North America
အမေရိကန်ကြည်းတပ် အနောက်ကမ္ဘာခြမ်း ကွပ်ကဲရေးဌာနချုပ်အား ပင်တဂွန် အသက်သွင်း
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အိမ်ဖြူတော်က အမျိုးသားလုံခြုံရေးမဟာဗျူဟာအကြောင်း အနှစ်ချုပ်ဖော်ပြထားသော ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်ကြည်းတပ် အနောက်ကမ္ဘာခြမ်း ကွပ်ကဲရေးဌာနချုပ် (West-Hemcom) အား စတင်အသက်သွင်းလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းကွပ်ကဲမှုဌာနချုပ်သည် အမေရိကန်ကြည်းတပ် ကွပ်ကဲရေးဌာနချုပ်၊ အမေရိကန်ကြည်းတပ် မြောက်ပိုင်းကွပ်ကဲရေးဌာနနှင့် အမေရိကန်ကြည်းတပ် တောင်ပိုင်းကွပ်ကဲရေးဌာနတို့ကို တစ်ခုတည်းသော ကြယ်လေးပွင့်အဆင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဖြစ် တစ်ပေါင်းတစ်စည်းတည်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါကွပ်ကဲမှုဌာနချုပ် စတင်လည်ပတ်သည့် အခမ်းအနားအား မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ဖို့ထ်ဘရက်ဂ် စစ်အခြေစိုက်စခန်းတွင် ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်ကြည်းတပ်၏ စစ်ဆင်ရေး၊ လေ့ကျင့်ရေးနှင့် စီမံချက်များဆိုင်ရာ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကြည်းတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်ပ် အေ ရိုင်ယန်က West-Hemcom ကွပ်ကဲရေးအတွက် တာဝန်ယူထားကြောင်း သိရသည်။
“အသစ်ဖွဲ့စည်းလိုက်တဲ့ ကွပ်ကဲရေးဌာနချုပ်ဟာ အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ် နဲ့ တောင်ပိုင်းစစ်ဌာနချုပ် တွေကို အထောက်အကူပေးတဲ့အနေနဲ့ အမေရိကန်ကြည်းတပ်ရဲ့ စီမံချက်၊ ရပ်တည်ချက်၊ စစ်ဆင်ရေးနဲ့ စစ်အင်အားဖြန့်ကြက်စိုးမိုးမှု စတဲ့ ကိစ္စရပ်အသီးသီးကို ကြီးကြပ်ကွပ်ကဲမယ့် စစ်နယ်ဝန်းလည်ပတ်မှု ကွပ်ကဲရေးဌာနချုပ်ဖြစ်သလို နိုင်ငံအဆင့်မဟာဗျူဟာ ဦးစားပေးသတ်မှတ်ချက်တွေနဲ့လည်း ချိန်ညှိထားတာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကွပ်ကဲမှုဌာနချုပ်အသစ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ ကနဦးလည်ပတ်နိုင်တဲ့အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး စစ်နယ်ဝန်းကွပ်ကဲရေးဆိုင်ရာ အခွင့်အာဏာနဲ့ တာဝန်တွေကို လက်ခံရေးအတွက် ပြင်ဆင်ထားဖို့ Southcom နဲ့ Northcom တို့ကို တာဝန်ပေးသွားမှာပါ” ဟုလည်း ဖော်ပြထားသည်။ “အဲဒီကွပ်ကဲမှုဌာနချုပ်ကို ကနဦးအဆင့် လည်ပတ်နိုင်တဲ့အခါ အမေရိကန်ကြည်းတပ် မြောက်ပိုင်းစစ်ဌာနချုပ်နဲ့ အမေရိကန်ကြည်းတပ် တောင်ပိုင်းစစ်ဌာနချုပ်တို့ကို အသုံးပြုတော့မှာ မဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတ်မှတ်ချက်အားလုံးနှင့် ပြည့်မီပါက West-Hemcom သည် ၂၀၂၆ ခုနှစ် နွေရာသီတွင် အပြည့်အဝလည်ပတ်နိုင်သည့် အဆင့်ကို ရောက်ရှိလာမည်ဟု သိရသည်။
“အမေရိကန်အနေနဲ့ မိမိတို့ရဲ့လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အနောက်ကမ္ဘာခြမ်းမှာ ပြိုင်ဘက်ကင်းဖြစ်နေရမှာဖြစ်ပြီး အဲဒီလိုမှသာ အဲဒီဒေသမှာ မိမိတို့လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ ယုံကြည်ချက်ရှိရှိနဲ့ မိမိတို့ရဲ့အရေးပါမှုကို ပြသနိုင်မှာဖြစ်တယ်” ဟု အိမ်ဖြူတော်က ဒီဇင်ဘာ ၄ ရက်၌ ထုတ်ပြန်ခဲ့သည့် အမျိုးသားလုံခြုံရေး မဟာဗျူဟာ၌ ထည့်သွင်းဖော်ပြထားသည်။
ယင်းကြေညာချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယရာထူးသက်တမ်းအတွက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မျှော်မှန်းချက်အား တရားဝင်ကြေညာချက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Pentagon activates U.S. Army Western Hemisphere Command
WASHINGTON, Dec. 10 (Xinhua) — The Pentagon has activated the U.S. Army Western Hemisphere Command (West-Hemcom) after the White House issued a document outlining the National Security Strategy, according to a U.S. Defense Department news release on Wednesday.
The command united U.S. Army Forces Command, U.S. Army North and U.S. Army South into a single, four-star operational headquarters, said the release, adding that an activation ceremony was held on Dec. 5 at Fort Bragg, North Carolina.
Army Gen. Joseph A. Ryan, who previously served as the U.S. Army’s deputy chief of staff for Operations, Plans and Training, assumed command of West-Hemcom, it said.
“The newly established command is an operational warfighting theater command headquarters overseeing all Army plans, posture, operations and power projection in support of U.S. Northern and Southern Commands — and aligned with national strategic priorities,” said the release.
“By February 2026, the new command will reach its initial operational capability and will be assigned to Southcom and Northcom to prepare to accept theater Army authorities and responsibilities,” it noted. “Following initial operational capability, U.S. Army North and U.S. Army South will inactivate.”
It is expected that if all conditions are met, West-Hemcom will reach full operational capability by summer 2026, said the release.
“The United States must be preeminent in the Western Hemisphere as a condition of our security and prosperity — a condition that allows us to assert ourselves confidently where and when we need to in the region,” said the National Security Strategy issued by the White House on Thursday.
The document is widely regarded as a formal statement of U.S. President Donald Trump’s foreign policy vision for his second term.
English Caption
This file photo taken on Feb. 19, 2020 shows the Pentagon seen from an airplane over Washington, D.C., the United States. (Xinhua/Liu Jie)
