Asia
စင်ကာပူနိုင်ငံတွင် အလယ်တန်းကျောင်းသားများ ကျောင်းချိန်အတွင်း စမတ်ဖုန်းအသုံးပြုခွင့် ပိတ်ပင်မည်
စင်ကာပူ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံရှိ အလယ်တန်းကျောင်းသားများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစတင်၍ ကျောင်းတက်ရက် တစ်ခုလုံးတွင် စမတ်ဖုန်းများ၊ စမတ်နာရီများအသုံးပြုခြင်းကို တားမြစ်လိုက်ပြီး လက်ရှိ ကန့်သတ်ထားသည့် စာသင်ချိန်အတွင်း အသုံးပြုခွင့်ပိတ်ပင်ထားခြင်းကို တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည့် အဆိုပါတားမြစ်မှုသည် အလယ်တန်းကျောင်းများတွင် ကျန်းမာရေးနှင့် ပိုမိုကိုက်ညီသည့် စခရင်ကြည့်ရှုမှုအလေ့အထ တိုက်တွန်း နှိုးဆော်ခြင်းများရည်ရွယ်သည့် တိုးမြှင့်လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းသိရသည်။
ထိုစည်းမျဉ်းသစ်အရ ကျောင်းသား၊ ကျောင်းသူများ၏ ယင်းစက်ပစ္စည်းများကို ကျောင်းချိန်တစ်လျှောက်လုံးတွင် သတ်မှတ်ထားရှိရာနေရာများ သို့မဟုတ် ကျောင်းကျောပိုးအိတ်များတွင်ထားရှိရမည် ဖြစ်သည်။ သို့သော်လည်း လိုအပ်သောအခြေအနေများတွင် ကျောင်းများမှ ခြွင်းချက်ဖြင့် ခွင့်ပြုနိုင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအကြား စခရင်အသုံးပြုမှုသည် အိပ်စက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများနှင့် မိသားစု၊ သူငယ်ချင်းများနှင့် လူမှုဆက်ဆံရေးကဲ့သို့ အရေးကြီးသည့်လုပ်ဆောင်မှုများကို အစားထိုးဝင်ရောက်နေပြီး ဘက်စုံကျန်းမာရေးယုတ်လျော့လာခြင်းနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
…………………..
(English Version)
Singapore to ban smartphones for secondary students during school hours from 2026
SINGAPORE, Dec. 1 (Xinhua) — Starting January 2026, Singapore will prohibit secondary school students from using smartphones and smartwatches during the entire school day, expanding the current restriction that only applies during lesson time.
The move, announced by the Ministry of Education on Sunday, is part of enhanced measures in secondary schools aimed at promoting healthier screen habits.
Under the new rules, students’ devices will be kept in designated storage areas or school bags throughout school hours. Schools may, however, grant exceptions in necessary circumstances, the ministry said.
“Screen use among students has been shown to displace important activities such as sleep, physical activity and social interactions with friends and family, and is linked to poorer holistic well-being,” it noted.
Continue Reading
