International Organizations
ကိုလံဘီယာတောင်ပံကစားသမား ဗီလာ ကိုခေါ်ယူရန် ဖလာမင်ဂိုနှင့် ဂရီမီယို ကြိုးပမ်း
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ဖလာမင်ဂိုနှင့် ဂရီမီယိုအသင်းတို့သည် Independiente Rivadavia အသင်း၏တောင်ပံကစားသမား ဆီဘက်ရှန် ဗီလာနှင့်စာချုပ်ချုပ်ရန် အပြိုင်ကြိုးပမ်းနေကြကြောင်း အာဂျင်တီးနားမီဒီယာသတင်းများအရ သိရသည်။
လက်ရှိ Copa Libertadores ချန်ပီယံ ဖလာမင်ဂိုအသင်းက ကိုလံဘီယာနိုင်ငံလက်ရွေးစင်ကစားသမားအတွက် အမေရိကန် ဒေါ်လာ ၈ သန်း အဆိုပြုထားပြီးဖြစ်ကြောင်း TyC Sports က ဒီဇင်ဘာ ၃ ရက်တွင် သတင်း ဖော်ပြခဲ့သည်။ ဂရီမီယိုအသင်းသည်လည်း စုံစမ်းမှုများပြုလုပ်ပြီးဖြစ်သော်လည်း တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ရသေးကြောင်းသိရသည်။
ဗီလာသည် Independiente Rivadavia အသင်းနှင့် လာမည့်နှစ် ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုထားသော်လည်း ကလပ်အသင်းဥက္ကဋ္ဌ Daniel Vila နှင့် အဆင်မပြေမှုသတင်းထွက်ပေါ်ပြီးနောက် အသင်းမှထွက်ခွာရန် စီစဥ်နေကြောင်းသိရသည်။
ဘူဂေးရီးယားအသင်း Beroe မှ ပြောင်းရွေ့လာပြီး ၂၀၂၄ ခုနှစ် ဇူလိုင်တွင် ကလပ်အသင်းနှင့်စတင်ချိန်မှစ၍ အသက် ၂၉ နှစ်အရွယ်ကစားသမားသည် ပြိုင်ပွဲအားလုံးတွင် ပွဲပေါင်း ၆၀ ကစားခဲ့ရာတွင် ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ် စွမ်းဆောင်ခဲ့သည်။
နိုဝင်ဘာတွင် ၎င်းသည် Independiente Rivadavia အသင်း၏ ၁၁၂ နှစ်သမိုင်းတွင် ပထမဆုံးအဓိက ဆုဖလားဖြစ်သည့် Copa Argentina တွင် အနိုင်ရရှိရန် အသင်းကိုထောက်ကူနိုင်ခဲ့သည်။ Argentinos Juniors အသင်းနှင့် ဗိုလ်လုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်တွင် အောင်မြင်စွာဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Flamengo, Gremio eye move for Colombian winger Villa
BUENOS AIRES, Dec. 3 (Xinhua) — Flamengo and Gremio are leading the race to sign Independiente Rivadavia winger Sebastian Villa, according to media reports in Argentina.
Newly crowned Copa Libertadores champion Flamengo has already submitted a bid of eight million U.S. dollars for the Colombia international, TyC Sports reported on Wednesday. It added that Gremio has also made inquiries but has yet to present a formal offer.
Villa is tied to Independiente Rivadavia until December next year but is set to leave after reportedly falling out with club president Daniel Vila.
Since joining the club in July 2024 from Bulgarian side Beroe, the 29-year-old has made 60 appearances across all competitions, scoring 10 goals and providing 16 assists.
In November, he helped the team win the Copa Argentina – the first major trophy in its 112-year history – by converting the decisive spot kick in a penalty shootout in the final against Argentinos Juniors.
