Connect with us

Asia

၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ဒရုန်းဖြင့် မီးအလှဆင်သရုပ်ပြမှုအား ပရိသတ်များ ကြည့်ရှုနေပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Pool)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အား ကြီးကျယ်ခမ်းနားသော အခမ်းအနားနှင့်အတူ ဒီဇင်ဘာ ၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်ကာ အရှေ့တောင်အာရှဒေသ၏ အတူမျှဝေပိုင်ဆိုင်ထားသော ယဉ်ကျေးမှုအမွေအနှစ်အား အဓွန့်ရှည်တည်တံ့ရေးအတွက် ခေတ်မီဆန်းသစ်သော ကြိုးပမ်းမှုနှင့် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးမျိုးအဖုံဖုံကွဲပြားသော ဒေသအား ပေါင်းကူးဆက်သွယ်ပေးသော အရာဖြစ်သည့် ရေပြင်ကြီးအား တင်စားဖော်ကျူးမှုနှင့်အတူ အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ၏ စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဖွင့်ပွဲအခမ်းအနား၌ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းကြီးအား “တစ်ခုတည်းသော ပင်လယ်ပြင်ဇာတ်ခုံ” အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

ထိုနေ့ ညနေခင်း၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးအရာမှာ “အစိမ်းရောင်မီးတောက်” အား ပွဲဦးထွက်အနေဖြင့် ထွန်းညှိထားခြင်းဖြစ်ကာ ယင်းမှာ အစဉ်အလာအရ လောင်စာဖြင့်လောင်ကျွမ်းသော အောက်ခံအိုးအား ကာဗွန်ထွက်ရှိမှု လျှော့ချရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အစားထိုးဖန်တီးလုပ်ဆောင်မှုတစ်ခုလည်းဖြစ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနား၌ ဖျော်ဖြေတင်ဆက်သူ ၇၀၀ ကျော်နှင့် ဒရုန်းအစင်းရေ ၈၀၀ ကျော် ပါဝင်သည့် အဓိကတင်ဆက်မှုအစီအစဉ်ငါးခု ပါဝင်ခဲ့သည်။ ထိုအစီအစဉ်များတွင် ၁၉၅၉ ခုနှစ်က ထိုင်းနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည့် အ‌ရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ သမိုင်းကြောင်းအစကို ပြန်လည်ခြေရာကောက်ခဲ့ပြီး ကိုယ်ခံပညာသရုပ်ပြမှုများဖြင့် အရှေ့တောင်အာရှဒေသ၏ “တက်ကြွထက်သန်သော အားမာန်များ” ကို ဂုဏ်ပြုခဲ့ကာ ပါဝင်ဆင်နွှဲသည့် နိုင်ငံအသီးသီးအား ကိုယ်စားပြုသောပန်းများ ပွင့်လန်းနေပုံကိုလည်း ပြသခဲ့သည်။

နှစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော အားကစားနည်းမျိုးစုံပါဝင်သည့် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မြို့တော်ဘန်ကောက်နှင့် နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ချွန်ဘူရီတို့တွင် ပြိုင်ပွဲများပြုလုပ်မည်ဖြစ်ပြီး အားကစားနည်း ၅၀ အတွက် ရွှေတံဆိပ်ဆု ၅၇၄ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ အကဖြင့်ဖျော်ဖြေတင်ဆက်နေသူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Pool)

………………
(English Version)
SEA Games opens in Thailand
BANGKOK, Dec. 10 (Xinhua) — The 33rd Southeast Asian (SEA) Games officially commenced in Thailand on Tuesday with a spectacular ceremony, blending the region’s shared cultural heritage with a futuristic push for sustainability.
The opening ceremony saw the Rajamangala National Stadium in Bangkok transformed into a “Stage of One Sea” to celebrate the unity of the 11 participating nations through the metaphor of water, which is the element connecting the diverse region.
A highlight of the evening was the debut of the “Green Flame,” an initiative replacing the traditional fuel-burning cauldron with a digital alternative to reduce carbon emissions.
The ceremony featured five main performance acts involving over 700 performers and 800 drones. The segments traced the history of the games back to their origins in Thailand in 1959, celebrated the “fighting spirit” of the region through martial arts demonstrations, and showcased the blooming of national flowers from all participating countries.
The biennial multi-sport event will run through Dec. 20, with competitions taking place in the capital of Bangkok and the eastern coastal province of Chonburi, where 574 gold medals will be awarded across 50 sports.
English Caption 1
Spectators watch a drone light show during the opening ceremony of the 33rd Southeast Asian Games in Bangkok, Thailand, Dec. 9, 2025. (Xinhua/Pool)
English Caption 2
Dancers perform during the opening ceremony of the 33rd Southeast Asian Games in Bangkok, Thailand, Dec. 9, 2025. (Xinhua/Pool)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.