Connect with us

International Organizations

ချန်ပီယံလိဂ်တွင် မန်စီးတီးအသင်း ဘာနေဗျူး၌ အနိုင်ရရှိ၊ ပီအက်စ်ဂျီနှင့် ဘီဘာအို သရေရလဒ်ထွက်ပေါ်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ မန်ချက်စတာစီးတီးကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းတွင် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ နည်းပြဇာဘီအလွန်ဆို၏ အနာဂတ်မှာလည်း အကြီးအကျယ် စိုးရိမ်စရာဖြစ်လာခဲ့သည်။
ယခုပွဲစဉ်၌ ကီလီယန် အမ်ဘာပေ ဒဏ်ရာကြောင့် မပါဝင်နိုင်သည့်အတွက် ပွဲထွက်ခွင့်ရခဲ့သည့် ရိုဒရီဂိုက အခွင့်အရေးကို မလွတ်တမ်းအသုံးချကာ ၃၃ ပွဲတွင် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သဖြင့် ရီးရဲလ်မက်ဒရစ်က ပွဲကိုဦးဆောင်ထားခဲ့သော်လည်း ပွဲချိန် ၃၅ မိနစ်တွင် ထောင့်ကန်ဘောအား ရီးရဲလ်ဂိုးသမား သီဘော့ထ် ကော်တိုအာ အကောင်းဆုံးကာကွယ်ခဲ့သော်လည်း နစ်ကို အိုရိုင်လီက ထပ်ဆင့်ပိတ်သွင်း၍ ချေပဂိုးသွင်းယူနိုင်ခဲ့သည်။

‌ပထမပိုင်းပြီးခါနီးတွင် အာလင် ဟာလန်းအား အန်တိုနီယို ရူဒီဂါ ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီရရှိခဲ့ရာ ယင်းပင်နယ်တီကို ဟာလန်းကပင် အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည့်အတွက် မန်စီးတီး ဦးဆောင်ဂိုးရရှိခဲ့သည်။ ရီးရဲလ်အသင်းက ဒုတိယပိုင်းတွင် ချေပဂိုးရရှိရန် အပြင်းအထန်ကြိုးစားခဲ့သော်လည်း မန်စီးတီးက အနိုင်ရလဒ်ကို အကောင်းဆုံးထိန်းကစားသွားခဲ့သည်။
ဘက်စကေးအခြေစိုက် အက်သလက်တစ် ဘီဘာအိုကလည်း ဒဏ်ရာရကစားသမား များပြားနေမှုကို ကျော်လွှားကာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီနှင့် ဂိုးမရှိသရေရလဒ်ရရှိအောင် တောင့်ခံကစားနိုင်ခဲ့သဖြင့် ထိပ်ဆုံး ၂၄ သင်းထဲတွင် ပါဝင်နိုင်ရေးအတွက် မျှော်လင့်ချက်များ ရှင်သန်နေဆဲဖြစ်သည်။

