Connect with us

International Organizations

Telles ၏ပယ်နယ်တီဂိုးကြောင့် ဘိုတာဖိုဂိုအသင်းနှင့် ခရူဇီယိုအသင်း သရေပွဲဖြစ်

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ကျင်းပသည့် Copa Libertadores ပြိုင်ပွဲ၏ ဘိုတိုဖိုဂိုအသင်းနှင့် အက်ဘလက်တီကိုမီနာရိုအသင်းတို့ ဖိုင်နယ်ပွဲစဥ်အတွင်း ဘိုတာဖိုဂိုအသင်းမှ Alex Telles ပယ်နယ်တီဂိုးသွင်းယူအပြီး အောင်ပွဲခံနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၄ ရက်က ဘရာဇီး စီးရီးအေပွဲစဥ်တွင် Alex Telles ၏နောက်ကျမှရသည့် ပယ်နယ်တီဂိုးကြောင့် ဘိုတာဖိုဂိုအသင်းက အဝေးကွင်းတွင် ခရူဇီယိုအသင်းကို ၂-၂ ရလဒ်ဖြင့် သရေပွဲဖြစ်စေခဲ့သည်။
ကွင်းလယ်လူ Christian Cardoso က ပွဲကစားချိန် ၁၅ မိနစ်တွင် Luis Sinisterra ၏ ဂိုးရှေ့သို့ဖြတ်ပေးပို့သည့် ဘောလုံးမှတစ်ဆင့် အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးခေါင်းတိုက်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းအစတွင် Kaio Jorge ၏အဝေးမှကန်သွင်းသည့်ဘောလုံးကို ဂိုးသမား Raul Steffens က ပုတ်ထုတ်လိုက်ရာတွင် Matheus Pereira က အနီးကပ်အသာအယာကန်သွင်းကာ ဦးဆောင်မှုနှစ်ဆတိုးစေခဲ့သည်။
ဘိုတာဖိုဂိုအသင်းက ပွဲကစားချိန် တစ်နာရီမပြည့်ခင် David Ricardo ပေးပို့လိုက်သည့်ဘောလုံးကို Fernando Marcal က ခြောက်ကိုက်စည်းအစပ်မှ အပိုင်ခေါင်းတိုက်သွင်းယူကာ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့သည်။
Kaiki Bruno ကြောင့် Marcal လဲကျပြီးနောက် ပယ်နယ်တီဂိုးကို မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း Telles က ၉၅ မိနစ်တွင် အောင်မြင်စွာသွင်းယူလိုက်သောကြောင့် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေပွဲ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ယခုပွဲရလဒ်ကြောင့် ဘိုတာဖိုဂိုအသင်းသည် အသင်း ၂၀ ပါဝင်သည့် စီးရီးအေပြိုင်ပွဲတွင် အဆင့် ၇ နေရာတွင် ရောက်ရှိနေပြီး ခရူဇီယို အသင်းသည် အဆင့် ၃ နေရာတွင် ရှိနေကာ တစ်ပွဲ ယှဥ်ပြိုင်ရန် ကျန်ရှိနေသေးကြောင်းသိရသည်။ (Xinhua)

……………………..
(English Version)
Telles penalty earns Botafogo late draw at Cruzeiro
RIO DE JANEIRO, Dec. 4 (Xinhua) — Alex Telles converted a late penalty as Botafogo salvaged a 2-2 away draw with Cruzeiro in Brazil’s Serie A on Thursday.
Midfielder Christian Cardoso opened the scoring for the hosts in the 15th minute by heading home after Luis Sinisterra’s cross.
Matheus Pereira doubled the lead early in the second half, tapping in from close range after Kaio Jorge’s long-range effort was parried away by goalkeeper Raul Steffens.
Botafogo pulled a goal back just before the hour through Fernando Marcal, who latched onto David Ricardo’s cross to head in from the edge of the six-yard box.
Former Manchester United defender Telles equalized from the penalty spot in the 95th minute after Marcal was brought down by Kaiki Bruno.
The result leaves Botafogo seventh in the 20-team Serie A standings while Cruzeiro remains third with one matchday remaining.
Photo: Alex Telles of Botafogo celebrate scoring a penalty kick during the final between Atletico Mineiro and Botafogo at the Copa Libertadores 2024 in Buenos Aires, Argentina, Nov. 30, 2024. (Photo by Luciano Gonzalez/Xinhua)