Connect with us

International Organizations

ပြင်းထန်သော တံကောက်ကြောဒဏ်ရာနှင့်အတူ အလက်ဇန်းဒါး အာနိုးလ်၏ ဒဏ်ရာပြဿနာများ ဆက်လက်ဖြစ်ပွားနေ

မက်ဒရစ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အက်သလက်တစ်ကလပ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဒီဇင်ဘာ ၃ ရက်ညက အဝေးကွင်းပွဲစဉ်တွင် ထရန့် အလက်ဇန်းဒါး အာနိုးလ်က ပြင်းထန်သော တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းမှ အတည်ပြုခဲ့သည်ဖြစ်ရာ ဒဏ်ရာရရှိမှုဖြင့်ပင် စတင်ခဲ့သည့် ၎င်း၏ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာ ရှေ့ဆက်လျက်ရှိကြောင်း သိရသည်။
“ရီးရဲလ်မက်ဒရစ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ယနေ့ပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ကစားသမား ထရန့် အလက်ဇန်းဒါး အာနိုးလ်ကို စစ်ဆေးမှုတွေအရ သူ့ဘယ်ဘက်ပေါင်ကြွက်သားတွေမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ရီးရဲလ်မက်ဒရစ်ဝက်ဘ်ဆိုက်၌ ‌ဖော်ပြထားသည်။

“သူ့ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ကြည့်သွားမှာပါ” ဟုသာ ထုတ်ပြန်ခဲ့ပြီး ကလပ်အသင်းက ပြန်လည်ကောင်းမွန်လာမည့်ရက်စွဲကို မဖော်ပြသော်လည်း စပိန်အားကစားသတင်းစာ Diario AS ကမူ နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးလ်သည် အနည်းဆုံး နှစ်လကြာ အနားယူရမည်ဟု ဖော်ပြခဲ့သည်။
ယင်းမှာ ထရန့် အလက်ဇန်းဒါး အာနိုးလ်သည် ဆဲလ်တာဗီဂို၊ ဒီပို့တီဗို အလာဗက်စ်၊ ဆီဗီလာ၊ ရီးရဲလ်ဘက်တစ်၊ လီဗန်တေးနှင့် ဗီလာရီးရဲလ်အသင်းတို့နှင့် ကစားမည့် လာလီဂါပွဲစဉ်များအပြင် ဆော်ဒီအာရေဗျတွင် ကစားမည့် စပိန်စူပါဖလားနှင့် ရီးရဲလ်မက်ဒရစ်၏ ကျန်ရှိနေသော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များဖြစ်သည့် မန်ချက်စတာစီးတီး၊ မိုနာကို၊ ဘင်ဖီကာအသင်းတို့နှင့် ကစားမည့်ပွဲစဉ်များကိုလည်း လွဲချော်မည်ဖြစ်သည်။

အလက်ဇန်းဒါး အာနိုးလ်သည် ဇူလိုင်လတွင် ကြွက်သားပြဿနာကြောင့် ရာသီကြိုလေ့ကျင့်မှုကို နှောင့်နှေးခဲ့ရသည့် စတင်ခြင်းနှင့်အတူ ဇွန်လတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာများနှင့် ရုန်းကန်နေရသည်။
ထို့နောက် စက်တင်ဘာ ၁၆ ရက်တွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး တစ်လကြာ အနားယူခဲ့ရကာ မကြာသေးမီက နိုင်ငံတကာပွဲစဉ်များအပြီးတွင်မှ ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Alexander-Arnold problems continue with serious hamstring injury
MADRID, Dec. 4 (Xinhua) — Trent Alexander-Arnold’s injury-hit start to his Real Madrid career continues with the club confirming he suffered a serious hamstring injury during Wednesday night’s 3-0 win away to Athletic Club.
“Following tests carried out today on our player Trent Alexander-Arnold by the Real Madrid Medical Services, he has been diagnosed with a muscle injury in the rectus femoris of his left quadriceps,” informed the Real Madrid website.
Although the club fails to give a recovery date, saying only “his recovery will be monitored,” Spanish sports paper Diario AS reports the defender will be out of action for at least two months.
That means he will miss La Liga games against Celta Vigo, Deportivo Alaves, Sevilla, Real Betis, Levante and Villarreal, as well as the Spanish Supercup in Saudi Arabia and Real Madrid’s remaining Champions League group matches against Manchester City, Monaco and Benfica.
Alexander-Arnold has struggled with injuries since joining Real Madrid in June, beginning with a muscle problem in July which delayed his pre-season training.
He then suffered a hamstring injury on September 16 which sidelined him for a month, and he only began to start games on a regular basis following the recent international break. ■

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.