Asia
နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော်ရောက်ရှိ
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော် စံချိန်တင်ရောက်ရှိခဲ့ကြောင်း နီပေါခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ (NTB) က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
NTB မှ ထုတ်ပြန်သည့်စာရင်းများအရ နီပေါနိုင်ငံသည် ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာအထိ နိုင်ငံခြားခရီးသွားဧည့်သည် ၁,၀၆၀,၂၆၉ ဦးကို ကြိုဆိုခဲ့ရကြောင်း ၂၀၂၄ ခုနှစ်ကမူ နိုင်ငံခြားခရီးသွားဧည့်သည် ၁,၀၅၅,၅၂၀ ဦး လာရောက်ခဲ့သောကြောင့် အနည်းငယ်တိုးတက်လာခြင်းကို ထင်ဟပ်လျက်ရှိသည်။
အဆိုပါကာလအတွင်း အိန္ဒိယခရီးသွားဧည့်သည် အရေအတွက် ၂၆၂,၃၄၅ ဦး လာရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံက အဓိက စျေးကွက်ဆက်လက်တည်ရှိနေသည်။ ယင်းနောက်တွင် အမေရိကန်နိုင်ငံမှ လာရောက်သူဦးရေ ၁၀၅,၂၃၉ ဦးရှိခဲ့ကာ တရုတ်နိုင်ငံမှ လာရောက်သူ ၈၆,၈၀၀ ဦးဖြင် တတိယနေရာတွင်ရှိနေကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Foreign tourist arrivals top 1 mln in Nepal
KATHMANDU, Dec. 1 (Xinhua) — Nepal recorded over one million foreign tourist arrivals by November in 2025, the Nepal Tourism Board (NTB) said on Monday.
According to statistics released by the NTB, the Himalayan country welcomed 1,060,269 foreign tourists from January to November this year, which reflects a marginal increase from 2024 when Nepal received 1,055,520 foreign visitors.
India remained the top source market during the period, with 262,345 Indian tourists, followed by the United States with 105,239. China ranked third with 86,800 arrivals.
Photo: Tourists visit the Hanumandhoka Durbar Square, a UNESCO heritage site in Kathmandu, Nepal, Dec. 14, 2018. (Xinhua/Sunil Sharma)
