ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
Carlos Eduardo က တစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့နိုင်မှုကြောင့် Mirassol အသင်းသည် ဗာစကိုဒဂါးမားအသင်းကို အဝေးကွင်းတွင် ဒီဇင်ဘာ ၂ ရက်က ၂-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီးနောက် သမိုင်းဝင်အဖြစ် ကိုပါလစ်ဘာတာဒိုးရက်စ်အုပ်စုအဆင့်သို့ ရောက်ရှိရန် သေချာခဲ့ပြီဖြစ်သည်။
တန်ပြန်တိုက်စစ်တွင် ညာတောင်ပံမှ ဖြတ်တင်ပေးပို့သည့် Eduardo ၏ ဘောလုံးကို Renato Marques က အဝေးထောင့်သို့ တစ်ကြိမ်တည်းဖြင့်ကန်သွင်းကာ ဦးဆောင်ဂိုး ရရှိခဲ့သည်။
အချိန်ပိုကစားချိန်တွင် Eduardo သည် Cristian Renato နှင့်ပူးတွဲကစားကာ ဂိုးသမား Leo Jardim ကို လိမ်ခေါက်၍ လူမရှိသည့်ဂိုးပေါက်အတွင်းသို့ ဘောလုံးကိုအသာအယာသွင်းယူနိုင်ခဲ့ပြီး အနိုင်ရလဒ်ကို သေချာစေခဲ့သည်။
Sao Januario အားကစားကွင်းရလဒ်ကြောင့် ရာစုနှစ်သက်တမ်းရှိ Mirassol အသင်းသည် ၎င်းတို့၏ စီးရီးအေ ပထမဆုံးစတင်ကစားသည့်နှစ်မှာပင် ဘရာဇီးထိပ်တန်းလိဂ်တွင် ထိပ်ဆုံးလေးသင်းရောက်ရှိရန် အာမခံနိုင်ခဲ့ပြီဖြစ်သည်။
“ကလပ်အသင်းဟာ ဒီနေ့ အနေအထားရောက်ရှိဖို့ အံ့မခန်းလုပ်ဆောင်မှုတစ်ခုကို လုပ်ခဲ့တာပါ” ဟု Mirassol နောက်ခံလူ Reinaldo က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“လူတိုင်း အလွန်အလုပ်ကြိုးစားခဲ့ကြတဲ့အတွက် အဲဒီအတွက်ရလဒ်ပါပဲ၊ ကျွန်တော်တို့ အသင်းသားတွေအကြား ကြီးမားတဲ့ဆက်ဆံရေးရှိပြီး ကစားပွဲတွေမှာ ကောင်းမွန်စွာယှဥ်ပြိုင်ကစားနိုင်ဖို့ ကျွန်တော်တို့ကို ယုံကြည်မှု ပေးစွမ်းနိုင်ပါတယ်”
Mirassol အသင်းသည် တောင်အမေရိကဘောလုံးထိပ်တန်းကလပ်အသင်းများပြိုင်ဆိုင်မှုအတွက် စတင်ပြင်ဆင်နိုင်ပြီ ဖြစ်သော်လည်း ဗာစကိုအသင်းမှာ တန်းဆင်းဇုန်နှင့် လေးမှတ်အကွာတွင် ရုန်းကန်လျက်ရှိသည်။
ဒီဇင်ဘာ ၂ ရက်က ကျင်းပသည့် ဘရာဇီး စီးရီးအေပြိုင်ပွဲ တစ်ခုတည်းသော အခြား ပွဲစဥ်အဖြစ် ဖလူမင်နိစ် အသင်းက ဂရီမီယိုအသင်းကို ၂-၁ ဖြင့်အနိုင်ရကာ အဆင့်ငါးနေရာသို့တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Mirassol beats Vasco to seal Libertadores debut
RIO DE JANEIRO, Dec. 2 (Xinhua) — Carlos Eduardo scored one goal and set up another as Mirassol secured a historic Copa Libertadores group stage berth with a 2-0 away win over Vasco da Gama on Tuesday.
Renato Marques put the visitors ahead with a first-time finish into the far corner after Eduardo’s cross from the right wing on the counterattack.
Eduardo put the result beyond in stoppage time when he combined with Cristian Renato and then rounded goalkeeper Leo Jardim to tap the ball into an empty net.
The result at Sao Januario stadium means Mirassol, which is this year playing in the Serie A for the first time in its century-old history, is now guaranteed a top-four finish in Brazil’s top flight.
“The club has done an amazing job to be in the position it’s in today,” Mirassol defender Reinaldo said after the match.
“Everyone has worked so hard and this is a reward for that. We have a great atmosphere within the squad, and that helps to give us the confidence needed to perform well in games.”
While Mirassol can start preparing for South American football’s premier club competition, Vasco is in a battle for survival, sitting just four points clear of the relegation zone.
In Tuesday’s only other Brazilian Serie A fixture, Fluminense rose to fifth with a 2-1 victory at Gremio.