Connect with us

International Organizations

ကိုလံဘီယာတိုက်စစ်မှူး Cruzeiro အသင်းထံ ပြောင်းရွှေ့

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အလားအလာကောင်းမွန်သည့် ကိုလံဘီယာတိုက်စစ်မှူး Neiser Villarreal သည် Millonarios အသင်းနှင့် လမ်းခွဲပြီးနောက် Cruzeiro အသင်းထံ ပြောင်းရွှေ့မှု အောင်အောင်မြင်မြင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း ဘရာဇီး စီးရီးအေကလပ်အသင်းက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
စက်တင်ဘာတွင် Cruzeiro အသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ရန် သဘောတူညီခဲ့သည့် အသက် ၂၀ အရွယ် ကစားသမားသည် ၎င်း၏ကစားဖော်အသစ်များနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ကြိုဆိုပါတယ် Neiser Villarreal” ဟု Belo Horizonte အခြေစိုက်ကလပ်အသင်းက လူမှုကွန်ရက်မီဒီယာတွင် ရေးသားခဲ့သည်။ “ကိုလံဘီယာလူငယ်တိုက်စစ်မှူးသည် ယခုအခါ Cruzeiro အသင်းတွင် ၎င်း၏ခရီးကို တရားဝင်စတင်လိုက်ပြီဖြစ်သည်”
Villarreal သည် ဇန်နဝါရီတွင် ကလပ်၏လူငယ်အကယ်ဒမီမှ အဆင့်တိုးမြင့်လာခဲ့ပြီးနောက် Millonarios အသင်း အတွက် ၂၆ ပွဲကစားခဲ့သည်။
၎င်းသည် ချီလီနိုင်ငံတွင်ကျင်းပသည့် ယခုနှစ် အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကိုလံဘီယာအသင်းအတွက် ငါးပွဲကစားခဲ့ရာတွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီး ပူးတွဲဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားတစ်ယောက်ဖြစ်ခဲ့သည်။ (Xinhua)
………………….
(English Version)
Colombian forward Villarreal joins Cruzeiro
RIO DE JANEIRO, Dec. 1 (Xinhua) — Highly rated Colombian forward Neiser Villarreal has completed his move to Cruzeiro after parting ways with Millonarios, the Brazilian Serie A club said on Monday.
The announcement came after the 20-year-old trained for the first time with his new teammates, having agreed to a five-year contract with Cruzeiro in September.
“Welcome, Neiser Villarreal,” the Belo Horizonte-based side said on social media. “The young Colombian attacker now officially begins his journey at Cruzeiro.”
Villarreal made 26 appearances for Millonarios after being promoted from the club’s youth academy in January.
He was the joint-top scorer at this year’s FIFA Under-20 World Cup in Chile with five goals in five matches for Colombia.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.