Connect with us

International Organizations

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကင်မရွန်းအသင်းလူစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် နာမည်ကြီး ကစားသမားအများအပြား ချန်လှပ်ခံခဲ့ရ

ကာတာနိုင်ငံ၊ လူဆေးလ်မြို့ရှိ လူဆေးလ်ကွင်း၌ကစားခဲ့သည့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(G) ပွဲစဥ်အတွင်း ဘရာဇီးအသင်းမှ အီဒါမီလီတာအိုနှင့် ကင်မရွန်းအသင်းမှ ဗင်းဆင့်အဘူဘာကာ တို့၏ ယှဥ်ပြိုင်ကစားနေမှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ယိုအန်ဒီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မကြာမီကျင်းပတော့မည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (AFCON) အတွက် ၂၈ ဦးပါဝင်သည့် လက်ရွေးစင်အသင်း လူစာရင်းကို ကင်မရွန်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကင်မရွန်းလက်ရွေးစင်အသင်း၏ တရားဝင်လူမှုကွန်ရက် X တွင် ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့မှုအရ ကင်မရွန်းအသင်းတွင် မျက်နှာသစ်ကစားသမားများဖြစ်သော အဲရစ်ဂျုနီယာဒီနာအက်ဘင်ဘီ၊ ခရစ္စတီယန်ကိုဖာနီတို့နှင့်အတူ ဘရိုင်ယန်အမ်ဘူမို၊ ခရစ္စတိုဖာဝို့ရှ်နှင့် ကားလို့စ်ဘာလီဘာတို့လည်း ပါဝင်ခဲ့ကြသည်။ သို့ရာတွင် အတွေ့အကြုံရင့်ကျက်သည့် ကစားသမားအများအပြားမှာလည်း ကင်မရွန်း အသင်းတွင် ပါဝင်လာခဲ့ခြင်းမရှိသည်ကို သိသာထင်ရှားစွာ တွေ့ရှိခဲ့ရသည်။
ဒဏ်ရာရနေသည့် နာပိုလီကွင်းလယ်ကစားသမား အန်ဒရီးဖရန့် ဇမ်ဘို အန်ဂွီဆာ၊ ဂိုးသမား အန်ဒရီး အိုနာနာ၊ တိုက်စစ်မှူး ဗင်းဆင့်အဘူဘာကာနှင့် နောက်ခံလူ မိုက်ကယ်အန်ဂါဒူးအန်ဂါဂျူးတို့အားလုံးမှာ အဆိုပါအသင်းလူစာရင်းတွင် ပါဝင်လာခဲ့ခြင်း မရှိပေ။
အဆိုပါလူစာရင်းကို မထုတ်ပြန်မီတစ်ရက်တွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ် (FECAFOOT) က နည်းပြ ချုပ် မက်စ်ဘရစ်အား “ပရော်ဖက်ရှင်နယ်ကျရှုံးမှု”၊ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်အား ကစားသမားများက ဆန့်ကျင်လာစေရန် စည်းရုံးလှုံ့ဆော်မှုနှင့် အခြားသော အကြောင်းအရာများကြောင့် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ဘရစ်မှာ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ကင်မရွန်းနည်းပြချုပ်အဖြစ်ခန့်အပ်ခံခဲ့ရသော်လည်း ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပြီးနောက် ဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မက်စ်ဘရစ်၏ လက်ထောက်နည်းပြဖြစ်သည့် ဒေးဗစ်ပါဂူးက ကင်မရွန်းအသင်းကို ဦးဆောင်မည်ဖြစ်သည်။ (Xinhua)
………………………
(English Version)
Cameroon unveils AFCON squad with several stars omitted
YAOUNDE, Dec. 2 (Xinhua)
Cameroon has announced its 28-man squad for the upcoming Africa Cup of Nations (AFCON).
According to an announcement posted on the team’s official X account on Monday, the squad includes Bryan Mbeumo, Christopher Wooh and Carlos Baleba, along with new faces such as Eric Junior Dina Ebimbe and Christian Kofane.
However, several experienced players were noticeably left out. In addition to the reportedly injured Napoli midfielder Andre-Frank Zambo Anguissa, goalkeeper Andre Onana, striker Vincent Aboubakar and defender Michael Ngadeu-Ngadjui are also absent from the list.

Earlier in the day, Cameroon Football Federation (FECAFOOT) announced that head coach Marc Brys has been dismissed for “professional failure” and for “inciting” players to defy the FECAFOOT, among other reasons.
Brys, who was appointed in April last year, has faced growing criticism after failing to lead Cameroon into the 2026 FIFA World Cup.
His assistant David Pagou will lead the team at the AFCON, which will be held in Morocco from December 21 to January 18, 2026. ■
Photo:
Vincent Aboubakar of Cameroon vies with Eder Militao of Brazil during their Group G match at the 2022 FIFA World Cup at Lusail Stadium in Lusail, Qatar, Dec. 2, 2022. (Xinhua/Chen Cheng)