Connect with us

International Organizations

ရေလွှမ်းမိုးမှု၊ မြေပြိုမှုများကို တုံ့ပြန်ဆောင်ရွက်နေသည့် တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများကို ကုလသမဂ္ဂက ဆက်လက်ပံ့ပိုးကူညီမည်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ပီဒီဂျာယာ အုပ်ချုပ်ရေးနယ်မြေရှိ ရွံ့များဖုံးလွှမ်းနေသော နေရာတစ်ခု၏မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

လူပေါင်း ၁,၅၀၀ ကျော် အသက်ဆုံးရှုံးသည်ဟု သတင်းထုတ်ပြန်ခဲ့သလို လူပေါင်း ၁၁ သန်းနီးပါး ထိခိုက် ခံစားခဲ့ရသော ဆိုးရွားပြင်းထန်သည့်ရေကြီးမှုနှင့်မြေပြိုမှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် တောင်အာရှ နှင့် အရှေ့တောင်အာရှနိုင်ငံအချို့၏အစိုးရများကို ကုလသမဂ္ဂက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့များအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် အစိုးရဦးဆောင်သော တုံ့ပြန် ဆောင်ရွက်မှုနှင့် အကဲဖြတ်မှုများကို ဆက်ပြီးပံ့ပိုးကူညီသွားမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ သည်။

ကုလသမဂ္ဂနှင့် ၎င်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နေရာတွင် အစားအစာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းအစုံနှင့် ရေတိုင်ကီများပါဝင်သော အရေးပေါ်အကူအညီများ ပေးပို့ဖြန့်ဝေခဲ့သလို ပျက်စီးဆုံးရှုံးမှုများကို ပိုမိုနက်ရှိုင်းစွာ အကဲဖြတ်ခြင်း အပါအဝင် ကနဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း ဒူဂျာရစ်က ပြောကြားခဲ့သည်။
အဆိုးရွားဆုံးထိခိုက်ခဲ့ရသော ပြည်နယ်များတွင် အကူအညီများ တိုးမြှင့်ပေးရန်၊ အမိုးအကာ၊ ရေ၊ မိလ္လာ၊ ရေဆိုးစနစ်၊ အမှိုက်စွန့်ပစ်ခြင်းကဲ့သို့သော သန့်ရှင်းရေးလုပ်ငန်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ပံ့ပိုးကူညီရန်တို့အပြင် အစိုးရဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ဖြည့်ဆည်းပေးရန်၊ စားနပ်ရိက္ခာဖူလုံးရေးဆိုင်ရာ ကြားဝင်ဆောင်ရွက်မှုများလုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂ အရေးပေါ် တုံ့ပြန်မှုရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂.၆ သန်းကို ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူး တွမ်ဖလက်ချာက ဗီယက်နမ်နိုင်ငံအတွက် ခွဲဝေချထားပေးခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း အဓိက ထောက်ပံ့ပို့ဆောင်ရေးနှင့် အကဲဖြတ်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေစေကာမူ အာချေးပြည်နယ်ရှိ ပျက်စီးဆုံးရှုံးမှုပမာဏကြီးမားသော ရေကြီးမှုများကို အစိုးရမှ ဦးဆောင်ပြီးတုံ့ပြန်ရာတွင် ကုလသမဂ္ဂအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေးစနစ်များတွင် အစိုးရတာဝန်ရှိသူများနှင့် နီးနီးကပ်ကပ် လက်တွဲလုပ်ကိုင်နေသလို ပြည်တွင်း မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း လွယ်ကူချောမွေ့အောင်လုပ်ဆောင်နေသည်ဟု ဒူဂျာရစ်က မှတ်ချက်ပြုခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ဒေသတွင်းအခြေအနေကို အနီးကပ်စောင့်ကြည့်မှုများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်သလို နိုင်ငံအာဏာပိုင်များနှင့်လည်း အနီးကပ်ဆက်သွယ်ဆောင်ရွက်မှုများ ဆက်လုပ်သွားမည် ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခုကြောင့် မရပ်မနား မိုးသည်းထန်စွာရွာသွန်းမှု ပိုမိုဆိုးရွားလာခြင်း၏ အကျိုးဆက်တစ်ခုအဖြစ် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့တွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးရေကြီးမှုများကို မျက်မြင်ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသည်။ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများမှ အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရပြီး စံချိန်တင်မိုးရွာသွန်းမှုများ၊ မုန်တိုင်းဒီရေတက်မှုများနှင့် ကျယ်ပြန့်သော ရေလွှမ်းမိုးမှုများကို ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။ (Xinhua)
……………………
(English Version)
UN supports South, Southeast Asian nations responding to flooding, landslides: spokesperson
UNITED NATIONS, Dec. 4 (Xinhua)
The United Nations continues to support the governments of some South and Southeast Asian nations in responding to the catastrophic flooding and landslides that have reportedly killed over 1,500 people and impacted nearly 11 million people, a UN spokesperson said Thursday.
In Sri Lanka, the United Nations and its partners continue to support the government-led response and assessments, Stephane Dujarric, spokesperson for the UN secretary-general, told a daily briefing.
He said that in close coordination with the authorities, the United Nations and its humanitarian partners have delivered emergency aid, including food, hygiene supplies, kitchen sets and water tanks, and early recovery efforts are underway, including deeper damage assessments.
For Vietnam, UN Emergency Relief Coordinator Tom Fletcher allocated 2.6 million U.S. dollars from the UN Central Emergency Response Fund on Wednesday to bolster assistance in the most affected provinces, to support shelter, water, sanitation and hygiene, as well as food security interventions to complement the government-led efforts, said the spokesperson.
Dujarric noted that in Indonesia, the government-led response to the devastating floods in Aceh continues despite major logistical and access challenges, and the United Nations is working closely with the government there on logistics, health, water and sanitation, and is facilitating coordination with local partners.
The United Nations will continue to closely monitor the situation in the region and remain in close contact with national authorities, he said.
Parts of South and Southeast Asia have witnessed the most devastating flooding in years as a result of relentless downpours compounded by a tropical cyclone, with Sri Lanka, Indonesia, Thailand, Vietnam and Malaysia among the hardest hit, facing record-breaking rainfall, storm surges and widespread inundation. ■
Photo:
This aerial drone photo taken on Dec. 2, 2025 shows a view of the mud-covered area in Pidie Jaya Regency, Aceh province, Indonesia. (Photo by Fachrul Reza/Xinhua)