Connect with us

International Organizations

ကမ္ဘာ့ဖလားအသင်းများမဲခွဲအပြီး အကောင်းဆုံးစတင်နိုင်ရန် အန်ဆယ်လော့တီ ရည်မှန်း

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စကားပြောနေသည့် ဘရာဇီးလက်ရွေးစင်အသင်း နည်းပြချုပ် ကာလိုအန်ဆယ်လော့တီကို ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက အမေရိကန်၊ မက္ကဆီကိုနှင့်ကနေဒါနိုင်ငံများတွင် လာမည့်နှစ် ပြုလုပ်မည့် ဖီဖာကမ္ဘာဖလားပြိုင်ပွဲ၌ ၎င်း၏အသင်းသည် အုပ်စုပွဲစဥ်သုံးပွဲလုံး အနိုင်ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ငါးကြိမ်ချန်ပီယံရရှိဖူးသည့် ဘရာဇီးအသင်းသည် ဝါရှင်တန်တွင် ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ကမ္ဘာ့ဖလားမဲခွဲပွဲတွင် အုပ်စုစီ၌ ဟေတီ၊ စကော့တလန်နှင့် ၂၀၂၂ ခုနှစ်က အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် မော်ရိုကိုအသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
“ကျွန်တော်တို့ သုံးပွဲလုံးမှာအနိုင်ရဖို့ စဥ်းစားရမှာဖြစ်ပါတယ်” ဟု အန်ဆယ်လော့တီ က သတင်းထောက်များကို ပြောကြားခဲ့သည်။“အုပ်စုထဲမှာ မော်ရိုကိုအသင်းက အခက်ခဲဆုံးဖြစ်ပေမဲ့ ကျွန်တော်တို့ ယုံကြည်ချက်ရှိရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ရီးရဲမက်ဒရစ် နည်းပြချုပ်ဟောင်းလည်းဖြစ်သူ ၎င်းက ဘရာဇီးအသင်း၏အုပ်စုသည် စိန်ခေါ်မှုများရှိကြောင်းဖော်ပြကာ ရှုံးထွက်အဆင့် တက်ရောက်နိုင်သည့်အခွင့်အလမ်းများရရှိရန် အသင်း၏ပြင်ဆင်မှုများက အရေးပါလိမ့်မည် ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
“ အတော်ခက်ခဲပါတယ်၊ မော်ရိုကိုအသင်းက ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ သိပ်ကိုကောင်းခဲ့ပါတယ်၊ ပြီးတော့ စကော့တလန်မှာလည်း အလွန်ကျစ်လျစ်ခိုင်မာတဲ့အသင်းရှိတယ်” ဟု အသက် ၆၆ နှစ်အရွယ် အီတလီလူမျိုးဖြစ်သူ ကာလိုအန်ဆယ်လော့တီက ဆိုခဲ့သည်။
“ခက်ခဲမှာဖြစ်ပေမဲ့ ကျွန်တော်တို့ရဲ့အစီအစဥ်က ကောင်းမွန်စွာစွမ်းဆောင်နိုင်ဖို့နဲ့ အုပ်စုမှာ ပထမရဖို့ပါ၊ ပြိုင်ပွဲကို မှန်ကန်တဲ့နည်းလမ်းနဲ့ စတင်နိုင်ဖို့သေချာအောင် ကျွန်တော်တို့ စည်းစနစ်တကျ ပြင်ဆင်ရပါမယ်၊ ပထမဆုံးပွဲက အရမ်းအရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။
ဘရာဇီးလ်အသင်းသည် တောင်အမေရိကအရည်အချင်းစစ်အသင်း ၁၀ သင်းအုပ်စုတွင် အဆင့် ၅ နေရာရရှိကာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
Ancelotti targets perfect start after World Cup draw
WASHINGTON, Dec. 5 (Xinhua) — Brazil manager Carlo Ancelotti says his team will be aiming to win all three of its group stage matches at next year’s FIFA World Cup in the United States, Mexico and Canada.
Friday’s World Cup draw in Washington pitted the five-time World Cup champion in Group C against Haiti, Scotland and 2022 semifinalist Morocco.
“We have to think about winning all three games,” Ancelotti told reporters. “Morocco is the toughest of the teams in the group, but we have to have confidence.”
The former Real Madrid head coach described Brazil’s group as challenging, pointing out that his side’s preparations would be vital to its chances of progressing to the knockout phase.
“It’s quite difficult. Morocco had a very good World Cup last time and Scotland has a very solid team,” the 66-year-old Italian said.
“It’s going to be difficult but our plan is to perform well and finish first in the group. We have to prepare properly to make sure we start the tournament the right way. The first match is going to be very important.”
Brazil earned its World Cup spot by finishing fifth in the 10-team South American qualifying group.
Photo: Carlo Ancelotti, head coach of Brazil’s national football team, speaks at a press conference in Rio de Janeiro, Brazil, on May 26, 2025. (Photo by Claudia Martini/Xinhua)