Connect with us

North America

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်အတွက် မှားယွင်းသည့်ငလျင်သတိပေးချက် USGS ပြန်လည်ရုပ်သိမ်း

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် Dayton အနီး ငလျင်သတိပေးချက် မှားယွင်းထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါသတိပေးချက်သည် မှားယွင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကာ ဒီဇင်ဘာ ၄ ရက်က ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဒီဇင်ဘာ ၃ ရက် ၁၆၀၆ GMT အချိန်၌ Dayton ၏ အရှေ့ဘက် ၆ ကီလိုမီတာအကွာတွင် ပြင်းအား ၅.၉ မဂ္ဂနီကျု အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း USGS က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ငလျင်ဗဟိုချက်မှာ ၈ ကီလိုမီတာအနက် ဖြစ်ပြီး မြောက်လတ္တီကျု ၃၉.၂၄ ဒီဂရီ နှင့်အနောက်လတ္တီကျု ၁၁၉.၅၂ ဒီဂရီကြား ကနဦး တိုင်းတာရရှိထားကြောင်း ထပ်မံပြောကြားခဲ့သည်။
သို့သော်လည်း နောက်ပိုင်းထုတ်ပြန်ချက်တွင် ယင်းသတိပေးချက်မှာ “မမှန်ကန်ကြောင်း” USGS က ပြောကြားခဲ့သည်။
“နီဗားဒါးပြည်နယ် Reno မြို့နှင့် Carson မြို့အနီးတွင် ၅.၉ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မှားယွင်းသည့်သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့မိကြောင်း” အေဂျင်စီက ၎င်း၏ဝက်ဘ်ဆိုက်တွင် တင်ခဲ့သည့်ပို့စ်တစ်ခု၌ ဖော်ပြခဲ့သည်။
“ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိကြောင်းနှင့် USGS ဝက်ဘ်ဆိုက်များနှင့် ဒေတာပေးပို့မှုများတွင်လည်း ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း‌” အေဂျင်စီက ပြောကြားခဲ့သည်။
USGS က မှားယွင်းသည့်သတိပေးချက်ဖြစ်ပွားမှုအကြောင်းရင်းကို စိစစ်ရှာဖွေရန် လုပ်ဆောင်နေကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
USGS retracts false quake alert issued for U.S. Nevada
LOS ANGELES, Dec. 4 (Xinhua) — The U.S. Geological Survey (USGS) on Thursday withdrew a previously issued quake alert near Dayton in the U.S. state of Nevada, saying the notification had been sent in error.
The USGS said earlier a 5.9-magnitude quake struck 6 km east of Dayton at 1606 GMT on Thursday, adding that the epicenter, with a depth of 8 km, was initially determined to be at 39.24 degrees north latitude and 119.52 degrees west longitude.
However, in a later statement, the USGS said the alert was “incorrect.”
“The ShakeAlert EEW (Earthquake Early Warning) system released an incorrect alert for a magnitude 5.9 earthquake near Reno and Carson City, Nevada,” the agency said in a post on its website.
“The event did not occur, and has been deleted from USGS websites and data feeds,” the agency said.
The USGS added that it is working to determine the cause of the false alert.
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.