International Organizations
ဂရီမီယိုအသင်းက မီနီဇက်စ်နှင့် လမ်းခွဲ
ဆော်ပိုလို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဘရာဇီးလ်လက်ရွေးစင်အသင်း၏ မန်နေဂျာဟောင်း မာနို မီနီဇက်စ်သည် ဂရီမီယိုအသင်းကို တာဝန်ယူမှု ကိုးလမပြည့်မီ ဒီဇင်ဘာ ၉ ရက်တွင် အသင်းမှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
ဘရာဇီးလ် စီးရီးအေရာသီ၏ နောက်ဆုံးနေ့ ဒီဇင်ဘာ ၇ ရက်တွင် Sport Recife အသင်းကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့် ဂရီမီယိုအသင်း အနိုင်ရရှိခဲ့သော်လည်း ထိုကဲ့သို့ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် ဒီဆုံးဖြတ်ချက်ကို လက်ခံပြီး ဂရီမီယိုအသင်း ကျွန်တော့်ကို လိုအပ်တဲ့အခါတိုင်း အမြဲတမ်း အသင့်ရှိနေမှာပါ” ဟု အသက် ၆၃ နှစ်အရွယ် နည်းပြ မီနီဇက်စ်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ “ဘောလုံးက လုံးဝိုင်းနေတာမို့ လှိမ့်နေမှာ အသေအချာပါပဲ။ အားလုံးအတွက် ပိုကောင်းတဲ့နေ့ရက်တွေ ရောက်လာလိမ့်မယ်လို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
နောက်ဆုံး ငါးပွဲတွင် သုံးပွဲအနိုင်ရရှိခဲ့သော်လည်း ဂရီမီယိုအသင်းသည် ပွဲစဉ် ၃၈ ပွဲ၌ ၁၃ ပွဲသာ အနိုင်ရရှိထားပြီး ဘရာဇီးလ်၏ ထိပ်တန်းအသင်းအမှတ်ပေးဇယားတွင် အဆင့်ကိုး၌ ရပ်တည်ခဲ့သည်။
ဂရီမီယိုအသင်း၏ မန်နေဂျာအဖြစ် ဧပြီလတွင် စတင်ခဲ့သည့် မီနီဇက်စ်၏ ဒုတိယအကြိမ် တာဝန်ထမ်းဆောင်မှုအောက်၌ ဂရီမီယိုအသင်းသည် ၁၃ ပွဲနိုင်၊ ၁၂ ပွဲသရေကျပြီး ၁၃ ပွဲရှုံးခဲ့သည်။
၂၀၁၀ မှ ၂၀၁၂ အထိ ဘရာဇီးလ်အသင်း၏ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မီနီဇက်စ်၏ နေရာကို အစားထိုးရန် ပေါ်တူဂီမှ Luis Castro က ရှေ့ဆုံးမှ ရေပန်းစားနေသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Gremio parts ways with Menezes
SAO PAULO, Dec. 9 (Xinhua) — Former Brazil national team manager Mano Menezes was sacked by Gremio on Tuesday after less than nine months in charge.
The decision came despite a 4-0 away win over Sport Recife on the final day of Brazil’s Serie A season on Sunday.
“I accept the decision and will always be available whenever Gremio needs me,” the 63-year-old said on social media. “The ball is round and will surely keep rolling. I sincerely hope better days are coming for everyone.”
Despite winning three of its last five games, Gremio finished ninth in Brazil’s top flight standings, having won 13 of its 38 matches.
Menezes oversaw 13 wins, 12 draws and 13 losses in his second spell as manager of the Porto Alegre Club, which began in April.
Local media reported that Portugal’s Luis Castro is among the frontrunners to replace Menezes, who was Brazil’s national team manager from 2010 to 2012. ■
