Connect with us

Asia

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ဖြေရှင်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ကွာလာလမ်ပူတွင် ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်) ပြည်နယ်ရှိ စရိုင်စနမ်ခရိုင်မှ ထွက်ပြေးတိမ်းရှောင်နေကြသည့် အရပ်သားများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တင်းမာမှုလျှော့ချရေးကို မြှင့်တင်ရန် အာဆီယံအဖွဲ့က ကြိုးပမ်းသည့်အနေဖြင့် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၌ ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးအတွက် တင်းမာမှုလျှော့ချရေးနှင့် ရန်လိုမှုများ ရပ်တန့်ရေးကို ပံ့ပိုးရန် ဖြစ်နိုင်ခြေရှိသော အဆင့်များအား စဉ်းစားရန် အဆိုပါအစည်းအဝေးက အာဆီယံအတွက် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ကြောင်း မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ထုတ်ပြန်ခဲ့သည်။
ထိုစဉ် အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကကလည်း ပထဝီနိုင်ငံရေး အနှောင့်အယှက်များသည် ဒေသတွင်းအခြေခံအုတ်မြစ်များ၏ အစီအစဉ်တကျရှိမှုကို စိန်ခေါ်နေသောကြောင့် အာဆီယံသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရေးရာများ၌ အရေးကြီးသော ဆုံမှတ်နေရာတွင် ရှိနေကြောင်း တက်ရောက်လာသူများအား သတိပေးခဲ့သည်။

“ဒါက ခေတ်သစ်သမိုင်းမှာ ငြိမ်းချမ်းမှုအရှိဆုံးနဲ့ အောင်မြင်မှုအရှိဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းရေး စီမံကိန်းတွေထဲက တစ်ခုအနေနဲ့ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုကို ခြိမ်းခြောက်နေပါတယ်။ ပြီးတော့လည်း အပြန်အလှန် ချိတ်ဆက်မှုမြင့်မားနေတဲ့ အာဆီယံနဲ့ ကမ္ဘာကြီးမှာ လုံခြုံရေးဆိုင်ရာ ရိုက်ခတ်မှုက အာဆီယံရဲ့ ကိစ္စရပ်တစ်ခုနဲ့ ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းဟာ ရန်လိုမှုတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ကြရပါမယ်” ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Special ASEAN Foreign Ministers’ Meeting to address Thailand-Cambodia conflict held in Kuala Lumpur
KUALA LUMPUR, Dec. 22 (Xinhua) – The Special ASEAN Foreign Ministers’ Meeting to address the Thai-Cambodia conflict was held on Monday in Kuala Lumpur, as the regional grouping seeks to promote de-escalation.
Malaysia’s Foreign Ministry said in a statement that the meeting serves as a platform for the grouping to consider possible steps to support de-escalation and the cessation of hostilities, in the interest of peace and regional stability.
Meanwhile, Malaysian Foreign Minister Mohamad Hasan, who chaired the meeting, reminded those present that ASEAN stands at a critical juncture in regional and global affairs, as geopolitical disruptions challenge the very foundations of the region’s order.
“This threatens ASEAN’s credibility as one of the most peaceful and successful regional organizations and integration projects in modern history. And in a highly interconnected ASEAN and world, a security shock is an ASEAN matter and a global concern. This is why everyone must make cessation of hostilities and peaceful resolution a top priority,” he said. ■
English Caption
Civilians flee Srei Snam district in Cambodia’s Siem Reap province on Dec. 15, 2025. (Agence Kampuchea Presse via Xinhua)