Connect with us

Europe

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စစ်ဆန့်ကျင်ရေးဝါဒကို ပြန်လည်ကျင့်သုံးရန် ဂျပန်နိုင်ငံအား ရုရှားနိုင်ငံ တိုက်တွန်းတောင်းဆို

အပတ်စဥ်သတင်းစာရှင်းလင်းပွဲတစ်ခုသို့ တက်ရောက်လာသော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာကို ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

စိန့်ပီတာစဘာ့ခ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ထိုင်ဝမ်နှင့်ဆက်နွှယ်ပြီး မကြာသေးမီကပြုလုပ်ခဲ့သော ဂျပန်နိုင်ငံ၏ ပုံမှန်မဟုတ်သည့်မှတ်ချက်စကားများနှင့် စစ်ရေးလှုပ်ရှားမှုများမှာ ဒေသတွင်းတင်းမာမှုကို မြင့်တက်လာစေခဲ့ပြီး ဂျပန်နိုင်ငံအနေဖြင့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌန်းထားသော စစ်ဆန့်ကျင်ရေးဝါဒဆိုင်ရာစည်းမျဉ်းများကို ပြန်လည်လိုက်နာကျင့်သုံးသင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ဒီဇင်ဘာ ၄ ရက်၌ ပြောကြားလိုက်သည်။

ထိုင်ဝမ်အရေးနှင့် စပ်လျဉ်းသည့် ဂျပန်နိုင်ငံ၏ ထပ်ခါတလဲလဲ မှားယွင်းသောပြောကြားချက်များနှင့် ၎င်း၏ အရှိန်မြှင့်တင်နေသော စစ်အင်အားပြန်လည်တည်ဆောက်ရေးအစီအစဉ်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဆင်ဟွာသတင်းဌာနမှမေးမြန်းခဲ့သောမေးခွန်းတစ်ခုကို တုံ့ပြန်ဖြေကြားရာ၌ ဇာခါရိုဗာက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရမှာ ဆက်လက်ပြီး ခေါင်းမာမြဲ ခေါင်းမာနေဆဲဖြစ်သလို ထိုင်ဝမ်နှင့်ပတ်သက်သော ပုံမှန် မဟုတ်သည့်ပြောဆိုမှုအမျိုးမျိုးကိုလည်း ဆက်လက်ပြုလုပ်နေသည်ဟု ဇာခါရိုဗာက ပြောကြားခဲ့သည်။
ထိုင်ဝမ်အရေးအပေါ် ရုရှားနိုင်ငံ၏ မူဝါဒရပ်တည်ချက်မှာ အများသိထားသည့်အတိုင်း တစ်သမတ်တည်းရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ရုရှားနိုင်ငံက အသိအမှတ်ပြုသလို ထိုင်ဝမ် ခွဲထွက်ရေးကြိုးပမ်းမှု မည်သည့်ပုံစံကိုမဆို ဆန့်ကျင်လျက်ရှိသည်။ ထိုင်ဝမ်အရေးမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သလို တရုတ်နိုင်ငံတွင် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည့်တံ့ ခိုင်မြဲမှုတို့ကို ကာကွယ်စောင့်ရှောက်ရန် တရားဝင်အခွင့်အရေး အပြည့်အ၀ရှိသည်ဟု ရုရှားနိုင်ငံက ခံယူထားသည်။
စစ်အင်အားပြန်လည်တည်ဆောက်ရေးလမ်းကြောင်းအတိုင်း ဆက်သွားခြင်းကို ရပ်တန့်ရန်နှင့် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော စစ်မှန်သည့် စစ်ဆန့်ကျင်ရေးဝါဒ ရပ်တည်ချက်ကို ပြန်လည်ကျင့်သုံးရန် ဂျပန်နိုင်ငံအား ရုရှားနိုင်ငံက ထပ်တလဲလဲတောင်းဆိုခဲ့သည်ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်မူဝါဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် စစ်လိုလားမှုကို စွန့်လွှတ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဂျပန်အာဏာပိုင်များ၏ စစ်မက်လိုလားသော ကြေညာချက်များနှင့် လှုပ်ရှားမှုများမှာ ဒေသတွင်းတင်းမာမှုကို မြင့်တက်စေရုံသာမက ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း တိုက်ရိုက်ဆန့်ကျင်ကွဲလွဲနေသည်ဟု ၎င်းကထောက်ပြခဲ့သည်။
သမိုင်းဆိုင်ရာအမှန်တရားကို ကာကွယ်ထိန်းသိမ်းရမည်ဟု ဇာခါရိုဗာက ထပ်လောင်းပြောကြားခဲ့သလို သမိုင်းကို လိမ်လည်ဖျက်ဆီးရန်နှင့် စစ်ပြီးခေတ် နိုင်ငံတကာအစီအစဉ်ကို ထိခိုက်စေရန် ကြိုးပမ်းမှုများကိုလည်း ခုခံတွန်းလှန်ရန်လိုအပ်သည်ဟု အလေးထားပြောကြားခဲ့သည်။ နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒတို့ကို ခုခံတွန်းလှန်ရန်မှာလည်း လူသားမျိုးနွယ်တစ်ခုလုံးအတွက် မျှဝေပူးပေါင်းဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယခုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အတွင်း ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်မြို့၌ ကျင်းပပြုလုပ်နေသည့် “ဓနသဟာယနိုင်ငံများ၏ စုပေါင်း အမှတ်တရသတိရစရာများထဲမှ မဟာမျိုးချစ် စစ်ပွဲ” နိုင်ငံတကာညီလာခံ၌ သီးခြားအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Russia urges Japan to return to constitutional pacifism
ST. PETERSBURG, Dec. 4 (Xinhua) Japan’s recent abnormal remarks and military moves related to Taiwan have heightened regional tensions, and Tokyo should return to the pacifist principles enshrined in its constitution, Russian Foreign Ministry spokesperson Maria Zakharova said on Thursday.
At a press briefing, Zakharova made the remarks in response to a question raised by Xinhua regarding Japan’s repeated erroneous statements on Taiwan and its accelerating remilitarization agenda.
Zakharova said the Japanese government “remains obstinate” and continues to make various abnormal remarks concerning Taiwan.
She reiterated that Russia’s principled position on the Taiwan question is well known and consistent: Russia recognizes Taiwan as an inalienable part of China and opposes any attempt to seek “Taiwan independence” in any form. The Taiwan question is China’s internal affair, and China has every legitimate right to safeguard its sovereignty and territorial integrity.
She stressed that Russia has repeatedly urged Japan to stop moving down the path of remilitarization and return to the true pacifist stance established by its constitution.
Under the Japanese constitution, the country has renounced war as an instrument of national policy. However, the Japanese authorities’ bellicose statements and actions not only heighten regional tensions but also directly contradict Japan’s own constitution, she said.

Historical truth must be safeguarded, Zakharova added, stressing the need to resist attempts to distort history and undermine the postwar international order. She said that resisting Nazism and fascism is a shared responsibility of all humankind.
The press conference was held on the sidelines of the international conference “The Great Patriotic War in the Collective Memory of CIS Nations,” which took place in St. Petersburg on Dec. 4-5. ■
Photo:
Russian Foreign Ministry spokesperson Maria Zakharova attends a weekly briefing on March 23, 2023. (Russian Foreign Ministry photo)