Connect with us

International Organizations

ဒဏ်ရာရကစားသမားများပြားနေသည့် အက်သလက်တစ်ဘီလ်ဘာအိုအသင်းနှင့်ကစားရမည့် အ ဝေးကွင်းပွဲစဥ်တွင် ရီးရဲလ်မက်ဒရစ်အသင်းတိုးတက်လာရန် လိုအပ်နေ

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုဘာနေဗျူးကွင်း၌ ရီးရဲလ်မက်ဒရစ်အသင်းနှင့် အက်စ်ပန်ညိုအသင်းတို့ ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်မက်ဒရစ် ကစားသမားများကို ၂၀၂၅ ခုနှစ်စက်တင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ဒဏ်ရာရကစားသမားပြဿနာထိုးနှက်ချက်များနေသည့် အက်သလက်တစ်ဘီလ်ဘာအိုအသင်းနှင့် ဒီဇင်ဘာ ၃ ရက် ညတွင် ကစားရမည့်အဝေးကွင်းပွဲစဥ်၌ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် စိုးရိမ်စရာ ကောင်းသည့် အဝေးကွင်းရလဒ်များကိုအဆုံးသတ်ရန် လိုအပ်နေပြီဖြစ်သည်။
အဆိုပါပွဲမှာ ယင်းတို့နှစ်သင်း ၂၀၂၆ ခုနှစ်ဇန်နဝါရီလအတွင်း ဆော်ဒီအာရေဗျနိုင်ငံတွင် ကစားရမည့် စပိန်စူပါဖလားပြိုင်ပွဲမတိုင်မီ အကြိုကစားရသည့်ပွဲဖြစ်သလို ဘာစီလိုနာအသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို နူးကမ့်ကွင်းတွင် လက်ခံကစားပြီးနောက် ၂၄ နာရီအကြာ၌ ကစားရသည့်ပွဲလည်း ဖြစ်သည်။
နိုဝင်ဘာ ၃၀ ရက်က ဂျီရိုနာအသင်း၏ကွင်းတွင် ၁-၁ သရေကျခဲ့သည့်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်း၏ လာလီဂါအဝေးကွင်း နောက်ဆုံး ၃ ပွဲဆက်တိုက် သရေကျမှုဖြစ်ခဲ့သလို အဆိုပါရလဒ်ကြောင့် နည်းပြ ဇာဘီအလွန်ဆို၏အနာဂတ်နှင့်ပတ်သက်၍ သံသယများ မြင့်တက်လာခဲ့သည်။ သို့ရာတွင် အလွန်ဆို အနေဖြင့် အန်တိုနီယိုရူဒီဂါ၊ အီဒါမီလီတာအိုနှင့် အော်ရယ်လီယန်ချူအာမန်နီတို့ကို နောက်တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်ခွင့်ရှိနေခြင်းက ကျေနပ်စရာဖြစ်နေသည်။

အက်သလက်တစ်ဘီလ်ဘာအိုအသင်းမှာ ရာသီအစအဖွင့်သီတင်းပတ်များတွင် ခြေစွမ်းညံ့ခဲ့ပြီးနောက် ချက်နိုင်ငံ ပရက်ဂ်မြို့တွင် ဆလားဗီးယားပရပ်အသင်းနှင့် ၀-၀ သရေရလဒ်ကစားခဲ့သလို နိုဝင်ဘာ ၂၉ ရက်က လီဗန်တေးအသင်းကို အဝေးကွင်းတွင် ၂-၀ ရလဒ်ဖြင့်အနိုင်ရခဲ့ကာ တိုးတက်မှုရရှိလာခဲ့သည်။
သို့ရာတွင် ပုံစံကောင်းရနေသည့် ရောဘတ်နာဗာရိုက နိုဝင်ဘာ ၂၉ ရက်ကကစားခဲ့သည့်ပွဲတွင် ခြေချင်းဝတ်လည်ဒဏ်ရာရသွားခဲ့သလို ဘယ်အစွန်ခံစစ်ကစားသမား ယူရီဘာချီချီကလည်း ကာယပိုင်းဆိုင်ရာ ပြဿနာကြောင့် ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဥ်မှ နုတ်ထွက်သွားခဲ့ရခြင်းကြောင့် နည်းပြ အန်နက်စတို ဗဲလ်ဗာဒီအနေဖြင့် မကစားနိုင်သည့် ကစားသမားများစွာရှိနေခြင်းနှင့် ကြုံတွေ့နေရသည်။

အဆိုပါ ကစားသမားနှစ်ဦးသည် အီနာကီဝီလျံ၊ မာရွန်ဆန်နာဒီ၊ ဘီနတ်ပရာဒို့စ်၊ အူနိုင်းအီဂီလက်ဇ်တို့ကဲ့ သို့ ဒဏ်ရာရကစားသမားစာရင်းဝင်သွားခဲ့သည်။ ယီရေးအဲလ်ဗာရက်ဇ်၊ အိုဟန်ဆန်ကက်တို့က ပွဲပယ် ခံထားရကာ နီကိုးဝီလျံကလည်း ဆက်လက်ခံစားနေရဆဲဖြစ်သည့် ပေါင်ခြံတစ်ဝိုက်မှ ဒဏ်ရာကြောင့် သီတင်းတစ်ပတ်အတွင်း ပွဲထွက်စာရင်းမှ နှစ်ပွဲကစားရန် မလွယ်ကူနိုင်သည့်အခြေအနေနှင့် ကြုံတွေ့ နေရသည်။ (Xinhua)
………………………..
(English Version)
Real Madrid needs to improve away form against injury-hit Athletic Bilbao
MADRID, Dec. 2 (Xinhua)
Real Madrid needs to end a worrying run of away results in La Liga when it visits injury-hit Athletic Bilbao on Wednesday night.
The match is also brought forward due to the two sides playing in the Spanish Supercup in Saudi Arabia in January 2026, and is played 24 hours after Barcelona hosts Atletico Madrid in the Camp Nou.
Sunday’s 1-1 draw in Girona – Real Madrid’s third consecutive away league draw – has again raised doubts over the future of Xabi Alonso, but the coach will be happy to have Antonio Rudiger, Eder Militao and Aurelien Tchouameni available again.
Athletic Bilbao has improved after some poor displays in the opening weeks of the season, with a 0-0 draw in Prague followed by a 2-0 win away to Levante on Saturday.
However, coach Ernesto Valverde has a long list of absentees, with in-form Robert Navarro twisting an ankle on Saturday and left-back Yuri Berchiche withdrawing from Monday’s training session with a physical problem.
They join Inaki Williams, Maroan Sannadi, Benat Prados and Unai Egiluz on the sidelines, while Yeray Alvarez and Oihan Sancet are suspended and Nico Williams’ ongoing pubalgia means he may not be able to start two games in a week. ■
Photo:
Players of Real Madrid celebrate a goal during the La Liga football match between Real Madrid and RCD Espanyol in Santiago Bernabeu Stadium, Madrid, Spain, Sept. 20, 2025. (Photo by Gustavo Valiente/Xinhua)