International Organizations
ချန်ပီယံလိဂ်တွင် ဘာစီလိုနာ၊ လီဗာပူးလ်နှင့် အက်သလက်တီကို မက်ဒရစ်တို့ အသီးသီးနိုင်ပွဲရရှိ
ဘာစီလိုနာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဘာစီလိုနာက အိန်းထရက်ချ် ဖရန့်ဖွတ်ကို ဂျူးစ်ခွန်ဒဲ၏ ခေါင်းတိုက်ဂိုးနှစ်ဂိုးနှင့်အတူ ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပြီး အိမ်ကွင်း၌ အရေးပါသော ချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။
ယင်းအနိုင်ရလဒ်ကြောင့် ဘာစီလိုနာအနေဖြင့် ၃၆ သင်းယှဉ်ပြိုင်ရသော လိဂ်အဆင့်၌ အဆင့်-၁၃ တွင် ရပ်တည်နေကာ ထိပ်ဆုံး ၈ သင်းထဲတွင် ပါဝင်နိုင်ရန် ကြိုးပမ်းရဦးမည်ဖြစ်သော်လည်း ၂၀၂၆ နှစ်သစ်တွင် ယှဉ်ပြိုင်ရမည့် ပွဲစဉ်နှစ်ပွဲမှာ အနိုင်ရနိုင်ခြေရှိသော ပွဲစဉ်များဖြစ်သည်။
ပက်ဒရီက ဘာစီလိုနာ၏ကစားကွက်ကို ထိန်းကျောင်းပေးခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် စိုးမိုးထားသော်လည်း ပွဲချိန် ၂၁ မိနစ်တွင် အန်စ်ဂါနော့ဖ်က တန်ပြန်တိုက်စစ်မှတစ်ဆင့် ဖရန့်ဖွတ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပထမပိုင်းအပြီးတွင် လူစားဝင်လာသည့် အင်္ဂလန်တိုက်စစ်ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်၏ သေသပ်ကောင်းမွန်သော ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် ခွန်ဒဲက ပွဲချိန်မိနစ် ၅၀ တွင် ဘာစီလိုနာအတွက် ချေပဂိုးသွင်းယူခဲ့သည်။ ၃ မိနစ်အကြာတွင် လာမင်း ယမားလ်၏ အမြင့်ဘောဖြတ်တင်ပေးမှုကို ခွန်ဒဲကပင် ခေါင်းတိုက်၍ အနိုင်ဂိုးသွင်းယူသွားခဲ့သည်။
အီတလီနိုင်ငံ ဘာဂါမိုမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အတ္တလန်တာနှင့် ချဲလ်ဆီးအသင်း၏ ပွဲစဉ်၌ ရိစ်ဂျိမ်းစ်၏ ဖန်တီးပေးမှုကို ဂျာအို ပက်ဒရိုက အဆုံးသတ်ကာ ချဲလ်ဆီးအတွက် အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်အကြာတွင် ဂျန်လူကာ ဆကမ်မက်ကာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ချဲလ်ဆီးအသင်း ခံစစ်ထိန်းကစားနေစဉ် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၇ မိနစ်အလိုတွင် ချားလ်စ်ဒီ ကက်တီလယ်ရီက အတ္တလန်တာအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။
အက်သလက်တီကိုနှင့် ပီအက်စ်ဗီအသင်း၏ပွဲစဉ်တွင် အက်သလက်တီကိုက ပွဲချိန် ၁၀ မိနစ်တွင် ပီအက်စ်ဗီ ကစားသမား Guus Til ၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသော်လည်း နောက်မှလိုက်ကစားကာ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
သို့သော် ပွဲချိန် ၃၇ မိနစ်တွင် အလက်ဇန်းဒါး ဆော်လော့၏ ဖန်တီးပေးမှုကို ဟူလီယန် အယ်လ်ဗာရက်ဇ်က ပိတ်သွင်းကာ ချေပဂိုးသွင်းယူခဲ့သလို ပွဲချိန် ၅၂ မိနစ်တွင် နာဟူရယ် မိုလီနာ၏ အဝေးကန်ချက်ကို ပီအက်စ်ဗီဂိုးသမား မာတေ ကိုဗာ ပုတ်ထုတ်ကာကွယ်ရာမှ ပြန်လျှံထွက်လာစဉ် ဒေးဗစ် ဟန်ကိုက ထပ်ဆင့်ပိတ်သွင်း၍ ဒုတိယဂိုးသွင်းယူခဲ့ပြီး လေးမိနစ်အကြာတွင် ဆော်လော့က တတိယဂိုးသွင်းယူခဲ့သည်။
ပွဲချိန် ၈၅ မိနစ်တွင် ရီကာဒို ပီပီက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ပွဲပြီးခါနီးတွင် အာမန်ဒို အိုဘစ်စ်ပို အနီးကပ်အနေအထားမှ အပိုင်အခွင့်အရေးလွဲချော်ခဲ့သဖြင့် ၃-၂ ဂိုးရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ပြီး အက်သလက်တီကိုအသင်း အရေးပါသောနိုင်ပွဲကို ရရှိခဲ့သည်။
လီဗာပူးလ်နှင့် အင်တာမီလန်အသင်း၏ပွဲစဉ်၌ ပွဲချိန်ပထမပိုင်းတွင် လီဗာပူးလ်ကစားသမား အီဘရာဟီမာ ကိုနာတေး၏ ခေါင်းတိုက်ဂိုးကို VAR ဖြင့် လေးမိနစ်ကြာ ပြန်လည်ကြည့်ရှုပြီးနောက် လက်ထိဘောသတ်မှတ်ကာ ပယ်ဖျက်ခဲ့သော်လည်း ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၅ မိနစ်အလိုတွင် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်း ပင်နယ်တီရရှိခဲ့သည်။
အဆိုပါပင်နယ်တီကို ဒေါမနစ် ဆိုဘော့ဇ်လိုင်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သဖြင့် လီဗာပူးလ်က ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လွန်ခဲ့သောသီတင်းပတ်ကုန်က လိဒ်စ်အသင်းနှင့် သရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် အသင်း၌ မပျော်ရွှင်တော့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် လီဗာပူးလ်အသင်းမှ အီဂျစ်လက်ရွေးစင် မိုဟာမက် ဆာလာမှာ အသင်းနှင့်အတူ လိုက်ပါလာခဲ့ခြင်းမရှိပေ။
