Connect with us

International Organizations

မက္ကဆီကိုအသင်းက ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်အသင်းများနှင့် ချစ်ကြည်ရေးပွဲများ ကျင်းပမည်

ကာတာနိုင်ငံ Lusail ရှိ Lusail အားကစားကွင်းတွင် ပြုလုပ်သည့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆော်ဒီအာရေးဘီးယားအသင်းနှင့် ပွဲစဥ်တွင် မက္ကဆီကိုအသင်းမှ Hirving Lozano (ရှေ့တန်းဘယ်) ယှဥ်ပြိုင်နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
မက္ကဆီကိုအသင်းသည် လာမည့်နှစ် ဖီဖာကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုများတိုးမြှင့်သည့်အနေဖြင့် ပေါ်တူဂီအသင်း၊ ဘယ်လ်ဂျီယမ်အသင်းတို့နှင့် ချစ်ကြည်ရေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာ ၂ရက်က ပြောကြားခဲ့သည်။
El Tri ဟုသိကြသည့် မက္ကဆီကိုအသင်းသည် ပြုပြင်မွမ်းမံထားသော Azteca အားကစားကွင်းတွင် မတ်လ ၂၈ ရက်တွင် ‌ပေါ်တူဂီအသင်းနှင့် ချစ်ကြည်ရေးကစားမည်ဖြစ်ပြီး နောက်သုံးရက်အကြာတွင် ချီကာဂိုမြို့၌ ဘယ်လ်ဂျီယမ်အသင်းနှင့် ချစ်ကြည်ရေးပွဲ ဆက်လက်ယှဥ်ပြိုင်မည်ဖြစ်သည်။
“ဖီဖာ၏ ထိပ်တန်းအဆင့် ၁၀ တွင်ပါဝင်သည့် ‌ပေါ်တူဂီနှင့်ဘယ်လ်ဂျီယမ်အသင်းတို့ကို ၂၀၂၆ မတ် ဖီဖာ၏ နိုင်ငံကစားသမားများ ပြန်လည်ခေါ်ယူရေးသတ်မှတ်ကာလအတွက် ပြိုင်ဘက်များဖြစ်ကြောင်း မက္ကဆီကို အမျိုးသားအသင်း၏အားကစားညွှန်ကြားမှုဌာနက အတည်ပြုခဲ့ကြောင်း” အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုပြုလုပ်မည့်ပွဲသည် မက္ကဆီကိုအသင်း၏ ပွဲအများဆုံးကျင်းပသည့်အိမ်ကွင်းတွင် ကစားမည့် ပထမဆုံးပွဲဖြစ်သည်။ အဆိုပါကွင်းကို ဖီဖာ၏စံချိန်စံညွှန်းများနှင့်ကိုက်ညီရန် ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် ယမန်နှစ် ဧပြီတွင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ပြောင်းလဲမှုများတွင် အသစ်ပြင်ဆင်ထားသည့်အဝတ်လဲခန်းများ၊ အဆင့်မြှင့်တင်ထားသည့် ကြိုဆိုဧည့်ခံရေးဧရိယာများနှင့် ထိုင်ခုံအသစ်များပါဝင်သည်။
၁၉၇၀ နှင့် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲများ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ Azteca အားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲနှင့် အခြားအရေးပါသည့်ပြိုင်ပွဲကြီး လေးပွဲ လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Mexico to face Portugal, Belgium in March friendlies
MEXICO CITY, Dec. 2 (Xinhua) — Mexico will ratchet up preparations for next year’s FIFA World Cup with friendlies against Portugal and Belgium, the Mexican football federation said on Tuesday.
El Tri will meet Portugal at the newly renovated Azteca Stadium on March 28 and Belgium in Chicago three days later.
“The sporting directorate of the Mexico national team confirms Portugal and Belgium – two national teams ranked in FIFA’s top 10 – as the opponents for the March 2026 FIFA window,” read a federation statement.
It will mark Mexico’s first match at its traditional home since it closed in April last year for renovation work to meet FIFA standards. Changes include revamped dressing rooms, upgraded hospitality areas and new seating.
Azteca Stadium, which staged the 1970 and 1986 World Cup finals, will host the opener and four other matches in the 2026 edition of football’s showpiece tournament.
Photo : Hirving Lozano (front L) of Mexico in action during the Group C match against Saudi Arabia at the 2022 FIFA World Cup at Lusail Stadium in Lusail, Qatar on Nov. 30, 2022. (Xinhua/Wang Dongzhen)