Connect with us

Europe

ယူကရိန်း၏ နေတိုးအဖွဲ့ထံ ဝင်ရောက်ခွင့်နှင့်စပ်လျဉ်း၍ ရုရှားနှင့် အမေရိကန်တို့ ဆွေးနွေးခဲ့ဟု ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ပြော

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတ ဗလာတီမာ ပူတင် (ဝဲ) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ တွေ့ဆုံဆွေးနွေးနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Kremlin Press Office/Handout via Xinhua)

မော်စကို၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း ယူကရိန်း၏ နေတိုးအဖွဲ့ထံ ဝင်ရောက်ခွင့်နှင့်စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့သည်ဟု ရုရှားသမ္မတ၏လက်ထောက်ဖြစ်သူ ယူရီ အူရှာကော့ဗ်က ဒီဇင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ကြား သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်ဟု အူရှာကော့ဗ်က ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။
လွန်ခဲ့သောသီတင်းပတ်များအတွင်း ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် ရုရှားစစ်တပ်၏ စစ်ရေးအောင်မြင်မှုများကြောင့် အနောက်နိုင်ငံများအနေဖြင့် အခြေအနေအား ပိုမိုမှန်ကန်စွာ အကဲဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အူရှာကော့ဗ်က ဆိုသည်။
ရုရှားအနေဖြင့် ယူကရိန်းအကျပ်အတည်းနှင့် စပ်လျဉ်း၍ လက်ရှိအချိန်ထိ အမေရိကန်နှင့်သာ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အူရှာကော့ဗ်က ဆက်လက်ပြောကြားသည်။
ရုရှားနိုင်ငံက ဥရောပနှင့် ဆက်သွယ်ဆွေးနွေးမှုများပြုလုပ်ရန် အပျက်သဘော‌ဆောင်သည့်သဘောထား ကိုင်စွဲထားခြင်းမရှိသော်လည်း ဥရောပက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့သည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
ပူတင်နှင့် ဝစ်ကော့ဖ်တို့၏ ဆွေးနွေးမှုမှာ ဒီဇင်ဘာ ၃ ရက် ညသန်းခေါင်ယံ၌ ပြီးဆုံးခဲ့ကာ အချိန်ငါးနာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံမှုမှာ အလွန်တရာအကျိုးရှိခဲ့ပြီး အပြုသဘောဆောင်ခဲ့သလို အရေးကြီးအကြောင်းအရာများကို အသိပေးနိုင်ခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် အမေရိကန်က ယခင်ပေးပို့ထားသော စာရွက်စာတမ်းများကို ပြန်လည်စိစစ်သုံးသပ်ကာ ယခုဆွေးနွေးပွဲ၏ အရေးကြီးအကြောင်းအရာများကို ထုတ်ပြန်ကြေညာခြင်း မပြုရန်လည်း သဘောတူညီခဲ့ကြောင်း အူရှာကော့ဗ်က ပြောကြားခဲ့သည်။ (Xinhua)
#US #Russia #Ukraine #NATO #အမေရိကန် #ရုရှား #ယူကရိန်း #နေတိုး
………………..
(English Version)
Russia, U.S. discuss Ukraine’s NATO accession: Russian presidential aide
MOSCOW, Dec. 3 (Xinhua) — Russian President Vladimir Putin and U.S. presidential special envoy Steve Witkoff discussed Ukraine’s accession to NATO during their talks, Russian presidential aide Yuri Ushakov said Wednesday.
Russia and the United States had reached a consensus, said Ushakov without elaborating.
Ushakov said that the successful progress made by the Russian army on the Ukrainian frontlines in recent weeks has enabled the West to form a more appropriate assessment of the situation.
Ushakov said that Russia has so far only engaged in negotiations with the United States over the Ukraine crisis.
He emphasized that Russia does not hold a negative stance toward engaging with Europe, but Europe has refused to cooperate.
Putin and Witkoff held a roughly five-hour meeting that ended after midnight on Wednesday. Ushakov described the meeting as “extremely useful, constructive and highly informative,” saying that the two sides reviewed documents previously conveyed by the United States and agreed not to disclose the essence of the talks.
English Caption
Russian President Vladimir Putin (L) holds talks with U.S. President Donald Trump’s special envoy Steve Witkoff at the Kremlin in Moscow, Russia, Aug. 6, 2025. (Kremlin Press Office/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.