တော့တင်ဟမ်က ဆလားဗီးယား ပရက်ဂ်ကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကစားသမား ဂျော်ရှူအာ ကင်းမစ်ချ် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သော်လည်း အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဆာ့ဂျ် နာဘရီနှင့် လန်းနက်ထ် ကားလ်တို့က လေးမိနစ်အတွင်း တစ်ဂိုးစီသွင်းယူခဲ့သဖြင့် ဘိုင်ယန်က ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပုံချိန် ၇၇ မိနစ်တွင် ဂျိုနသန်တားက ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က အင်တာမီလန်နှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ လီဗာပူးလ်အသင်းမှ ဒေါမနစ် ဆိုဘော့ဇ်လိုင် (ဝဲ-ပထမ) ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဘိုင်ယန်မြူးနစ်နှင့် စပို့တင်းလစ္စဘွန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဘိုင်ယန်မြူးနစ်ကစားသမား ဂျိုနသန်တား (အလယ်) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)





………………..
(English Version)
Barcelona, Liverpool, Atletico Madrid claim Champions League wins
BARCELONA, Dec. 10 (Xinhua) — Two headers from Jules Kounde lifted Barcelona to a 2-1 win over Eintracht Frankfurt, securing a vital Champions League victory at home.
The win leaves Barcelona 13th in the 36-team league phase, still with work to do to ensure a top-eight finish, but with two winnable games to play in the new year.
Ansgar Knauff put Eintracht ahead in the 21st minute against the run of play when he finished off a counter-attack in a half where Barcelona had most of the ball, with Pedri looking to control the play.
Kounde headed Barcelona level in the 50th minute after a fine cross from Marcus Rashford after the England forward had come on as a halftime substitute.
Kounde scored another header three minutes later, nodding in Lamine Yamal’s high cross.
In Bergamo, Reece James set up Joao Pedro to open the scoring for Chelsea at Atalanta, but Gianluca Scamacca was allowed a free header to equalize 10 minutes into the second half, and the Chelsea defense stood off when Charles De Ketelaere fired in Atalanta’s winner with seven minutes left.
Atletico Madrid came back from a goal down to win 3-2 against PSV, who opened the scoring thanks to Guus Til’s 10th-minute goal.
Alexander Sorloth teed up Julian Alvarez for the equalizer in the 37th minute, before David Hancko pounced on a rebound after Matej Kovar pushed out Nahuel Molina’s long-range effort in the 52nd, with Sorloth then adding a third four minutes later.
Ricardo Pepi pulled a goal back at the far post in the 85th minute and Armando Obispo missed a golden chance from close range in the final minutes as Atletico claimed a vital 3-2 win.
A four-minute VAR review was needed to rule out Ibrahima Konate’s first-half header for Liverpool against Inter Milan for handball, but the officials later favored the Premier League champions, awarding a penalty with five minutes left.
Dominik Szoboszlai converted from the spot to seal a 1-0 victory for a Liverpool side that had traveled without Mohamed Salah, after the Egyptian had voiced his unhappiness at the club following the weekend’s draw with Leeds.
Tottenham cruised to a comfortable 3-0 win over Slavia Prague.
Bayern Munich rallied from Joshua Kimmich’s own goal to beat Sporting CP 3-1 at home, with Serge Gnabry and Lennart Karl scoring within four minutes to turn the game around before Jonathan Tah sealed the win 13 minutes from time.
English Caption 1
FC Barcelona players celebrate the second goal of Jules Kounde (1st L) during the UEFA Champions League football match between FC Barcelona and Eintracht Frankfurt in Barcelona, Spain, Dec. 9, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Liverpool’s Dominik Szoboszlai (1st L) scores penalty goal during the UEFA Champions League between Inter Milan and Liverpool in Milan, Italy, Dec. 9, 2025. (Photo by Alberto Lingria/Xinhua)
English Caption 3
Jonathan Tah (C) of Bayern Munich celebrates scoring with teammates during the UEFA Champions League football match between Bayern Munich and Sporting CP in Munich, Germany, Dec. 9, 2025. (Photo by Philippe Ruiz/Xinhua)