ပီအက်စ်ဂျီက အပိုင်အခွင့်အရေးများ ရရှိခဲ့သော်လည်း စပိန်လက်ရွေးစင်ဂိုးသမား အူနိုင်း ဆီမွန်က လေးကြိမ်တိုင်တိုင် လက်စွမ်းပြကာကွယ်သွားခဲ့သည်။
မစ်ကယ် အာတေတာ၏ အာဆင်နယ်အသင်းကလည်း ကလပ်ဘရုဂေးကို အဝေးကွင်းတွင် ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်၌ ၆ ပွဲဆက်တိုက်အနိုင်ရလဒ်ဖြင့် အုပ်စုထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။ ထိုပွဲစဉ်၌ နိုနီ မာဒူအေကေက ပွဲချိန် ၂၅ မိနစ်တွင် အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်း ပြန်စချိန်တွင်လည်း မာဒူအေကေကပင် ဒုတိယဂိုးသွင်းယူခဲ့ကာ အာဆင်နယ်အတွက် ပွဲသိမ်းအနိုင်ဂိုးကို ဂါဘရီရယ် မာတင်နယ်လီက လှလှပပသွင်းယူခဲ့သည်။
အခြားပွဲစဉ်များတွင် ဒေ့ါမွန်က ဘိုဒို/ဂလင့်ကို အိမ်ကွင်း၌ ၂ ဂိုးစီသရေကျခဲ့သည့်အတွက် ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်နိုင်ရေး မျှော်လင့်ချက်များကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။ လေဗာကူဆင်နှင့် နယူးကာဆယ်အသင်း၏ ပွဲစဉ်၌ ပွဲချိန် ၈၈ မိနစ်တွင် အလီဟန်ဒရို ဂရီမာလ်ဒို၏ ချေပဂိုးကြောင့် အိမ်ရှင်လေဗာကူဆင်အသင်း သက်သာရာရခဲ့ပြီး ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ဂျူဗင်တပ်စ်က ပါဖော့စ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သလို ဘင်ဖီကာကလည်း နာပိုလီကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အရေးပါသောနိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ကိုပင်ဟေဂင်က ဗီလာရီးရဲလ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် ဗီလာရီးရဲလ်၏ ချန်ပီယံလိဂ်မျှော်လင့်ချက်များ အဆုံးသတ်ခဲ့ရသလို အေဂျက်စ်က ကရာဘက်ကို နောက်မှလိုက်ကစားကာ အဝေးကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရုဂေးစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ကလပ်ဘရုဂေးနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ အာဆင်နယ်အသင်းမှ နိုနီ မာဒူအေကေ ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ဒေ့ါမွန်နှင့် ဘိုဒို/ဂလင့်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဂျူလီယန် ဘရန့်ထ် (ယာ) နှင့် ဘိုဒို/ဂလင့်အသင်းမှ Odin Bjortuft တို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Man City wins in Bernabeu, PSG held in Bilbao in Champion League
MADRID, Dec. 11 (Xinhua) — Real Madrid’s problems deepened on Wednesday after a 2-1 defeat at home to Manchester City that also leaves coach Xabi Alonso’s future very much on the line.
With Kylian Mbappe sidelined due to injury, Rodrygo took advantage of his chance to net his first goal in 33 matches and put Real Madrid ahead, but Nico O’Reilly equalized in the 35th minute after Thibaut Courtois had saved well following a corner.
Manchester City took the lead just before halftime when Erling Haaland scored from the penalty spot after he was hauled down by Antonio Rudiger. Although Real Madrid pushed hard for an equalizer in the second half, the English side held firm to secure the win.
Athletic Club kept its hopes of finishing in the top 24 alive as the Basque club overcame a long injury list to hold reigning champions Paris Saint-Germain to a 0-0 draw.
PSG had the clearest chances but was denied by four excellent saves from Spain international goalkeeper Unai Simon.
Noni Madueke put Arsenal ahead after 25 minutes away to Club Brugge as Mikel Arteta’s side claimed a 3-0 win to remain top of the qualifying group with six consecutive victories.
Madueke doubled his tally early in the second half, with an excellent goal from Gabriel Martinelli sealing the win.
Elsewhere, Borussia Dortmund’s top-eight hopes suffered a setback as it was held to a 2-2 draw at home to Bodo/Glimt. Alejandro Grimaldo’s 88th-minute goal saved Bayer Leverkusen a 2-2 draw at home to Newcastle United. Juventus won 2-0 at home over Pafos, while Benfica secured a vital 2-0 victory against Napoli. Copenhagen ended Villarreal’s interest in the Champions League with a 3-2 win, while Ajax staged an epic comeback to win 4-2 away to Qarabag.
English Caption 1
Players of Manchester City celebrate scoring during the UEFA Champions League football match between Real Madrid and Manchester City in Madrid, Spain, Dec. 10, 2025. (Xinhua/Cheng Min)
English Caption 2
Noni Madueke (2nd L) of Arsenal shoots during the UEFA Champions League football match between Club Brugge and Arsenal in Bruges, Belgium, on Dec. 10, 2025. (Xinhua/Peng Ziyang)
English Caption 3
Julian Brandt (R) of Borussia Dortmund vies with Odin Bjortuft of Bodo/Glimt during the UEFA Champions League football match between Borussia Dortmund and Bodo/Glimt in Dortmund, Germany, Dec. 10, 2025. (Photo by Joachim Bywaletz/Xinhua)