။
လူ့သက်တမ်းရှည်မှုအများဆုံးသူများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာအာဏာပိုင်အဖွဲ့ဖြစ်သည့် LongeviQuest က ပင်စင်စားတစ်ဦးဖြစ်သူ ဂါဒီချီနာကို ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်ငါးဦးအနက် တစ်ဦးအဖြစ် အောက်တိုဘာလအတွင်းက တရားဝင်သတ်မှတ်ခဲ့သလို ယင်းတို့၏ အဆိုအရ ဂါဒီချီနာသည် အသက် ၁၀၇ နှစ်အရွယ်ရှိနေချိန်၌ပင် အိမ်အလုပ်များကို နေ့စဥ်လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဂါဒီချီနာမှာ မဟာမျိုးချစ်စစ်အောင်ပွဲ (၁၉၄၁-၁၉၄၅ ခုနှစ်) နှစ် ၈၀ ပြည့် ရတုဆုတံဆိပ်ကိုလည်း ယခုနှစ်အတွင်း၌ ချီးမြှင့်ခံခဲ့ရသည်။
ဂါဒီချီနာသည် အသက် ၁၅ နှစ်အရွယ်ရှိချိန်၌ ပြည်တွင်းမှ အထည်အလိပ်စက်ရုံတွင် အလုပ်တစ်ခု ရခဲ့ပြီး အဆိုပါစက်ရုံတွင် ၎င်းအနားယူချိန်အထိ ၅၂ နှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုရှားအမျိုးသမီးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီး ငါးဦးရှိကာ ၎င်း၏ခင်ပွန်း ဖြစ်သူကမူ စက်ရုံတစ်ခုတွင်ရရှိခဲ့သောဒဏ်ရာများကြောင့် ၁၉၅၆ ခုနှစ်အတွင်းက သေဆုံးခဲ့ကြောင်း သိရသည်။
“ဂါဒီချီနာက သက်ရှိသမိုင်းကြောင်းဖြစ်ခဲ့ပြီး ရာစုနှစ်တစ်ခုကျော်ကြာ အသက်ရှင်နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။ ကြည်လင်ပြတ်သားတဲ့မှတ်ဉာဏ်ကို ထိန်းသိမ်းနိုင်ခဲ့သလို သူ့ရဲ့ ဉာဏ်ပညာ၊ ဘဝကိုရှေးရှုတဲ့ အံ့အားသင့်စရာသဘောထားလည်း ရှိခဲ့ပါတယ်”
“လူအနည်းငယ်လောက်မှာပဲ ဒီလိုဘဝခရီးရှိကြသလို လက်တစ်ဆုပ်စာ လူတွေလောက်ပဲ ဂုဏ်သိက္ခာ ရှိစွာနဲ့ ရှင်သန်နေထိုင်နိုင်စွမ်းရှိကြပါတယ်” ဟု ယီဗရာယက်ဗ်က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
Russia’s oldest female resident passes away at 114
MOSCOW, Dec. 1 (Xinhua)
Russia’s oldest female resident, Klavdiya Gadyuchkina, passed away at the age of 114, said Mikhail Yevrayev, governor of the Yaroslavl region in central Russia.
Gadyuchkina, born on Dec. 5, 1910, lived through and witnessed key events of the country’s history spanning two centuries, experiencing the Russian Revolution, two world wars, and the rise and transformation of the state firsthand, Yevrayev said.
She died on Nov. 29, a few days before her 115th birthday, according to media reports.
In October, the pensioner officially ranked among the top five oldest people on the planet by the global authority on maximum human longevity LongeviQuest, and according to it, she was able to handle daily housework even at the age of 107.
This year, Gadyuchkina was awarded the jubilee medal “80 Years of Victory in the Great Patriotic War of 1941-1945.”
At the age of 15, she got a job at the local textile mill and worked there for 52 years till she retired. The Russian woman was married and had five children; her husband died in 1956 from injuries sustained at a factory.
“She was living history, a person who lived more than a century, retaining a clear memory, wisdom, and an amazing attitude toward life,” Yevrayev said. “Few people have such a journey, and only a handful are able to live it with dignity.” ■
